ပလက်ဝက ကျီးလေရွာသူတစ်ဦးနဲ့ပတ်သတ်ပြီး KACC ရဲ့စွပ်စွဲရေးသားချက်ကို ငြင်းဆိုကြောင်း အေအေထုတ်ပြန်

ပလက်ဝ၊ ဇန်နဝါရီ ၁၃-၂၀၂၀
ခိုင်လင်းစံ(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေကျေးရွာက ရွာသူတစ်ဦးကို အေအေတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု ဆောင်ရွက်ချက်တွေဆိုတဲ့ ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အေအေအဖွဲ့အပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေတဲ့ရည်ရွယ်ချက်နဲ့ စွပ်စွဲချက်တွေဟာ လုံးဝဟုတ်မှန်ခြင်းမရှိဘူးလို့ မနေ့က ဇန်နဝါရီလ ၁၂ ရက် ရက်စွဲနဲ့ အေအေက ငြင်းဆိုချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကျီးလေရွာသူဟာ ထွက်ပြေးလွှတ်မြောက်သွားတဲ့ တပ်မတော်သတင်းပေးလို့သံသယရှိသူရဲ့သမီးဖြစ်ပြီး သူမကိုစစ်ဆေးချိန် အနည်းငယ်ရိုက်နှက်ခဲ့သည်မှာ ဟုတ်မှန်ပေမယ့် လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မသိမ်းဖို့ကြိုးစားမှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ကျူ းလွန်ဖို့လုပ်ဆောင်ခဲ့တာတွေ လုံးဝမရှိကြောင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

KACC ဟာ တပ်မတော်ကျောထောက်နောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အေအေအဖွဲ့အပေါ် အခုလိုစွပ်စွဲချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်တုန့်ပြန်နိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

အေအေအဖွဲ့ “ရက္ခိုင့်တပ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့” က သေချာစွာစစ်ဆေးနေပြီး စစ်ဆေးပြီးပါက အဲ့ဒီဖြစ်ရပ်တွေကို အမှန်တကယ်ကျူးလွန်သူတွေရှိခဲ့ပါက “ရက္ခိုင့်တပ်တော်” စစ်စည်းမျည်းစည်းကမ်းနဲ့အညီ အပြစ်ပေးအရေးယူသွားမှာဖြစ်တဲ့အတွက် တကယ်လို့ အေအေတပ်ဖွဲ့ဝင်တွေက KACC စွပ်စွဲထားတဲ့အတိုင်း ကျူးလွန်မှုမရှိပါက စွပ်စွဲချက်တွေမှားယွင်းကြောင်း ထုတ်ပြန်ပေးဖို့လိုအပ်လိမ့်မယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အေအေ အဖွဲ့ဝင်တစ်ဦးဟာ ကျီးလေရွာကအမျိုးသမီးတစ်ဦးကို လက်နက်နဲ့ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ပြီးတော့ ကျေးရွာလူကြီး တွေတားဆီးတာကိုမျက်ကွယ်ပြု ပြီး တာဝန်ရှိသူတွေကိုရိုက်နက်မှု၊ လူငယ်တွေကို ကျေးရွာကကုလားတန်မြစ်ကမ်း နေပူထဲမှာချုပ်နှောင်ထားမှု၊ ဆန်နဲ့ ရိက္ခာတွေသယ်ယူခိုင်းမှုတွေ ပြလုပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပလက်ဝ #အေအေ #ခူမီး #ထုတ်ပြန်ချက်

Zawgyi

ပလက္ဝက က်ီးေလရြာသူတစ္ဦးနဲ႔ပတ္သတ္ၿပီး KACC ရဲ႕စြပ္စြဲေရးသားခ်က္ကို ျငင္းဆိုေၾကာင္း ေအေအထုတ္ျပန္

ပလက္ဝ၊ ဇန္နဝါရီ ၁၃-၂၀၂၀
ခိုင္လင္းစံ(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ က်ီးေလေက်းရြာက ရြာသူတစ္ဦးကို ေအေအတပ္ဖြဲ႔ဝင္တစ္ဦးက လက္နက္နဲ႔ၿခိမ္းေျခာက္ၿပီး အဓမၼသိမ္းဖို႔ႀကိဳးစားမႈ၊ လိင္ပိုင္ဆိုင္ရာအၾကမ္းဖက္က်ဴးလြန္မႈ ေဆာင္ရြက္ခ်က္ေတြဆိုတဲ့ ခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာေပါင္းစပ္ညိွႏႈိင္းေရးေကာင္စီက ေအေအအဖြဲ႔အေပၚ ႏိုင္ငံတကာက အထင္အျမင္လြဲမွားေစတဲ့ရည္ရြယ္ခ်က္နဲ႔ စြပ္စြဲခ်က္ေတြဟာ လံုးဝဟုတ္မွန္ျခင္းမ႐ွိဘူးလို႔ မေန႔က ဇန္နဝါရီလ ၁၂ ရက္ ရက္စြဲနဲ႔ ေအေအက ျငင္းဆိုခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီက်ီးေလရြာသူဟာ ထြက္ေျပးလႊတ္ေျမာက္သြားတဲ့ တပ္မေတာ္သတင္းေပးလို႔သံသယ႐ွိသူရဲ႕သမီးျဖစ္ၿပီး သူမကိုစစ္ေဆးခ်ိန္ အနည္းငယ္႐ိုက္ႏွက္ခဲ့သည္မွာ ဟုတ္မွန္ေပမယ့္ လက္နက္နဲ႔ၿခိမ္းေျခာက္ၿပီး အဓမၼသိမ္းဖို႔ႀကိဳးစားမႈ၊ လိင္ပိုင္ဆိုင္ရာအၾကမ္းဖက္က်ဴ းလြန္ဖို႔လုပ္ေဆာင္ခဲ့တာေတြ လံုးဝမ႐ွိေၾကာင္းကို ထုတ္ျပန္ထားတာျဖစ္ပါတယ္။

KACC ဟာ တပ္မေတာ္ေက်ာေထာက္ေနာက္ခံ အဖြဲ႔အစည္းတစ္ခုျဖစ္ၿပီး ေအေအအဖြဲ႔အေပၚ အခုလိုစြပ္စြဲခ်က္ေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့တယ္လို႔လည္း ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါ႐ွိပါတယ္။

ေအေအအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္ကို ျပန္လည္တုန္႔ျပန္ႏိုင္ဖို႔ တပ္မေတာ္ေျပာေရးဆိုခြင့္႐ွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္းမ႐ွိပါဘူး။

ေအေအအဖြဲ႔ “ရကၡိဳင့္တပ္ေတာ္စံုစမ္းစစ္ေဆးေရးအဖြဲ႔” က ေသခ်ာစြာစစ္ေဆးေနၿပီး စစ္ေဆးၿပီးပါက အဲ့ဒီျဖစ္ရပ္ေတြကို အမွန္တကယ္က်ဴးလြန္သူေတြ႐ွိခဲ့ပါက “ရကၡိဳင့္တပ္ေတာ္” စစ္စည္းမ်ည္းစည္းကမ္းနဲ႔အညီ အျပစ္ေပးအေရးယူသြားမွာျဖစ္တဲ့အတြက္ တကယ္လို႔ ေအေအတပ္ဖြဲ႔ဝင္ေတြက KACC စြပ္စြဲထားတဲ့အတိုင္း က်ဴးလြန္မႈမ႐ွိပါက စြပ္စြဲခ်က္ေတြမွားယြင္းေၾကာင္း ထုတ္ျပန္ေပးဖို႔လိုအပ္လိမ့္မယ္လို႔ ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီလ ၁၀ ရက္ေန႔က ခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာေပါင္းစပ္ညိွႏႈိင္းေရးေကာင္စီက ေအေအ အဖြဲ႔ဝင္တစ္ဦးဟာ က်ီးေလရြာကအမ်ိဳးသမီးတစ္ဦးကို လက္နက္နဲ႔ၿခိမ္းေျခာက္ၿပီး အဓမၼျပဳက်င့္ဖို႔ ၾကံစည္ၿပီးေတာ့ ေက်းရြာလူႀကီး ေတြတားဆီးတာကိုမ်က္ကြယ္ျပဳ ၿပီး တာဝန္႐ွိသူေတြကို႐ိုက္နက္မႈ၊ လူငယ္ေတြကို ေက်းရြာကကုလားတန္ျမစ္ကမ္း ေနပူထဲမွာခ်ဳပ္ေႏွာင္ထားမႈ၊ ဆန္နဲ႔ ရိကၡာေတြသယ္ယူခိုင္းမႈေတြ ျပလုပ္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပလက္ဝ #ေအေအ #ခူမီး #ထုတ္ျပန္ခ်က္

Related posts

Leave a Comment

VOM News

FREE
VIEW