တရုတ်သမ္မတရဲ့ ခရီးစဉ်အပေါ် မုံရွာအောင်ရှင်ဘယ်လိုသုံးသပ်သလဲ
Read More
ရသေ့တောင်နဲ့ မင်းပြား တိုက်ပွဲတွေမှာ တပ်မတော်နဲ့ အေအေ နှစ်ဖက်ထိခိုက်မှုရှိခဲ့
ရသေ့တောင်၊ ဇန်နဝါရီ ၁၃- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ မနေ့က ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲမရှိသော်လည်း အေအေရှိတယ်လို့ယူဆတဲ့နေရာတွေကိုပစ်ခတ်ခဲ့ကာ မင်းပြားမြို့နယ် မြစ်နားရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။ ရသေ့တောင်မြို့နယ်အတွင်း မနေ့က တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း တပ်မတော်ဖက်က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တာကို နေ့လည် (၁) နာရီ (၂၄) မိနစ်မှာ စတင်ခဲ့ကာ အကြိမ်ရေ (၁၁၀) ကျော်အထိရှိခဲ့တယ်လို့ အေအေကလည်း ထုတ်ပြန်ထားပါတယ်။ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်မှဒေသခံတစ်ဦးကလည်း” တိုက်ပွဲက မနေ့ကဖြစ်သံကြားတယ်။မနေ့က ပစ်သံတွေကြားရတယ်။ ပစ်တာကတော့ ရသေ့တောင်တပ်ရင်းက ပစ်တာ။ ပြီးတော့ ရေစိုးချောင်းဗျူဟာကပစ်တယ်။ လက်နက်ကြီးပစ်တာ။ ဒီနေ့လည်းပစ်နေတယ်။ နေ့လည် ၁ နာရီလောက်ကစပစ်တယ်။” လို့ ပြောပါတယ်။ အေအေရဲ့ ထုတ်ပြန်ချက်မှတ်တမ်းအရ ရသေ့တောင်(၅၃၆) နှင့် (၅၃၇) တပ်ရင်းမှ လက်နက်ကြီး…
Read More
စစ်ကိုင်းတိုင်းရှိ စက်မှုဇုန်လေးခုမှာ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်ပေါင်း ၅၀၀ ကျော်ရှိနေ
စစ်ကိုင်း ဇန်နဝါရီ ၁၃-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းရှိ စက်မှုဇုန် လေးခုမှာ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်ပေါင်း ၅၀၀ ကျော်ရှိနေတယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကိုင်းမြိုတော်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတကာကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းမှာ မုံရွာစက်မှုဇုန် ၊စစ်ကိုင်းစက်မှုဇုန်၊ ရွှေဘိုစက်မှုဇုန် နဲ့ ကလေးစက်မှုဇုန်ဆိုပြီး စက်မှုဇုန် လေးခုရှိပါတယ်။ မုံရွာစက်မှုဇုန်အနေနဲ့ မြေဧက (၃၁၅ ဒသမ ၃၄) ဧကရှိပြီး လုပ်ငန်း မြေကွက်ပေါင်း ၁၃၈၈ ကွက် ဖော်ဆောင်ထားရာ အဲထဲကနေ လုပ်ငန်း မလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း ၁၇၀ ကွက်ရှိပြီး၊စစ်ကိုင်းစက်မှုဇုန် မြေဧကအနေနဲ့ (၉၆၀ ဒသမ ၃၂ )ဧကရှိပြီး လုပ်ငန်း အကွက်ပေါင်း ၂၁၅ ကွက် ဖော်ဆောင်ထားရာ အဲထဲမှ လုပ်ငန်း မလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း…
Read More
ဒီကနေ့ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိ
နေပြည်တော်၊ ဇန်နဝါရီ ၁၃-၂၀၂၀ ကိုထွန်း(VOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၁/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက် ၁၀၀၀ နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယထပ်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးကို တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ “လက်ရှိအာဏာရပါတီ ကိုယ်စားလှယ်များမှလွဲပြီး ကျန်ကိုယ်စားလှယ်အားလုံးနီးပါး အယုံအကြည်မရှိလို့ ကန့်ကွက်ကြ၊ နှုတ်ထွက်ကြဖြင့် အငြင်းပွားဖွယ်ရာအများစုနဲ့ ဆောင်ရွက်နေတဲ့ ကော်မတီရဲ့ပြင်ဆင်ရေးအစည်းအဝေးကို ဒီနေ့မှာကျင်းပခဲ့တယ်။ အဲ့လိုကျင်းပရာမှာ အစည်းအဝေးကို တကယ်တက်ရောက်တာက ကော်မတီ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ NLDကိုယ်စားလှယ် ၁၈ဦးနဲ့ အခြား ၂ဦး စုစုပေါင်း ၂၂ဦးသာ တက်ရောက်တယ်လို့ သိရပေမယ့် ၊ တရားဝင်သတင်းထုတ်ပြန်ရာမှာတော့ တပ်မတော်သားတွေအပါအဝင် ကော်မတီဝင်အားလုံးတက်ရောက်ခဲ့သယောင်ယောင်၊ ပုံမှာမြင်ရတဲ့အတိုင်း ထုတ်ပြန်ခဲ့တယ်။ ကော်မတီဝင် ၅၀ရာခိုင်နူန်း မရှိတရှိလောက်သာ တက်ရောက်တော့တာကို ဒီလိုသတင်းထုတ်ပြန်တယ်ဆိုတော့…
Read More
ဖိလစ်ပိုင်မီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာပြောင်းရွှေ့
မနီလာ၊ ဇန်နဝါရီ-၁၃-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်ခုဟာ ပြာမှုန့်နဲ့ ချော်ရည်တွေတွေမှုတ်ထုတ်နေပြီး နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း ပေါက်ကွဲနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ Taal လို့အမည်ရတဲ့ အဲဒီမီးတောင်ဟာ မြို့တော်မနီလာတောင်ဘက် ၄၅ မိုင်အကွာမှာတည်ရှိနေတာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းကတည်းက ပေါက်ကွဲဖို့အတွက် လှုပ်ရှားနေတာဖြစ်ပါတယ်။ မီးတောင်ပြာတွေ အကြီးကျယ်ထုတ်လွှတ်နေတဲ့အတွက် အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံပြည်သူ ၈၀၀၀ကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးထားရပါတယ်။ အဲဒီမီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလှုပ်ရှားဆုံးမီးတောင်တစ်လုံးဖြစ်ပြီး ရေလယ်ကျွန်း တစ်ခုပေါ်မှာတည်ရှိကာ ကမ္ဘာ့အသေးငယ်ဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၅၀ အတွင်း ပေါက်ကွဲမှုပေါင်း ၃၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ မီးတောင်ပြာတွေမှုတ်ထုတ်နေမှုကြောင့် မနီလာနိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့ထားရပြီး အနီးဝန်းကျင်မှာနေထိုင်သူတွေအနေနဲ့ မီးတောင်ဆူနာမီလှိုင်းတွရိုက်ခတ်ခံရနိုင်တယ်လို့ ဖိလစ်ပိုင်မီးတောင်နဲ့မြေငလျင်တိုင်းထွာရေးဌာနက သတိပေးထားပါတယ်။ Ref : BBC Photo: Phivolcs #VOM…
Read More
သတ်မှတ်ကာလအတွင်းမပြီးစီးတဲ့ ပဲခူးတိုင်းထဲက တည်ဆောက်ရေးလုပ်ငန်းတွေကို အမည်ပျက်စာရင်း ထည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပါရပ်နားမယ်
ပဲခူး ဇန်နဝါရီ ၁၃-၂၀၂၀ သိဂီ ၤ(VOM) သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ပဲခူးတိုင်းထဲက တည်ဆောက်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပြီး အမည်ပျက်စာရင်း ထည့်သွင်းကာ တိုင်းအတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ပါ ရပ်နားသည်အထိ အရေးယူသွားမယ်လို့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဝန်ကြီး ဦးသန်းဝင်းကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိရင် တင်ဒါအောင်ကုမ္ပဏီရဲ့ Performance Guarantee ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမှာဖြစ်ပါတယ်။ “နောက်ကျဒဏ်ကြေးအဖြစ် (၁) ရက်ကို ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းတန်ဖိုးရဲ့ (ဝ.၀၁%) ကို ပေးဆောင်စေမယ်။ နောက်ကျရက် (၃၀) ရက်ထက် ကျော်လွန်ရင် လုပ်ငန်းအား ရပ်ဆိုင်းပြီး အမည် ပျက်စာရင်း ထည့်သွင်း ကြော်ငြာသွားမှာဖြစ်တယ်။နောက်ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် ကို ရပ်နားစေခြင်းအထိ အရေးယူ ဆောင်ရွက် သွားမယ်။”လို့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းကပြောပါတယ်။…
Read More
ဂျပန်ဘီလျံနာအမျိုးသား လကမ္ဘာခရီးစဉ်အတူသွားဖို့ အမျိုးသမီးအဖော်မွန်ရှာဖွေနေ
တိုကျို၊ ဇန်နဝါရီ-၁၃-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ဘီလျံနာသူဌေး ယူဆာကုမာအီဇာဝါဟာ SpaceX ရဲ့ လကမ္ဘာကိုသွားမယ့်ခရီးစဉ်အတွက် သူနဲ့အတူလိုက်ပါမယ့် အာကာသခရီးသွား အမျိုးသမီးအဖော်မွန်တစ်ဦးကို ရှာဖွေနေပါတယ်။ အသက်၄၄နှစ်အရွယ် ဂျပန်နိုင်ငံသား ဖက်ရှင်လုပ်ငန်းသူဌေး ယူဆာကုဟာ Starship ဒုံးပျံနဲ့ လကမ္ဘာကိုသွားဖို့စာရင်းပေးထားပြီး ပထဆုံးအရပ်သားခရီးသည်ဖြစ်လာမှာပါ။ အဲဒီခရီးစဉ်ကို ၂၀၂၃မှာ သွားရောက်ဖို့ စီစဉ်ထားပြီး ၁၉၇၂ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ ပထမဆုံးလကမ္ဘာခရီးစဉ်လည်း ဖြစ်ပါတယ်။ မစ္စတာမာအီဇာဝါဟာ လကမ္ဘာခရီးစဉ်အတွက် အထူးသီးသန့်အဖော်မွန်အမျိုးသမီးတစ်ဦးနဲ့ အတူ အတွေ့အကြုံတွေကို မျှဝေလိုတယ်လို့ ပြောပါတယ်။ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်မစ္စတာမာအီဇာဝါဟာ အသက်၂၇နှစ်အရွယ်ချစ်သူမင်းသမီး အေယာမီဂိုရီကနဲ့ မကြာသေးမီကမှ လမ်းခွဲခဲ့သူဖြစ်ပြီး အာကာသခရီးစဉ်လိုက်ပါလိုတဲ့ အမျိုးသမီးတွေအနေနဲ့ သူရဲ့ဝက်ဘ်ဆိုက်မှာ လျှောက်ထားကြဖို့ တိုက်တွန်းထားပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar #တိုကျို #ဘီလျံနာအမျိုးသား #လကမ္ဘာခရီးစဉ် #အမျိုးသမီးအဖော်မွန်ရှာ Zawgyi ဂ်ပန္ဘီလ်ံနာအမ်ိဳးသား…
Read More
YTRA ရဲ့ ဖိနှိပ်မှုကို ရန်ကုန်လိုင်စင်ကားသမားတွေ ခံနေရတယ်လို့ ပြောဆိုတာတွေရှိနေ
ရန်ကုန် ဇန်နဝါရီ ၁၃-၂၀၂၀ သိဂီ ၤ(VOM) ရန်ကုန်လိုင်စင်ကားသမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ရဲ့ ဖိနှိပ်မှု၊ တရားမျှတမှုမရှိတဲ့လုပ်ရပ်တွေကို ခံနေရတယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောဆိုတာတွေ ရှိနေပါတယ်။ နယ်လိုင်စင်ကားတွေကို City Taxi မှတ်ပုံတင်ခိုင်းခြင်းမရှိဘဲ အငှားယာဉ်လုပ်ကိုင်ခွင့်ပေးပြီး ရန်ကုန်လိုင်စင်ကားတွေကိုတော့ City Taxi မှတ်ပုံတင်ပြီးတက်စီပြေးဆွဲစေကာ မှတ်ပုံမတင်သူတွေကို ဥပဒေနဲ့အရေးယူနေတဲ့လုပ်ရပ်အပေါ် ရန်ကုန်လိုင်စင်ကားသမားတွေနဲ့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အဌားယာဉ်မောင်းများသမဂ္ဂ(UTD)က လက်မခံတာကို ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ” YRTAက ရန်ကုန်လိုင်စင်ကိုမှ City Taxi ဘာလို့လုပ်ခိုင်းရတာလဲ မေးခွန်းထုတ်ချင်တယ်။ နယ်လိုင်စင်ကျ လုပ်ခိုင်းတာမရှိဘူး။ ရန်ကုန်ကျ မလုပ်ရင်ဒဏ်ကြေးဆောင်ရ၊ အလုပ်ပျက်ရ၊ လမ်းမှာစစ်ဆေးလို့မတွေ့ရင် အရေးယူခံရတယ်ဆိုတော့ ဒီCity Taxiက ဘာအခွင့်အရေးရလို့လုပ်ရမှာလဲ။ ဘာမှလဲမရဘူး နယ်လိုင်စင်နဲ့မောင်းလည်းရနေတာပဲ။ တရားမျှတမှုဆိုတာ လူတိုင်းအတွက် ညီတူညီမျှဖြစ်သင့်တယ်။ နယ်လိုင်စင်က အခွင့်ရေးတမျိုး၊ ရန်ကုန်ကတမျိုး ဒါဟာမမျှတဘူး”လို့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အဌားယာဉ်မောင်းများသမဂ္ဂ(UTD)ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးချိုဝင်းကပြောပါတယ်။ City…
Read More
ပလက်ဝက ကျီးလေရွာသူတစ်ဦးနဲ့ပတ်သတ်ပြီး KACC ရဲ့စွပ်စွဲရေးသားချက်ကို ငြင်းဆိုကြောင်း အေအေထုတ်ပြန်
ပလက်ဝ၊ ဇန်နဝါရီ ၁၃-၂၀၂၀ ခိုင်လင်းစံ(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေကျေးရွာက ရွာသူတစ်ဦးကို အေအေတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု ဆောင်ရွက်ချက်တွေဆိုတဲ့ ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အေအေအဖွဲ့အပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေတဲ့ရည်ရွယ်ချက်နဲ့ စွပ်စွဲချက်တွေဟာ လုံးဝဟုတ်မှန်ခြင်းမရှိဘူးလို့ မနေ့က ဇန်နဝါရီလ ၁၂ ရက် ရက်စွဲနဲ့ အေအေက ငြင်းဆိုချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကျီးလေရွာသူဟာ ထွက်ပြေးလွှတ်မြောက်သွားတဲ့ တပ်မတော်သတင်းပေးလို့သံသယရှိသူရဲ့သမီးဖြစ်ပြီး သူမကိုစစ်ဆေးချိန် အနည်းငယ်ရိုက်နှက်ခဲ့သည်မှာ ဟုတ်မှန်ပေမယ့် လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူ းလွန်ဖို့လုပ်ဆောင်ခဲ့တာတွေ လုံးဝမရှိကြောင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ KACC ဟာ တပ်မတော်ကျောထောက်နောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အေအေအဖွဲ့အပေါ် အခုလိုစွပ်စွဲချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်တုန့်ပြန်နိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။ အေအေအဖွဲ့ “ရက္ခိုင့်တပ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့” က သေချာစွာစစ်ဆေးနေပြီး စစ်ဆေးပြီးပါက အဲ့ဒီဖြစ်ရပ်တွေကို အမှန်တကယ်ကျူးလွန်သူတွေရှိခဲ့ပါက…
Read More
ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့
ကျောက်တော်၊ ဇန်နဝါရီ ၁၃-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ရုပ်သားကျေးရွာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးတို့ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ ပေါက်ကွဲဖြစ်စဉ်ဟာ နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံတစ်ခုကိုမီးရှို့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး အခုလို ဒဏ်ရာအသီသီးရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ဒေါ်အောင်မဦး (အသက် ၆၅ နှစ်)မှာ ဒူးဒဏ်ရာရရှိသွားပြီး၊ မောင်ကျော်သူစိုး (အသက် ၁၀ နှစ်)မှာ ခြေထာက်ဒဏ်ရာနဲ့ မောင်အောင်မြတ်သူ (အသက် ၉ နှစ်)မှာ နားရွက်၊ ပေါင်နဲ့ခန္ဓာကိုယ်တွေမှာ အသီးသီဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက” ကျနော်တို့ဖက်ကို သူတို့ထူးခြားဖြစ်စဉ်မနေ့ကတင်တယ်။ စာထဲမှာရေးထားတာက မနက် ၆ နာရီကျော်လောက်မှာ ရုပ်သားရွာက ဒေါ်အောင်မဦးဆိုတဲ့ အမျိုးသမီးက အမှိုတ်ပုံကို မီးရှို့တာမှာ ပေါက်ကွဲပြီးတော့ အသေးစားဒဏ်ရာတွေရကြတယ်လို့ဆိုတယ်။ အခုလောလာစဉ်ကတော့…
Read More
VOM News
FREE
VIEW