ကက်ရှမီးယားဒေသမှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၆၂ ဦးသေဆုံး

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၅-၂၀၂၀
မျိုးဆက် (VOM)

ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသမှာ လွန်ခဲ့တဲ့သုံးရက်က ဆီးနှင်းတွေပြိုကျပြီး မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၆၂ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားပျောက်ဆုံးနေပါတယ်။

အထူးသဖြင့် ကက်ရှမီးယားဒေသရှိ နီးလမ်တောင်ကြားဒေသမှာ ရာသီဥတုဒါဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး လူများအပြားလည်း အကူအညီမဲ့နေကြပါတယ်။

အဲဒီဒေသဟာ ရာသီဥတုဘေးအန္တရာယ် ကျရောက်လွယ်တဲ့နေရာဖြစ်ပြီး လက်ရှိသေဆုံးမှုတွေဟာ မကြာသေးမှီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံးဖြစ်ပါတယ်။

ဆိုးရွားတဲ့ လက်ရှိရာသီဥတုကြောင့် ပါကစ္စတန်အပြင် အိန္ဒိယနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှာလည်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသကတော့ အဆိုးရွားဆုံးခံစားခဲ့ရပြီး လူ ၆၂ ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားတဲ့ ဂျမူးနဲ့ ကက်ရှမီးယားဒေသမှာလည်း ရာသီဥတုဆိုးရွားမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ကြာကာလအတွင်း သေဆုံးသူ ၂၄ ဦးနဲ့ ဒါဏ်ရာရရှိသူ ၄၀ ဦးရှိနေကာ သေဆုံးမှုအများစုဟာ လွန်ခဲ့သုံးရက်အတွင်းက ဖြစ်ပါတယ်။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #ကက်ရှမီးယားဒေသ #ရာသီဥတုဆိုးရွားမှု #လူသေဆုံး

Zawgyi

ကက္ရွမီးယားေဒသမွာ ရာသီဥတုဆိုးရြားမႈေၾကာင္႔ လူ ၆၂ ဦးေသဆံုး

အစၥလာမၼာဘတ္၊ ဇန္န၀ါရီ-၁၅-၂၀၂၀
မ်ိဳးဆက္ (VOM)

ပါကစၥတန္ထိန္းခ်ဳပ္ထားတဲ႔ ကက္ရွမီးယားေဒသမွာ လြန္ခဲ႔တဲ့သံုးရက္က ဆီးနွင္းေတြျပိဳက်ျပီး ေျမျပိဳမႈေတြျဖစ္ေပၚခဲ႔တဲ့အတြက္ လူ ၆၂ ဦးထက္မနည္းေသဆံုးသြားျပီး အမ်ားအျပားေပ်ာက္ဆံုးေနပါတယ္။

အထူးသျဖင္႔ ကက္ရွမီးယားေဒသရိွ နီးလမ္ေတာင္ၾကားေဒသမွာ ရာသီဥတုဒါဏ္ကို အျပင္းအထန္ခံစားခဲ႔ရျပီး လူမ်ားအျပားလည္း အကူအညီမဲ႔ေနၾကပါတယ္။

အဲဒီေဒသဟာ ရာသီဥတုေဘးအႏၱရာယ္ က်ေရာက္လြယ္တဲ႔ေနရာျဖစ္ျပီး လက္ရိွေသဆံုးမႈေတြဟာ မၾကာေသးမီွႏွစ္ေတြအတြင္း လူအေသအေပ်ာက္အမ်ားဆံုးျဖစ္ပါတယ္။

ဆိုးရြားတဲ႔ လက္ရိွရာသီဥတုေၾကာင္႔ ပါကစၥတန္အျပင္ အိႏိၵယနဲ႔ အာဖဂန္နစၥတန္နိုင္ငံတို႔မွာလည္း လူဒါဇင္ေပါင္းမ်ားစြာ ေသဆံုးခဲ႔ပါတယ္။

ပါကစၥတန္ထိန္းခ်ဳပ္ထားတဲ႔ ကက္ရွမီးယားေဒသကေတာ႔ အဆိုးရြားဆံုးခံစားခဲ႔ရျပီး လူ ၆၂ ဦးေသဆံုးကာ အမ်ားအျပား ေပ်ာက္ဆံုးေနဆဲျဖစ္တယ္လို႔ ပါကစၥတန္ အမ်ိဳးသားသဘာ၀ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈ အာဏာပိုင္ေတြက ေျပာပါတယ္။

အိႏိၵယနိုင္ငံက အုပ္ခ်ဳပ္ထားတဲ႔ ဂ်မူးနဲ႔ ကက္ရွမီးယားေဒသမွာလည္း ရာသီဥတုဆိုးရြားမႈေၾကာင္႔ လူရွစ္ဦးေသဆံုးခဲ႔ျပီး အာဖဂန္နစၥတန္နိုင္ငံမွာေတာ႔ လြန္ခဲ႔တဲ႔သီတင္းနွစ္ပတ္ၾကာကာလအတြင္း ေသဆံုးသူ ၂၄ ဦးနဲ႔ ဒါဏ္ရာရရိွသူ ၄၀ ဦးရိွေနကာ ေသဆံုးမႈအမ်ားစုဟာ လြန္ခဲ႔သံုးရက္အတြင္းက ျဖစ္ပါတယ္။

Ref : BBC Photo:AFP
#VOM #voiceofmyanmar #ကက္ရွမီးယားေဒသ #ရာသီဥတုဆိုးရြားမႈ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW