ရသေ့တောင်နဲ့ မင်းပြား တိုက်ပွဲတွေမှာ တပ်မတော်နဲ့ အေအေ နှစ်ဖက်ထိခိုက်မှုရှိခဲ့

ရသေ့တောင်၊ ဇန်နဝါရီ ၁၃- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ မနေ့က ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲမရှိသော်လည်း အေအေရှိတယ်လို့ယူဆတဲ့နေရာတွေကိုပစ်ခတ်ခဲ့ကာ မင်းပြားမြို့နယ် မြစ်နားရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း မနေ့က တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း တပ်မတော်ဖက်က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တာကို နေ့လည် (၁) နာရီ (၂၄) မိနစ်မှာ စတင်ခဲ့ကာ အကြိမ်ရေ (၁၁၀) ကျော်အထိရှိခဲ့တယ်လို့ အေအေကလည်း ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်မှဒေသခံတစ်ဦးကလည်း” တိုက်ပွဲက မနေ့ကဖြစ်သံကြားတယ်။မနေ့က ပစ်သံတွေကြားရတယ်။ ပစ်တာကတော့ ရသေ့တောင်တပ်ရင်းက ပစ်တာ။ ပြီးတော့ ရေစိုးချောင်းဗျူဟာကပစ်တယ်။ လက်နက်ကြီးပစ်တာ။ ဒီနေ့လည်းပစ်နေတယ်။ နေ့လည် ၁ နာရီလောက်ကစပစ်တယ်။” လို့ ပြောပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်မှတ်တမ်းအရ ရသေ့တောင်(၅၃၆) နှင့် (၅၃၇) တပ်ရင်းမှ လက်နက်ကြီး အကြိမ်(၃၀) ခန့်၊ ရေစိုးချောင်းဗျူဟာမှ အကြိမ်(၃၀) ခန့်၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအတွင်းမှ အကြိမ်(၅၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အေအေဖက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်၊ မြစ်နားရွာ၊ အရှေ့တာင်ဘက် (၂)ကီလိုမီတာအကွာ တောင်တန်းရှိ အေအေတပ်ဖွဲ့ရှိရာနေရာကို တပ်မတော်ဖက်ကနေ မြေပြင်မှလာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အေအေဖက်မှ အနည်းငယ်ဒဏ်ရာရရှိခဲ့ကာ တပ်မတော်ဖက်ကလည်း အထိနာခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။

” မနေ့က တိုက်ပွဲဖြစ်လား မဖြစ်လားမသိဘူး။ သေနတ်သံတော့ ကြားရတယ်။ မြစ်နားရွာဖက်မှာတော့ သေနတ်သံ တဖောက်ဖောက်ကြားသလို အသံအကျယ်ကြီးလည်းကြားရတယ်။” လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အေအေအနေဖြင့် တပ်မတော်ဖက်ကို အထိနာအောင်အကောင်းဆုံးခုခံကာကွယ်နိုင်သော်လည်း လက်ရှိအချိန်မှာ တိုက်ပွဲအရှိန်ကိုလျော့ချလိုတဲ့အတွက် ခုခံကာကွယ်ရုံအနေအထားနဲ့သာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။
အေအေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပြီးခဲ့တဲ့ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တဖက်သက်အပစ်ရပ် ကြေညာခဲ့ပေမယ့် အေအေလှုပ်ရှားရာ ရခိုင်ဒေသနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #အေအေ #တပ်မတော် #နှစ်ဖက်ထိခိုက်မှု

Zawgyi

ရေသ့ေတာင္နဲ႔ မင္းျပား တိုက္ပြဲေတြမွာ တပ္မေတာ္နဲ႔ ေအေအ ႏွစ္ဖက္ထိခိုက္မႈ႐ွိခဲ့

ရေသ့ေတာင္၊ ဇန္နဝါရီ ၁၃- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္ၿမိဳ႕နယ္ေတြျဖစ္တဲ့ ရေသ့ေတာင္နဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ မေန႔က ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ပစ္ခတ္မႈတခ်ိဳ႕ျဖစ္ပြားခဲ့ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္မွာ တိုက္ပြဲမ႐ွိေသာ္လည္း ေအေအ႐ွိတယ္လို႔ယူဆတဲ့ေနရာေတြကိုပစ္ခတ္ခဲ့ကာ မင္းျပားၿမိဳ႕နယ္ ျမစ္နားရြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေအေအကထုတ္ျပန္ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း မေန႔က တိုက္ပြဲႀကီးႀကီးမားမားမ႐ွိခဲ့ေသာ္လည္း တပ္မေတာ္ဖက္က လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္တာကို ေန႔လည္ (၁) နာရီ (၂၄) မိနစ္မွာ စတင္ခဲ့ကာ အႀကိမ္ေရ (၁၁၀) ေက်ာ္အထိရွိခဲ့တယ္လို႔ ေအေအကလည္း ထုတ္ျပန္ထားပါတယ္။

အမည္မေဖာ္လိုတဲ့ ရေသ့ေတာင္ျမိဳ ႔နယ္မွေဒသခံတစ္ဦးကလည္း” တိုက္ပြဲက မေန႔ကျဖစ္သံၾကားတယ္။မေန႔က ပစ္သံေတြၾကားရတယ္။ ပစ္တာကေတာ့ ရေသ့ေတာင္တပ္ရင္းက ပစ္တာ။ ၿပီးေတာ့ ေရစိုးေခ်ာင္းဗ်ဴဟာကပစ္တယ္။ လက္နက္ႀကီးပစ္တာ။ ဒီေန႔လည္းပစ္ေနတယ္။ ေန႔လည္ ၁ နာရီေလာက္ကစပစ္တယ္။” လို႔ ေျပာပါတယ္။

ေအေအရဲ႕ ထုတ္ျပန္ခ်က္မွတ္တမ္းအရ ရေသ့ေတာင္(၅၃၆) ႏွင့္ (၅၃၇) တပ္ရင္းမွ လက္နက္ႀကီး အႀကိမ္(၃၀) ခန္႔၊ ေရစိုးေခ်ာင္းဗ်ဴဟာမွ အႀကိမ္(၃၀) ခန္႔၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေညာင္ပင္လွေက်းရြာ စာသင္ေက်ာင္းႏွင့္ ဘုန္းႀကီးေက်ာင္းအတြင္းမွ အႀကိမ္(၅၀) ေက်ာ္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေအေအဖက္က ထိခိုက္မႈေတြ႐ွိခဲ့တယ္လို႔ သိရပါတယ္။

မင္းျပားၿမိဳ႕နယ္၊ ျမစ္နားရြာ၊ အေရွ႕တာင္ဘက္ (၂)ကီလိုမီတာအကြာ ေတာင္တန္းရွိ ေအေအတပ္ဖြဲ႕ရွိရာေနရာကို တပ္မေတာ္ဖက္ကေန ေျမျပင္မွလာေရာက္ထိုးစစ္ဆင္တိုက္ခိုက္မႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီး ေအေအဖက္မွ အနည္းငယ္ဒဏ္ရာရ႐ွိခဲ့ကာ တပ္မေတာ္ဖက္ကလည္း အထိနာခဲ့တယ္လို႔ ေအေအကထုတ္ျပန္ပါတယ္။

” မေန႔က တိုက္ပြဲျဖစ္လား မျဖစ္လားမသိဘူး။ ေသနတ္သံေတာ့ ၾကားရတယ္။ ျမစ္နားရြာဖက္မွာေတာ့ ေသနတ္သံ တေဖာက္ေဖာက္ၾကားသလို အသံအက်ယ္ႀကီးလည္းၾကားရတယ္။” လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

ေအေအအေနျဖင့္ တပ္မေတာ္ဖက္ကို အထိနာေအာင္အေကာင္းဆံုးခုခံကာကြယ္နိုင္ေသာ္လည္း လက္ရွိအခ်ိန္မွာ တိုက္ပြဲအရွိန္ကိုေလ်ာ့ခ်လိုတဲ့အတြက္ ခုခံကာကြယ္ရံုအေနအထားနဲ႔သာ တံု႔ျပန္ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေအေအေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခနဲ႔ တပ္မေတာ္ေျပာေရးဆိုခြင့္႐ွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမ႐ွိခဲ့ပါဘူး။
ေအေအပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္သံုးဖဲြ႔က ၿပီးခဲ့တဲ့ဇန္နဝါရီလ ၁ ရက္ေန႔ကစၿပီး တဖက္သက္အပစ္ရပ္ ေၾကညာခဲ့ေပမယ့္ ေအေအလႈပ္႐ွားရာ ရခိုင္ေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္ဝေဒသေတြမွာ ေန႔စဥ္ရက္ဆက္ တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #ေအေအ #တပ္မေတာ္ #ႏွစ္ဖက္ထိခိုက္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW