ဖိလစ်ပိုင်မီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာပြောင်းရွှေ့

မနီလာ၊ ဇန်နဝါရီ-၁၃-၂၀၂၀
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်ခုဟာ ပြာမှုန့်နဲ့ ချော်ရည်တွေတွေမှုတ်ထုတ်နေပြီး နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း ပေါက်ကွဲနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Taal လို့အမည်ရတဲ့ အဲဒီမီးတောင်ဟာ မြို့တော်မနီလာတောင်ဘက် ၄၅ မိုင်အကွာမှာတည်ရှိနေတာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းကတည်းက ပေါက်ကွဲဖို့အတွက် လှုပ်ရှားနေတာဖြစ်ပါတယ်။

မီးတောင်ပြာတွေ အကြီးကျယ်ထုတ်လွှတ်နေတဲ့အတွက် အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံပြည်သူ ၈၀၀၀ကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးထားရပါတယ်။

အဲဒီမီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလှုပ်ရှားဆုံးမီးတောင်တစ်လုံးဖြစ်ပြီး ရေလယ်ကျွန်း တစ်ခုပေါ်မှာတည်ရှိကာ ကမ္ဘာ့အသေးငယ်ဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၄၅၀ အတွင်း ပေါက်ကွဲမှုပေါင်း ၃၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ မီးတောင်ပြာတွေမှုတ်ထုတ်နေမှုကြောင့် မနီလာနိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့ထားရပြီး အနီးဝန်းကျင်မှာနေထိုင်သူတွေအနေနဲ့ မီးတောင်ဆူနာမီလှိုင်းတွရိုက်ခတ်ခံရနိုင်တယ်လို့ ဖိလစ်ပိုင်မီးတောင်နဲ့မြေငလျင်တိုင်းထွာရေးဌာနက သတိပေးထားပါတယ်။

Ref : BBC Photo: Phivolcs
#VOM #voiceofmyanmar #ဖိလစ်ပိုင် #မီးတောင်ပေါက်ကွဲ #ဘေးလွတ်ရာရွှေ့

Zawgyi

ဖိလစ္ပိုင္မီးေတာင္ေပါက္ကြဲမႈ ေဒသခံေထာင္ေပါင္းမ်ားစြာ ေဘးလြတ္ရာေျပာင္းေရႊ႕

မနီလာ၊ ဇန္နဝါရီ-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဖိလစ္ပုိင္ႏုိင္ငံရွိ မီးေတာင္တစ္ခုဟာ ျပာမႈန္႔နဲ႔ ေခ်ာ္ရည္ေတြေတြမႈတ္ထုတ္ေနျပီး နာရီပိုင္းအတြင္း ဒါမွမဟုတ္ ရက္ပိုင္းအတြင္း ေပါက္ကြဲနုိင္တယ္လို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။

Taal လို႔အမည္ရတဲ႔ အဲဒီမီးေတာင္ဟာ ျမိဳ႕ေတာ္မနီလာေတာင္ဘက္ ၄၅ မို္င္အကြာမွာတည္ရိွေနတာျဖစ္ျပီး ဇန္န၀ါရီ ၁၃ ရက္ မနက္အေစာပိုင္းကတည္းက ေပါက္ကြဲဖို႔အတြက္ လႈပ္ရွားေနတာျဖစ္ပါတယ္။

မီးေတာင္ျပာေတြ အၾကီးက်ယ္ထုတ္လႊတ္ေနတဲ့အတြက္ အနီးဝန္းက်င္မွာေနထုိင္တဲ႔ ေဒသခံျပည္သူ ၈၀၀၀ေက်ာ္ကို ေဘးလြတ္ရာသုိ႔ေျပာင္းေရႊ႔ေပးထားရပါတယ္။

အဲဒီမီးေတာင္ဟာ ဖိလစ္ပိုင္နုိင္ငံရဲ႕ အလႈပ္ရွားဆံုးမီးေတာင္တစ္လုံးျဖစ္ျပီး ေရလယ္ကြ်န္း တစ္ခုေပၚမွာတည္ရိွကာ ကမၻာ႔အေသးငယ္ဆံုးမီးေတာင္ေတြထဲက တစ္ခုျဖစ္ပါတယ္။

လြန္ခဲ႔တဲ႔ နွစ္ ၄၅၀ အတြင္း ေပါက္ကြဲမႈေပါင္း ၃၄ ၾကိမ္ထက္မနည္းျဖစ္ပြားခဲ႔ပါတယ္။ မီးေတာင္ျပာေတြမႈတ္ထုတ္ေနမႈေၾကာင့္ မနီလာႏုိင္ငံတကာေလဆိပ္မွာ ေလယာဥ္ခရီးစဥ္ေတြကုိ ဆုိင္းငံ့ထားရျပီး အနီးဝန္းက်င္မွာေနထုိင္သူေတြအေနနဲ႔ မီးေတာင္ဆူနာမီလႈိင္းတြရုိက္ခတ္ခံရနိုင္တယ္လို႔ ဖိလစ္ပုိင္မီးေတာင္နဲ႔ေျမငလ်င္တုိင္းထြာေရးဌာနက သတိေပးထားပါတယ္။

Ref : BBC Photo: Phivolcs
#VOM #voiceofmyanmar #ဖိလစ္ပိုင္ #မီးေတာင္ေပါက္ကြဲ #ေဘးလြတ္ရာေရႊ႕

Related posts

Leave a Comment

VOM News

FREE
VIEW