YTRA ရဲ့ ဖိနှိပ်မှုကို ရန်ကုန်လိုင်စင်ကားသမားတွေ ခံနေရတယ်လို့ ပြောဆိုတာတွေရှိနေ

ရန်ကုန် ဇန်နဝါရီ ၁၃-၂၀၂၀
သိဂီ ၤ(VOM)

ရန်ကုန်လိုင်စင်ကားသမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ရဲ့ ဖိနှိပ်မှု၊ တရားမျှတမှုမရှိတဲ့လုပ်ရပ်တွေကို ခံနေရတယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောဆိုတာတွေ ရှိနေပါတယ်။

နယ်လိုင်စင်ကားတွေကို City Taxi မှတ်ပုံတင်ခိုင်းခြင်းမရှိဘဲ အငှားယာဉ်လုပ်ကိုင်ခွင့်ပေးပြီး ရန်ကုန်လိုင်စင်ကားတွေကိုတော့ City Taxi မှတ်ပုံတင်ပြီးတက်စီပြေးဆွဲစေကာ မှတ်ပုံမတင်သူတွေကို ဥပဒေနဲ့အရေးယူနေတဲ့လုပ်ရပ်အပေါ် ရန်ကုန်လိုင်စင်ကားသမားတွေနဲ့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အဌားယာဉ်မောင်းများသမဂ္ဂ(UTD)က လက်မခံတာကို ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

” YRTAက ရန်ကုန်လိုင်စင်ကိုမှ City Taxi ဘာလို့လုပ်ခိုင်းရတာလဲ မေးခွန်းထုတ်ချင်တယ်။ နယ်လိုင်စင်ကျ လုပ်ခိုင်းတာမရှိဘူး။ ရန်ကုန်ကျ မလုပ်ရင်ဒဏ်ကြေးဆောင်ရ၊ အလုပ်ပျက်ရ၊ လမ်းမှာစစ်ဆေးလို့မတွေ့ရင် အရေးယူခံရတယ်ဆိုတော့ ဒီCity Taxiက ဘာအခွင့်အရေးရလို့လုပ်ရမှာလဲ။ ဘာမှလဲမရဘူး နယ်လိုင်စင်နဲ့မောင်းလည်းရနေတာပဲ။ တရားမျှတမှုဆိုတာ လူတိုင်းအတွက် ညီတူညီမျှဖြစ်သင့်တယ်။ နယ်လိုင်စင်က အခွင့်ရေးတမျိုး၊ ရန်ကုန်ကတမျိုး ဒါဟာမမျှတဘူး”လို့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အဌားယာဉ်မောင်းများသမဂ္ဂ(UTD)ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးချိုဝင်းကပြောပါတယ်။

City Taxi မှတ်ပုံတင်တာအတွက် ငွေကြေးကုန်ကျမှုက မကြီးမားပေမယ့် မှတ်ပုံတင်ဖို့အချိန်ပေးရခြင်း လုပ်ဖို့နောက်ကျရင် ဒဏ်ကြေးပေးသွင်းရခြင်း၊ အလုပ်ပျက်ခြင်း၊ ခရီးစဉ်အတွင်းစစ်ဆေးချိန် မှတ်ပုံတင်သက်တမ်းကျော်တာတွေ့ရင် ဥပဒေအရအရေးယူခံရတာတွေဟာ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

YRTA နဲ့ တက်စီယာဉ်မောင်းတွေ တရားဝင်တွေ့ဆုံဆွေးနွေးခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အရေးတယူအကြောင်းပြန်တာမျိုးမရှိဘူးလို့လည်း သိရပါတယ်။

“ရန်ကုန်မှာ နယ်လိုင်စင်ဘာလို့မောင်းလဲ၊ တိုင်းနှင့်ပြည်နယ်အားလုံးကို သွားခွင့်ရှိတယ်။ သူတို့ကျCity Taxiမလုပ်ရဘူး။ စီးတီးတက်စီလုပ်တဲ့အခါ အလုပ်ပျက်ခံလုပ်ရတယ်၊ မေးစရာရှိပါတယ် မှတ်ပုံတင်တဲ့အခါ စီမံခန့်ခွဲမှုစရိတ်တွေပေးရတယ်၊ ဒါကြောင့်တိုင်းဒေသကြီးအစိုးရက ဘယ်လိုညီညွတ်တဲ့စီမံခန့်ခွဲမှု ထိန်းသိမ်းမှုနဲ့ထိန်းသိမ်းမလဲဆိုတာ ဆွေးနွေးနေတယ်။ နယ်ကဘယ်လောက်ရှိတယ်။ ဒီယာဉ်တွေကို လုပ်ငန်းလိုင်စင်ဥပဒေအရ ဘယ်လိုထိန်းကျောင်းမလဲ တိုင်းအဆင့်ဆွေးနွေးဆောင်ရွက်နေဆဲဖြစ်တယ်။ ပြီးရင် ဒါကိုပြည်ထောင်စုအဆင့် ဆွေးနွေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။” လို့ YRTAရဲ့တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

အခုလက်ရှိ ရန်ကုန်မှာ City Taxi မှတ်ပုံတင်ထားတဲ့ ကားအစီးရေ ၆၅၀၀၀ ကျော်ရှိနေပြီး City Taxi မှတ်ပုံတင်သက်တမ်းကို တစ်နှစ်တစ်ကြိမ်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #YRTA #အဌားယာဉ်မောင်း #ဖိနှိပ်မှု

Zawgyi

YTRA ရဲ႕ ဖိနွိပ္မႈကို ရန္ကုန္လိုင္စင္ကားသမားေတြ ခံေနရတယ္လို႔ ေျပာဆိုတာေတြရိွေန

ရန္ကုန္ ဇန္နဝါရီ ၁၃-၂၀၂၀
သိဂီ ၤ(VOM)

ရန္ကုန္လိုင္စင္ကားသမားေတြဟာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို့ေဆာင္ေရးႀကီးႀကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔(YRTA)ရဲ႕ ဖိနွိပ္မႈ၊ တရားမ်ွတမႈမရွိတဲ့လုပ္ရပ္ေတြကို ခံေနရတယ္လို႕ တကၠစီယာဥ္ေမာင္းေတြက ေျပာဆိုတာေတြ ရိွေနပါတယ္။

နယ္လိုင္စင္ကားေတြကို City Taxi မွတ္ပုံတင္ခိုင္းျခင္းမရွိဘဲ အငွားယာဥ္လုပ္ကိုင္ခြင့္ေပးၿပီး ရန္ကုန္လိုင္စင္ကားေတြကိုေတာ့ City Taxi မွတ္ပုံတင္ၿပီးတက္စီေျပးဆြဲေစကာ မွတ္ပုံမတင္သူေတြကို ဥပေဒနဲ႔အေရးယူေနတဲ့လုပ္ရပ္အေပၚ ရန္ကုန္လ္ုိင္စင္ကားသမားေတြနဲ႕ ျမန္မာတစ္နိုင္ငံလုံးဆိုင္ရာ အဌားယာဥ္ေမာင္းမ်ားသမဂၢ(UTD)က လက္မခံတာကို ခုလိုေျပာဆိုလိုက္တာျဖစ္ပါတယ္။

” YRTAက ရန္ကုန္လ္ုိင္စင္ကိုမွ City Taxi ဘာလို႔လုပ္ခိုင္းရတာလဲ ေမးခြန္းထုတ္ခ်င္တယ္။ နယ္လိုင္စင္က် လုပ္ခိုင္းတာမရွိဘူး။ ရန္ကုန္က် မလုပ္ရင္ဒဏ္ေၾကးေဆာင္ရ၊ အလုပ္ပ်က္ရ၊ လမ္းမွာစစ္ေဆးလို႔မေတြ႕ရင္ အေရးယူခံရတယ္ဆိုေတာ့ ဒီCity Taxiက ဘာအခြင့္အေရးရလို႔လုပ္ရမွာလဲ။ ဘာမွလဲမရဘူး နယ္လ္ိုင္စင္နဲ႔ေမာင္းလည္းရေနတာပဲ။ တရားမ်ွတမႈဆိုတာ လူတိုင္းအတြက္ ညီတူညီမ်ွျဖစ္သင့္တယ္။ နယ္လိုင္စင္က အခြင့္ေရးတမ်ိဳး၊ ရန္ကုန္ကတမ်ိဳး ဒါဟာမမ်ွတဘူး”လို႔ ျမန္မာတစ္နိုင္ငံလုံးဆိုင္ရာ အဌားယာဥ္ေမာင္းမ်ားသမဂၢ(UTD)ရဲ႕အတြင္းေရးမွဴးျဖစ္သူ ဦးခ်ိဳဝင္းကေျပာပါတယ္။

City Taxi မွတ္ပုံတင္တာအတြက္ ေငြေႀကးကုန္က်မႈက မႀကီးမားေပမယ့္ မွတ္ပုံတင္ဖို႕အခ်ိန္ေပးရျခင္း လုပ္ဖို႔ေနာက္က်ရင္ ဒဏ္ေၾကးေပးသြင္းရျခင္း၊ အလုပ္ပ်က္ျခင္း၊ ခရီးစဥ္အတြင္းစစ္ေဆးခ်ိန္ မွတ္ပုံတင္သက္တမ္းေက်ာ္တာေတြ႕ရင္ ဥပေဒအရအေရးယူခံရတာေတြဟာ တရားမ်ွတမႈမရွိတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ သိရပါတယ္။

YRTA နဲ႔ တက္စီယာဥ္ေမာင္းေတြ တရားဝင္ေတြ႕ဆုံေဆြးေႏြးခြင့္ရဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေပမယ့္ အေရးတယူအေႀကာင္းျပန္တာမ်ိဳးမရွိဘူးလို႔လည္း သိရပါတယ္။

“ရန္ကုန္မွာ နယ္လုိင္စင္ဘာလုိ႔ေမာင္းလဲ၊ တုိင္းႏွင့္ျပည္နယ္အားလုံးကုိ သြားခြင့္ရွိတယ္။ သူတုိ႔က်City Taxiမလုပ္ရဘူး။ စီးတီးတက္စီလုပ္တဲ့အခါ အလုပ္ပ်က္ခံလုပ္ရတယ္၊ ေမးစရာရွိပါတယ္ မွတ္ပုံတင္တဲ့အခါ စီမံခန္႔ခြဲမႈစရိတ္ေတြေပးရတယ္၊ ဒါေၾကာင့္တုိင္းေဒသႀကီးအစိုးရက ဘယ္လုိညီညြတ္တဲ့စီမံခန္႔ခြဲမႈ ထိန္းသိမ္းမႈနဲ႔ထိန္းသိမ္းမလဲဆိုတာ ေဆြးေႏြးေနတယ္။ နယ္ကဘယ္ေလာက္ရွိတယ္။ ဒီယာဥ္ေတြကုိ လုပ္ငန္းလုိင္စင္ဥပေဒအရ ဘယ္လုိထိန္းေက်ာင္းမလဲ တုိင္းအဆင့္ေဆြးေႏြးေဆာင္ရြက္ေနဆဲျဖစ္တယ္။ ၿပီးရင္ ဒါကိုျပည္ေထာင္စုအဆင့္ ေဆြးေႏြးလုပ္ေဆာင္ရမွာျဖစ္ပါတယ္။” လို႔ YRTAရဲ႕တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္ကေျပာပါတယ္။

အခုလက္ရွိ ရန္ကုန္မွာ City Taxi မွတ္ပုံတင္ထားတဲ႕ ကားအစီးေရ ၆၅၀၀၀ ေက်ာ္ရွိေနျပီး City Taxi မွတ္ပုံတင္သက္တမ္းကို တစ္ႏွစ္တစ္ႀကိမ္လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #YRTA #အဌားယာဥ္ေမာင္း #ဖိႏိွပ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW