သတ်မှတ်ကာလအတွင်းမပြီးစီးတဲ့ ပဲခူးတိုင်းထဲက တည်ဆောက်ရေးလုပ်ငန်းတွေကို အမည်ပျက်စာရင်း ထည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပါရပ်နားမယ်

ပဲခူး ဇန်နဝါရီ ၁၃-၂၀၂၀
သိဂီ ၤ(VOM)

သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ပဲခူးတိုင်းထဲက တည်ဆောက်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး အမည်ပျက်စာရင်း ထည့်သွင်းကာ တိုင်းအတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ပါ ရပ်နားသည်အထိ အရေးယူသွားမယ်လို့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဝန်ကြီး ဦးသန်းဝင်းကပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိရင် တင်ဒါအောင်ကုမ္ပဏီရဲ့ Performance Guarantee ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမှာဖြစ်ပါတယ်။

“နောက်ကျဒဏ်ကြေးအဖြစ် (၁) ရက်ကို ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းတန်ဖိုးရဲ့ (ဝ.၀၁%) ကို ပေးဆောင်စေမယ်။ နောက်ကျရက် (၃၀) ရက်ထက် ကျော်လွန်ရင် လုပ်ငန်းအား ရပ်ဆိုင်းပြီး အမည် ပျက်စာရင်း ထည့်သွင်း ကြော်ငြာသွားမှာဖြစ်တယ်။နောက်ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် ကို ရပ်နားစေခြင်းအထိ အရေးယူ ဆောင်ရွက် သွားမယ်။”လို့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းကပြောပါတယ်။

ပဲခူးတိုင်း လမ်းဦးစီးဌာရဲ့ လုပ်ငန်းတင်ဒါစနစ်နဲ့ လုပ်ငန်းဆောင်ရွက်ဖို့ တင်ဒါခေါ်ယူရာမှာ သတ်မှတ်အရည် အသွေး ပြည့်မှီစေဖို့နဲ့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ဖို့အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အတွေ့အကြုံ ၊စက်/ယန္တရား ပြည့်စုံမှုရှိ/မရှိ၊ ကျွမ်းကျင်အင်ဂျင်နီယာလုံလောက်မှု ရှိ/မရှိကို စစ်ဆေးပြီးမှ စိစစ်ရွေးချယ်တာဝန်ပေးအပ်တယ်လို့သိရပါတယ်။

သတ်မှတ်ဒီဇိုင်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရေးအတွက် စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့ပြီး လုပ်ငန်း ဆောင်ရွက်စဉ်ကာလမှာလည်း သတ်မှတ်ဒီဇိုင်း သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရေးအတွက် Third Party QC အဖွဲ့ကိုပါကြီးကြပ်စစ်ဆေးဖို့ တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး မှာ ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်ရဲ့ မေးခွန်းဖြစ်တဲ့ ပဲခူးတိုင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်တွင် ပြီးပြတ်အောင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသော တင်ဒါအောင်ကုမ္ပဏီများအား မည်ကဲ့သို့သော ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း”အပေါ် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဝင်းက ခုလိုပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

#VOM #voicwofmyanmar #ပဲခူး #တည်ဆောက်ရေးလုပ်ငန်း #သက်မှတ်ကာလ #လုပ်ငန်းရပ်ဆိုင်း

Zawgyi

သတ္မွတ္ကာလအတြင္းမျပီးစီးတဲ့ ပဲခူးတိုင္းထဲက တည္ေဆာက္ေရးလုပ္ငန္းေတြကို အမည္ပ်က္စာရင္း ထည့္သြင္းျပီး လုပ္ငန္းေဆာင္ရြက္ခြင့္ပါရပ္နားမယ္

ပဲခူး ဇန္နဝါရီ ၁၃-၂၀၂၀
သိဂီ ၤ(VOM)

သတ္မွတ္ကာလအတြင္း အခ်ိန္မွီၿပီးစီးေအာင္ ေဆာင္ရြက္နိုင္ျခင္းမရွိတဲ႕ ပဲခူးတိုင္းထဲက တည္ေဆာက္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းၿပီး အမည္ပ်က္စာရင္း ထည့္သြင္းကာ တိုင္းအတြင္း လုပ္ငန္းေဆာင္ရြက္ခြင့္ပါ ရပ္နားသည္အထိ အေရးယူသြားမယ္လို႕ စက္မွု၊ လၽွပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာနကေန သိရပါတယ္။

ဝန္ႀကီး ဦးသန္းဝင္းကေျပာဆိုလ္ုိက္ပါတယ္။

ဒါ့အျပင္ လုပ္ငန္းၿပီးစီးေအာင္ ေဆာင္ရြက္နိုုင္ျခင္းမရွိရင္ တင္ဒါေအာင္ကုမၸဏီရဲ႕ Performance Guarantee ကိုလည္း နိုုင္ငံေတာ္ဘ႑ာေငြအျဖစ္ သိမ္းယူသြားမွာျဖစ္ပါတယ္။

“ေနာက္က်ဒဏ္ေၾကးအျဖစ္ (၁) ရက္ကို ေဆာင္ရြက္ရန္ က်န္ရွိေသာလုပ္ငန္းတန္ဖိုးရဲ႕ (၀.၀၁%) ကို ေပးေဆာင္ေစမယ္။ ေနာက္က်ရက္ (၃၀) ရက္ထက္ ေက်ာ္လြန္ရင္ လုပ္ငန္းအား ရပ္ဆိုင္းၿပီး အမည္ ပ်က္စာရင္း ထည့္သြင္း ေၾကာ္ျငာသြားမွာျဖစ္တယ္။ေနာက္ပဲခူးတိုင္းေဒသႀကီးအတြင္း လုပ္ငန္းေဆာင္ရြက္ခြင့္ ကို ရပ္နားေစျခင္းအထိ အေရးယူ ေဆာင္ရြက္ သြားမယ္။”လ္ုိ႕ စက္မွု၊ လၽွပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးသန္းဝင္းကေျပာပါတယ္။

ပဲခူးတိုင္း လမ္းဦးစီးဌာရဲ႕ လုပ္ငန္းတင္ဒါစနစ္နဲ႔ လုပ္ငန္းေဆာင္ရြက္ဖို႔ တင္ဒါေခၚယူရာမွာ သတ္မွတ္အရည္ အေသြး ျပည့္မွီေစဖို႔နဲ႔ သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ေဆာင္ရြက္ဖို႔အတြက္ လုပ္ငန္းေဆာင္ရြက္ထားရွိမွု အေတြ႕အၾကဳံ ၊စက္/ယႏၲရား ျပည့္စုံမွုရွိ/မရွိ၊ ကၽြမ္းက်င္အင္ဂ်င္နီယာလုံေလာက္မွု ရွိ/မရွိကို စစ္ေဆးၿပီးမွ စိစစ္ေရြးခ်ယ္တာဝန္ေပးအပ္တယ္လို႔သိရပါတယ္။

သတ္မွတ္ဒီဇိုင္း သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းနဲ႔အညီ သတ္မွတ္ကာလအတြင္း လုပ္ငန္းၿပီးစီးနိုင္ေရးအတြက္ စာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ဆိုခဲ့ၿပီး လုပ္ငန္း ေဆာင္ရြက္စဥ္ကာလမွာလည္း သတ္မွတ္ဒီဇိုင္း သတ္မွတ္စံခ်ိန္စံညႊန္းနဲ႔အညီ သတ္မွတ္ကာလအတြင္း လုပ္ငန္းၿပီးစီးနိုင္ေရးအတြက္ Third Party QC အဖြဲ႕ကိုပါႀကီးၾကပ္စစ္ေဆးဖို႔ တာဝန္ေပးအပ္ထားတယ္လို႔ သိရပါတယ္။

ဇန္နဝါရီလ ၁၃ ရက္ေန႔မွာ ျပဳလုပ္ခဲ႕ ဒုတိယအႀကိမ္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ (၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး မွာ ဒိုက္ဦးၿမိဳ့နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ေအာင္ရဲ႕ ေမးခြန္းျဖစ္တဲ႕ ပဲခူးတိုင္းအတြင္းရွိ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား သတ္မွတ္ဘ႑ာႏွစ္တြင္ ၿပီးျပတ္ေအာင္ လုပ္ငန္းေဆာင္ရြက္နိုင္ျခင္း မရွိေသာ တင္ဒါေအာင္ကုမၸဏီမ်ားအား မည္ကဲ့သို့ေသာ ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားျဖင့္ ေဆာင္ရြက္သည္ကို သိရွိလိုပါေႀကာင္း”အေပၚ စက္မွု၊ လၽွပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာနဝန္ႀကီး ဦးသန္းဝင္းက ခုလိုျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

#VOM #voicwofmyanmar #ပဲခူး #တည္ေဆာက္ေရးလုပ္ငန္း #သက္မွတ္ကာလ #လုပ္ငန္းရပ္ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW