တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ

တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ

ဘန်ကောက်၊ ဇန်နဝါရီ-၁၄-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါ ကူးစက်ခံထားရသူအမျိုးသမီးတစ်ဦးကို ဘန်ကောက်လေဆိပ်မှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၆၁ နှစ်အရွယ်အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းလေဆိပ်ကိုရောက်ရှိချိန်မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကိုကျော်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေလည်း ဖြစ်ပွားနေခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူမဟာ တရုတ်နိုင်ငံ ဟူဘိုင်ပြည်နယ်ရှိ မြို့ကနေပြန်လာတဲ့ ခရီးသွားအဖွဲ့တွေထဲက တစ်ဦးဖြစ်ပြီးလက်ရှိမှာတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ တုပ်ကွေးရောဂါဟာ ကူးစက်ပိုးကြောင့် ဖြစ်ဖွယ်ရှိနေပါတယ်။

ထိုင်းနိုင်ငံလေဆိပ်တွေမှာ လူ့ခန္ဓာကိုယ်အပူချိန်ကို သိရှိထောက်လှမ်းနိုင်တဲ့ အထူးပုံရိပ်ကိရိယာတွေ တပ်ဆင်ထားပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဟာ ဇန်နဝါရီ ၃ ရက်ကစပြီး ဝူဟန်မြို့ကပြန်လာတဲ့ ခရီးသွားတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

Ref : NHK
Photo: AFP

Zawgyi

တရုတ္မွာျဖစ္ပြားေနတဲ႔ ထူးဆန္းတဲ႔တုပ္ေကြးေရာဂါကူးစက္ခံရသူ ထိုင္းေလဆိပ္မွေတြ႔ရိွ

ဘန္ေကာက္၊ ဇန္န၀ါရီ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံ ၀ူဟန္ျမိဳ႕မွာျဖစ္ပြားေနတဲ႔ ထူးဆန္းတဲ႔တုပ္ေကြးေရာဂါ ကူးစက္ခံထားရသူအမ်ိဳးသမီးတစ္ဦးကို ဘန္ေကာက္ေလဆိပ္မွာ ေတြ႔ရိွခဲ႔တယ္လို႔ ထိုင္းနိုင္ငံ ျပည္သူ႔႔က်န္းမာေရး၀န္ၾကီးဌာနက ေျပာပါတယ္။

အသက္ ၆၁ နွစ္အရြယ္အမ်ိဳးသမီးဟာ ျပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔က ထိုင္းေလဆိပ္ကိုေရာက္ရိွခ်ိန္မွာ ကိုယ္အပူခ်ိန္ ၃၈ ဒီဂရီစင္တီဂရိတ္ကိုေက်ာ္ေနျပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာျပသနာေတြလည္း ျဖစ္ပြားေနခဲ႔တယ္လို႔ က်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

သူမဟာ တရုတ္နိုင္ငံ ဟူဘိုင္ျပည္နယ္ရိွ ျမိဳ႕ကေနျပန္လာတဲ႔ ခရီးသြားအဖြဲ႔ေတြထဲက တစ္ဦးျဖစ္ျပီးလက္ရိွမွာေတာ႔ က်န္းမာေရးအေျခအေနတည္ျငိမ္ေနတယ္လို႔ ထိုင္းက်န္းမာေရး၀န္ၾကီးဌာနက ေျပာပါတယ္။၀ူဟန္ျမဳိ႕မွာျဖစ္ပြားေနတဲ႔ ထူးဆန္းတဲ႔ တုပ္ေကြးေရာဂါဟာ ကူးစက္ပိုးေၾကာင္႔ ျဖစ္ဖြယ္ရိွေနပါတယ္။

ထိုင္းနိုင္ငံေလဆိပ္ေတြမွာ လူ႔ခႏၶာကိုယ္အပူခ်ိန္ကို သိရိွေထာက္လွမ္းနိုင္တဲ႔ အထူးပံုရိပ္ကိရိယာေတြ တပ္ဆင္ထားပါတယ္။

တရုတ္နိုင္ငံမွာျဖစ္ပြားေနတဲ႔ ထူးဆန္းတဲ႔တုပ္ေကြးေရာဂါနဲ႔ပတ္သက္ျပီး ထိုင္းအာဏာပိုင္ေတြဟာ ဇန္န၀ါရီ ၃ ရက္ကစျပီး ၀ူဟန္ျမိဳ႕ကျပန္လာတဲ႔ ခရီးသြားေတြကို အနီးကပ္ေစာင္႔ၾကည္႔ေနပါတယ္။

Ref : NHK
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW