ယင်းမာပင်မြို့နယ် နေထိုင်သည့်တောင်သူကျားကိုက်ခံရ

ယင်းမာပင်မြို့နယ် နေထိုင်သည့်တောင်သူကျားကိုက်ခံရ

ယင်းမာပင် – ဇန်နဝါရီ ၁၄-၂၀၁၉
ရန်နိုင်စိုး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်လှကျေးရ‌‌ွာအုပ်စု ကွင်းစိုက်ကျေးရွာ နေထိုင်သူ တောင်သူတစ်‌ဥ‌‌ီးဟာ ကျားအကိုက်ခံရတဲ့အတွက် မုံရွာပြည်သူ့ဆေးရုံကြ‌ီးမှာ ဆေးကုသမှုခံယူ‌နေရပါတယ်။

ကျားကိုက်ခံရတာဟာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် အစပ်ရှိ ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေအတွင်းဖြစ်ပြီး ကျားနှင့်တိုက်ခိုက်ခဲ့သည့်အတွက် အခုလို စုတ်ပြဲဒါဏ်ရာများစွာရရှိခဲ့ပါတယ်။

” ကျနော်က ခွေးဟောင်လို့ သွားကြည့်တာ။ သားဖြစ်သူ ကလေးက ပြေးလာတယ်။အော်လာတာ။ ဝက်ဝ‌ံလား၊ တောဝက်လား ဘာလားလို့ ဓါးကိုင်သွားကြည့်တာ။ ကျားက ခွေးသုံးကောင်နဲ့ တိုက်ခိုက်နေတာ။ လူကိုမြင်တော့ ခုန်အုပ်တာ။ ဓါးကိုင်ရင်း နဘန်းလုံးပစ်တယ်။ သုံးချက်လောက် ထိုးထည့်မိတယ်။ နဘန်းလုံးရတာ ။ ဟိုက ကိုက်တော့ ကျနော်လဲ ခံရတာပဲ။ ကျားကတော့ ပြေးသွားတယ်။ ကျနော်က ဒါဏ်ရာနဲ့ ကျန်ခဲ့တာ” လို့ ကျားကိုက်ခံရသူ ဦးကျော်ဆန်းက ပြောပါတယ်။

အဆိုပါနယ်မြေဟာ အလောင်းကဿပနယ်သစ်‌တောကြိုးဝိုင်းနယ်မြေနဲ့ ထိစပ်နေပြီး တောရိုင်းတိရိစ္ဆန်များ ကျင်လည်ကျက်စားရာ နယ်မြေတစ်ခုလဲ ဖြစ်ပါတယ်။

အရင်က အဆိုပါနယ်မြေအတွင်းမှာ တောဝက်၊ ဂျီ ၊‌ရွှေသမင်၊ ဝက်ဝံ စတဲ့ တောကောင်များ ကျင်လည်ကျက်တဲ့နယ်မြေဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်ဖြစ်တဲ့ ကျားတော့ တွေ့ခဲလှပါတယ်။

အလောင်းတော်ကဿပနယ်မြေဟာ အခုအချိန်မှာ ဘုရားဖူးကာလဖြစ်ပြီး အလောင်းတော်ကဿပဘုရားဖူးလမ်းဖွင့်လှစ်ပြီးကာလမှာ နှစ်စဉ် မြန်မာပြည်အနှံ ဘုရားဖူးဧည့်သည်များ သိန်းနဲ့ချီလာ‌ရောက်တဲ့ နယ်မြေဖြစ်ပါတယ်။

#voiceofmyanmar #VOM #အလောင်းတော်ကဿပ #ယင်းမာပင်

Zawgyi

ယင္းမာပင္ၿမိဳ႕နယ္ ေနထိုင္သည့္ေတာင္သူက်ားကိုက္ခံရ

ယင္းမာပင္ – ဇန္နဝါရီ ၁၄-၂၀၁၉
ရန္ႏိုင္စိုး

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ေညာင္လွေက်းရ‌‌ြာအုပ္စု ကြင္းစိုက္ေက်း႐ြာ ေနထိုင္သူ ေတာင္သူတစ္‌ဥ‌‌ီးဟာ က်ားအကိုက္ခံရတဲ့အတြက္ မုံ႐ြာျပည္သူ႔ေဆး႐ုံၾက‌ီးမွာ ေဆးကုသမႈခံယူ‌ေနရပါတယ္။

က်ားကိုက္ခံရတာဟာ ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ကနီၿမိဳ႕နယ္ အစပ္ရွိ ၎ပိုင္ဆိုင္သည့္ လယ္ယာေျမအတြင္းျဖစ္ၿပီး က်ားႏွင့္တိုက္ခိုက္ခဲ့သည့္အတြက္ အခုလို စုတ္ၿပဲဒါဏ္ရာမ်ားစြာရရိွခဲ့ပါတယ္။

” က်ေနာ္က ေခြးေဟာင္လို႔ သြားၾကည့္တာ။ သားျဖစ္သူ ကေလးက ေျပးလာတယ္။ေအာ္လာတာ။ ဝက္ဝ‌ံလား၊ ေတာဝက္လား ဘာလားလို႔ ဓါးကိုင္သြားၾကည့္တာ။ က်ားက ေခြးသုံးေကာင္နဲ႔ တိုက္ခိုက္ေနတာ။ လူကိုျမင္ေတာ့ ခုန္အုပ္တာ။ ဓါးကိုင္ရင္း နဘန္းလုံးပစ္တယ္။ သုံးခ်က္ေလာက္ ထိုးထည့္မိတယ္။ နဘန္းလုံးရတာ ။ ဟိုက ကိုက္ေတာ့ က်ေနာ္လဲ ခံရတာပဲ။ က်ားကေတာ့ ေျပးသြားတယ္။ က်ေနာ္က ဒါဏ္ရာနဲ႔ က်န္ခဲ့တာ” လို႔ က်ားကိုက္ခံရသူ ဦးေက်ာ္ဆန္းက ေျပာပါတယ္။

အဆိုပါနယ္ေျမဟာ အေလာင္းကႆပနယ္သစ္‌ေတာႀကိဳးဝိုင္းနယ္ေျမနဲ႔ ထိစပ္ေနၿပီး ေတာ႐ိုင္းတိရိစၦန္မ်ား က်င္လည္က်က္စားရာ နယ္ေျမတစ္ခုလဲ ျဖစ္ပါတယ္။

အရင္က အဆိုပါနယ္ေျမအတြင္းမွာ ေတာဝက္၊ ဂ်ီ ၊‌ေ႐ႊသမင္၊ ဝက္ဝံ စတဲ့ ေတာေကာင္မ်ား က်င္လည္က်က္တဲ့နယ္ေျမျဖစ္ၿပီး ေတာ႐ိုင္းတိရိစာၦန္ျဖစ္တဲ့ က်ားေတာ့ ေတြ႕ခဲလွပါတယ္။

အေလာင္းေတာ္ကႆပနယ္ေျမဟာ အခုအခ်ိန္မွာ ဘုရားဖူးကာလျဖစ္ၿပီး အေလာင္းေတာ္ကႆပဘုရားဖူးလမ္းဖြင့္လွစ္ၿပီးကာလမွာ ႏွစ္စဥ္ ျမန္မာျပည္အႏွံ ဘုရားဖူးဧည့္သည္မ်ား သိန္းနဲ႔ခ်ီလာ‌ေရာက္တဲ့ နယ္ေျမျဖစ္ပါတယ္။

#voiceofmyanmar #VOM #အေလာင္းေတာ္ကႆပ #ယင္းမာပင္

Related posts

Leave a Comment

VOM News

FREE
VIEW