စစ်ကိုင်းတိုင်းရှိ စက်မှုဇုန်လေးခုမှာ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်ပေါင်း ၅၀၀ ကျော်ရှိနေ

စစ်ကိုင်း ဇန်နဝါရီ ၁၃-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်းရှိ စက်မှုဇုန် လေးခုမှာ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်ပေါင်း ၅၀၀ ကျော်ရှိနေတယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကိုင်းမြိုတော်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတကာကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းမှာ မုံရွာစက်မှုဇုန် ၊စစ်ကိုင်းစက်မှုဇုန်၊ ရွှေဘိုစက်မှုဇုန် နဲ့ ကလေးစက်မှုဇုန်ဆိုပြီး စက်မှုဇုန် လေးခုရှိပါတယ်။ မုံရွာစက်မှုဇုန်အနေနဲ့ မြေဧက (၃၁၅ ဒသမ ၃၄) ဧကရှိပြီး လုပ်ငန်း မြေကွက်ပေါင်း ၁၃၈၈ ကွက် ဖော်ဆောင်ထားရာ အဲထဲကနေ လုပ်ငန်း မလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း ၁၇၀ ကွက်ရှိပြီး၊စစ်ကိုင်းစက်မှုဇုန် မြေဧကအနေနဲ့ (၉၆၀ ဒသမ ၃၂ )ဧကရှိပြီး လုပ်ငန်း အကွက်ပေါင်း ၂၁၅ ကွက် ဖော်ဆောင်ထားရာ အဲထဲမှ လုပ်ငန်း မလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း ၇၂ ကွက်ရှိတယ်”လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ရွှေဘို စက်မှုဇုန်အနေနဲ့ မြေဧက ၁၉၉ ဒသမ ၁၇ ဧက ရှိပြီး လုပ်ငန်း အကွက်ပေါင်း ၃၅၀ ကွက် ဖော်ဆောင်ထားရာ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း ၅၁ ကွက်၊ကလေးစက်မှုဇုန် မြေဧကအနေနဲ့ ၁၆၇ ဒသမ ၂၈ ဧက ရှိပြီး လုပ်ငန်းအကွက်ပေါင်း ၇၂၉ ကွက် ဖော်ဆောင်ထားရာ အဲ့ဒီအထဲကနေ လုပ်ငန်း မလုပ်ကိုင်သေးတဲ့ အကွက်ပေါင်း ၂၇၀ ကွက်ရှိတယ်လို့ သိရပါတယ်။

အဲဒီ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေကွက်တွေမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ရင်းနှီးမြုပ်နှံခြင်း၊ ပြည်ပရင်းနှီးမြုပ်နှံ ဆောင်ရွက်ခြင်းနဲ့ အကျိုးအမြတ်တွေ ရရှိနိုင်မှာဖြစ်သလို စက်မှုဇုန်တွေ တိုးချဲ့ခြင်း၊အခြေခံ အဆောက်အဦးတွေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံခြင်း ဖြင့် အကျိုးအမြတ်ရရှိမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #စက်မှုဇုန် #မြေဧက၅၀၀ #လုပ်ငန်းမလုပ်ကိုင်

Zawgyi

စစ္ကုိင္းတုိင္းရွိ စက္မႈဇုန္ေလးခုမွာ လုပ္ငန္းမလုပ္ကုိင္ေသးတဲ့ ေျမကြက္ေပါင္း ၅၀၀ ေက်ာ္ရွိေန

စစ္ကုိင္း ဇန္နဝါရီ ၁၃-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းတုိင္းရွွိ စက္မႈဇုန္ ေလးခုမွာ လုပ္ငန္းမလုပ္ကုိင္ေသးတဲ့ ေျမကြက္ေပါင္း ၅၀၀ ေက်ာ္ရွိေနတယ္လုိ႔ စစ္ကုိင္းတုိင္းဝန္ႀကီးခ်ဳပ္ေဒါက္တာၿမင့္ႏုိင္က ဇန္နဝါရီလ ၁၀ ရက္ေန႔က စစ္ကုိင္းၿမဳိေတာ္ခန္းမမွာ ၿပဳလုပ္တဲ့ ႏုိင္ငံတကာကုန္စည္ၿပပြဲ ဖြင့္ပြဲအခမ္းအနားမွာ ေျပာႀကားခဲ့တာျဖစ္ပါတယ္။

“စစ္ကုိင္းတုိင္းမွာ မုံရြာစက္မႈဇုန္ ၊စစ္ကုိင္းစက္မႈဇုန္၊ ေရႊဘုိစက္မႈဇုန္ နဲ႕ ကေလးစက္မႈဇုန္ဆုိၿပီး စက္မႈဇုန္ ေလးခုရွိပါတယ္။ မုံရြာစက္မႈဇုန္အေနနဲ႔ ေၿမဧက (၃၁၅ ဒသမ ၃၄) ဧကရွိၿပီး လုပ္ငန္း ေျမကြက္ေပါင္း ၁၃၈၈ ကြက္ ေဖာ္ေဆာင္ထားရာ အဲထဲကေန လုပ္ငန္း မလုပ္ကုိင္ေသးတဲ့ အကြက္ေပါင္း ၁၇၀ ကြက္ရွိၿပီး၊စစ္ကုိင္းစက္မႈဇုန္ ေၿမဧကအေနနဲ႕ (၉၆၀ ဒသမ ၃၂ )ဧကရွိၿပီး လုပ္ငန္း အကြက္ေပါင္း ၂၁၅ ကြက္ ေဖာ္ေဆာင္ထားရာ အဲထဲမွ လုပ္ငန္း မလုပ္ကုိင္ေသးတဲ့ အကြက္ေပါင္း ၇၂ ကြက္ရွိတယ္”လုိ႔ စစ္ကုိင္းတုိင္းဝန္ႀကီးခ်ဳပ္ေဒါက္တာၿမင့္ႏုိင္က ေျပာပါတယ္။

ေရႊဘုိ စက္မႈဇုန္အေနနဲ႕ ေၿမဧက ၁၉၉ ဒသမ ၁၇ ဧက ရွိၿပီး လုပ္ငန္း အကြက္ေပါင္း ၃၅၀ ကြက္ ေဖာ္ေဆာင္ထားရာ လုပ္ငန္းမလုပ္ကုိင္ေသးတဲ့ အကြက္ေပါင္း ၅၁ ကြက္၊ကေလးစက္မႈဇုန္ ေၿမဧကအေနနဲ႕ ၁၆၇ ဒသမ ၂၈ ဧက ရွိၿပီး လုပ္ငန္းအကြက္ေပါင္း ၇၂၉ ကြက္ ေဖာ္ေဆာင္ထားရာ အဲ့ဒီအထဲကေန လုပ္ငန္း မလုပ္ကုိင္ေသးတဲ့ အကြက္ေပါင္း ၂၇၀ ကြက္ရွိတယ္လို႔ သိရပါတယ္။

အဲဒီ လုပ္ငန္းမလုပ္ကုိင္ေသးတဲ့ ေၿမကြက္ေတြမွာ တုိင္းရင္းသားလုပ္ငန္းရွင္ေတြနဲ႔ အက်ဳိးတူ ရင္းႏွီးၿမဳပ္ႏွံၿခင္း၊ ၿပည္ပရင္းႏွီးၿမဳပ္ႏွံ ေဆာင္ရြက္ၿခင္းနဲ႔ အက်ဳိးအၿမတ္ေတြ ရရွိႏုိင္မွာၿဖစ္သလုိ စက္မႈဇုန္ေတြ တုိးခ်ဲ႕ၿခင္း၊အေၿခခံ အေဆာက္အဦးေတြ အဆင့္ျမွင့္တင္ျခင္း လုပ္ငန္းေတြမွာလည္း ရင္းႏွီးၿမဳပ္ႏွံၿခင္း ၿဖင့္ အက်ဳိးအၿမတ္ရရွိမွာၿဖစ္တယ္လုိ႔ စစ္ကုိင္းတုိင္းဝန္ႀကီးခ်ဳပ္ေဒါက္တာၿမင့္ႏုိင္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #စက္မွဳဇုန္ #ေျမဧက၅၀၀ #လုပ္ငန္းမလုပ္ကိုင္

Related posts

Leave a Comment

VOM News

FREE
VIEW