နျူကလီယားစာချုပ်ကို အီရန်ချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ တရားဝင်စွပ်စွဲ
လန်ဒန်၊ ဇန်နဝါရီ-၁၅-၂၀၂၀ မျိုးဆက် (VOM) အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ပြုလုပ်ထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က တရားဝင်စွပ်စွဲလိုက်ပြီး ဒီသဘောတူညီချက်အောက်မှာ ရုပ်သိမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကို နောက်ဆုံးမှာ ပြန်လည်ချမှတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေမယ့် နျူကလီးယားပြန့်ပွားမှု ထပ်မံဖြစ်ပေါ်လာမယ့်ပြသနာကို ကျော်လွှားဖို့ လုပ်ဆောင်နေတယ်လို့ ဥရောပအင်အားကြီး သုံးနိုင်ငံကပြောပါတယ်။ အီရန်အနေနဲ့စာချုပ်ကို ချိုးဖောက်စရာအကြောင်းမရှိကြောင်း ၊ စာချုပ်ချိုးဖောက်ခြင်းဟာ မဟာဗျူဟာအမှားအဖြစ် အီရန်ကပယ်ချထားတယ်လို့ နျူကလီးယား စာချုပ်ကိုလက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ရုရှားနိုင်ငံကပြောပါတယ်။ အီရန်နဲ့အတူ နျူကလီးယားသဘောတူစာချုပ်ကို အောင်မြင်ဖို့လိုလားကြောင်း၊ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ စာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အမြင့်ဆုံးဖိအားပေးတဲ့မူဝါဒမှာ ပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကပြောပါတယ်။ နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ တရားဝင်စွပ်စွဲမှုဟာ သဘောတူညီချက်နဲ့ပတ်သက်ပြီး…
Read More
တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါဟာ လူကနေလူကိုမကူးစက်နိုင်သလို သေဆုံးမှုနည်းတဲ့အတွက် စိုးရိမ်စရာမရှိ
ရန်ကုန် ဇန်နဝါရီ ၁၅-၂၀၂၀ သိင်္ဂီ (VOM) တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ နမိုးနီးယား တုပ်ကွေးရောဂါဟာ လူကနေလူကိုမကူးစက်နိုင်သလို သေဆုံးမှုပမာဏ အလွန်နည်းတဲ့အတွက် စိုးရိမ်စရာမရှိတဲ့အနေအထားဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး လူနာတွေဖြစ်ပွားနိုင်ခြေရှိတဲ့ တရုတ်ပြည်ကနေ မြန်မာနိင်ငံထဲ ဝင်ထွက်တဲ့နေရာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနာက စောင့်ကြပ်ကြည့်ရှုတာတွေလုပ်နေသလို တရုတ်ပြည်နဲ့ဆက်စပ်နေတဲ့ ဝင်ပေါက်ထွက်ပေါက်၊ တရုတ်ပြည်ကလေယာဉ်လိုင်းတွေ အများဆုံးဝင်တဲ့မန္တလေးလေဆိပ်မှာပါ စောင့်ကြပ်ကြည့်ရှုတာလုပ်နေတယ်လို့ သိရပါတယ်။ ” နမိုးနီးယား ဝူဟန်နဲ့ပတ်သက်ပြီး နောက်ဆုံးသိရတာပေါ့၊ WHOကတွေ့ရှိချက်ပြောချင်ပါ တယ်၊ အဲ့ဒီမှာဒီရောဂါက လူကိုလူကကူးတာမရှိဘူးဆိုတဲ့ အချက်ကိုတွေ့ရှိရတယ်။ နောက်တစ်ခါ သေဆုံးတဲ့အနေအထားကြည့်လိုက်တော့ လူကနေလူကိုမကူးဘူး။ လူကနေလူကိုမကူးဘူးဆိုတာရယ် သေဆုံးနိုင်တဲ့နူန်းအရမ်းနည်းတယ်ဆိုတာရယ်၊ ကျွန်တော်တို့ စိုးရိမ်ပူပန်မူနည်းတယ်။ ဒါပေမယ့်တရုတ်ပြည်နဲ့ ဆက်စပ်နေတဲ့ ဝင်ပေါက်ထွက်ပေါက်၊ မူဆယ်လို တရုတ်နဲ့တိုက်ရိုက်ဆက်စပ်ဝင်တဲ့ဂိတ်တွေမှာ ကျန်းမာရေးဌာနတွေက စောင့်ကျပ်ကြည့်ရှုနေပါတယ်။ကျွန်တော်တို့ရဲ့ ဒီရောဂါအပေါ် ကာကွယ်မှုအနေနဲ့ အရမ်းစိုးရိမ်တဲ့အဆင့်မှာ မရှိတော့ဘူး။ စိုးရိမ်မှု၊ ပူပန်မှုလယ်ပယ်က အရင်လိုမဟုတ်တော့ဘူး ။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန…
Read More
ကက်ရှမီးယားဒေသမှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၆၂ ဦးသေဆုံး
အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၅-၂၀၂၀ မျိုးဆက် (VOM) ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသမှာ လွန်ခဲ့တဲ့သုံးရက်က ဆီးနှင်းတွေပြိုကျပြီး မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၆၂ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားပျောက်ဆုံးနေပါတယ်။ အထူးသဖြင့် ကက်ရှမီးယားဒေသရှိ နီးလမ်တောင်ကြားဒေသမှာ ရာသီဥတုဒါဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး လူများအပြားလည်း အကူအညီမဲ့နေကြပါတယ်။ အဲဒီဒေသဟာ ရာသီဥတုဘေးအန္တရာယ် ကျရောက်လွယ်တဲ့နေရာဖြစ်ပြီး လက်ရှိသေဆုံးမှုတွေဟာ မကြာသေးမှီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံးဖြစ်ပါတယ်။ ဆိုးရွားတဲ့ လက်ရှိရာသီဥတုကြောင့် ပါကစ္စတန်အပြင် အိန္ဒိယနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှာလည်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသကတော့ အဆိုးရွားဆုံးခံစားခဲ့ရပြီး လူ ၆၂ ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားတဲ့ ဂျမူးနဲ့ ကက်ရှမီးယားဒေသမှာလည်း ရာသီဥတုဆိုးရွားမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ကြာကာလအတွင်း သေဆုံးသူ ၂၄ ဦးနဲ့ ဒါဏ်ရာရရှိသူ ၄၀ ဦးရှိနေကာ သေဆုံးမှုအများစုဟာ…
Read More
မတ်လကုန်ထိ ကျောင်းဖွင့်ရက်သတ်မှတ်တာကို ကန့်ကွက်တဲ့ဖဲကြိုးစိမ်းလှုပ်ရှားမှု စစ်ကိုင်းမှာပြုလုပ်
Read More
ကျားဖောင်ပေါ်မှာ ဖောင်ဦးစီးအသတ်ခံရပြီး နောက်လိုက်နှစ်ဦးပျောက်ဆုံးနေ
ရေး၊ ဇန်နဝါရီ ၁၅-၂၀၂၀ မိုးယံ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ကမ်းမှ ပင်လယ်ရေမိုင် ၂၅ခန့်အကွာရှိ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းမှာ ဖောင်ဦးစီးကိုဓားနဲ့ထိုး၊ ရဲဒင်းနဲ့ခုတ်သတ်ခဲ့တဲ့ တရားခံနှစ်ဦးပျောက်ဆုံးနေတဲ့အတွက် ရဲတပ်ဖွဲ့က ချိတ်ဆက်ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ရက်နေ့က ဖောင်ဦးစီး ဦးမျိုးမင်းကို သူ့ရဲ့တပည့်တွေဖြစ်တဲ့ ကိုထက်ကိုနဲ့ ကိုနေလင်းဦးတို့က ကျားဖောင်လုပ်ငန်းမှာ ဓားနဲ့ထိုး ရဲဒင်းနဲ့ခုတ်သတ်ခဲ့တယ်ဆိုပြီး အလုပ်ရှင်က တရားလိုပြုလုပ်တိုင်တန်းထားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။ ငါးပေါင်းစက်လှေမောင်းတဲ့ ကိုတင်လှိုင်က ဖောင်ဦးစီးဦးမျိုးမင်းကို အသက်မသေပဲရှာတွေ့ခဲ့ပြီးနောက် ကမ်းကိုပြန်ခေါ်လာခဲ့ကာ ရေးမြို့နယ်ဆေးရုံးကို ပို့ဆောင်ကုသခဲ့ရတာဖြစ်ပါတယ်။ ‟ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ရဲစခန်းတွေကိုချိတ်ဆက်ပြီး တရားခံံကို ဖမ်းဆီးရမိဖို့လုပ်နေပါတယ်။ ဇန်နဝါရီ၁ရက်နေ့က ဖောင်ဦးစီးကို သူ့တပည့်နောက်လိုက်၂ယောက်ကသတ်တာပါ၊ ဖောင်ဦးစီး ဦးမျိုးမင်းကို သူတပည့် ရေလုပ်သားတွေဖြစ်တဲ့ ကိုထက်ကိုနဲ့ ကိုနေလင်းဦး တို့ ကသတ်တာလို့သိရတယ်။ ငါးပေါင်းစက်လှေသွားတော့ ဦးမျိုးမင်းတို့ကျားဖောင်က ကျားတန်းမှာ…
Read More
မြန်မာ့အလင်း သတင်းစာမှာဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ပိုင်ကားကို မိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်ကို အေအေငြင်းဆို
မြောက်ဦး၊ ဇန်နဝါရီ ၁၅-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်နှစ်စီးကို အေအေအဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တဲ့အတွက် မော်တော်ယာဉ်ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အဲ့ဒီကိစ္စရပ်မှာ အေအေအဖွဲ့နဲ့ မသက်ဆိုင်တဲ့အတွက် လုံးဝငြင်းဆိုလိုတယ်လို့ အေအေကငြင်းဆိုချက် ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီး အစိုးရသတင်းစာတစ်ခုအနေနဲ့ မမှန်ကန်တဲ့သတင်းတွေကို ရေးသားဖော်ပြနေတာဟာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် သတင်းတွေကို သေချာစွာစိစစ်ပြီးတင်ဖို့ အကြံပြုလိုပါတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ရေးသားချက်မှာ” ဇန်နဝါရီလ ၁၁ရက် နံနက် ၉နာရီ၄၅ မိနစ်အချိန်ခန့်မှာ မြောက်ဦးမြို့၊ နယ်မြေခံရဲတပ်ဖွဲ့မှ မိသားစုဝင်တွေဟာ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ် ၂ စီးနဲ့ မြောက်ဦးမြို့မဈေးကို သွားရောက်ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့၊ သကျမာန်အောင်ဘုရားအနီးမှာ AA အဖွဲ့က အဝေးထိန်းမိုင်း တစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ပိုင်…
Read More
စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ
စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ စစ်ကိုင်း ဇန်နဝါရီ ၁၅-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် ကျောက်တာရွာက ကျောက်ပျဉ်ထုတ်လုပ်ရောင်း ချနေသူတွေဟာ ယခင်က အနီးအနားပတ်ဝန်းကျင် မင်းဝံတောင်ရိုးကနေထွက်တဲ့ ကုန်ကြမ်းသဲကျောက်တွေနဲ့ ထုတ်လုပ် လုပ်ကိုင်ခဲ့ရာကနေ ကုန်ကြမ်းသဲကျောက်တွေ မရရှိနိုင်တော့တဲ့အတွက် ကောလင်းမြို့နယ်ကနေ အဓိကထားမှာယူ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ မိုးတွင်းကာလမှာတော့ ကုန်ကြမ်းထုတ်တဲ့တွင်းတွေထဲ ရေတွေဝင်ရောက်ပြီး တွင်းတွေ ပိတ်မှုဖြစ်ပေါ်တဲ့ အတွက် ကုန်ကြမ်းဝယ်ယူရရှိမှု အခက်အခဲတွေ ရှိတာကြောင့် မိုးတွင်းကာလမှာ ထုတ်လုပ်ရောင်းချရာမှာတော့ တွင်ကျယ်မှု မရှိဘူးလို့ သိရပါတယ်။ ကျောက်တာရွာက ထွက်တဲ့ ကျောက်ပျဉ်တွေကို ရန်ကုန် ၊ ပြည် ၊မကွေး၊ စတဲ့ မြို့နယ်တွေကို တင်ပို့ရောင်းချကြပါတယ်။ တင်ပို့ရောင်းချရာမှာ (၁၂) လက်မ ကျောက်ပျဉ်တစ်ချပ်ကို ငွေကျပ် (၁၄၀၀)ကျပ် ( ၉) လက်မ ကျောက်ပျဉ်တချပ်ကို ငွေကျပ်…
Read More
ရေကြောင်းခရီးသွားလာမှုတားမြစ်ထားလို့ အမ်းမှာ ဒေသခံတွေ ခရီးသွားလာရေးအခက်တွေ့
ရေကြောင်းခရီးသွားလာမှုတားမြစ်ထားလို့ အမ်းမှာ ဒေသခံတွေ ခရီးသွားလာရေးအခက်တွေ့ အမ်း၊ ဇန်နဝါရီ ၁၅- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်မှာ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားပြီးနောက် ဒလက်ချောင်းတစ်လျှောက် ရေကြောင်းသွားလာခွင့်တွေကိုပိတ်ထားတာ သုံးလနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ ခရီးသွားလာရေးမှာ အခက်အခဲတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဖက်က ရေလမ်းကြောင်းဖြတ်တောက်တာဟာ အေအေနဲ့ဆက်သွယ်မှုမရှိစေဖို့ ဖြတ်တောက်ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။ ” တပ်မတော်ဖက်ကတော့ ဟိုဖက်ကနေအဆက်သွယ်ပြတ်အောင် ပြည်သူလူထုတွေကို ရေကြောင်းခရီးသွားလာတာတွေကို ပိတ်ပင်ထားတယ်။ ဆန်၊ စပါးတွေ၊ သစ်သီးဝလံတွေဆိုရင်လည်း သယ်ချင်သလောက်သယ်လို့မရဘူး။ ရောင်းဝယ်ချင်သလောက်ရောင်းဝယ်လို့မရဘူး။ ဒီလို ဖြတ်တောက်ထားတာ (၃)လ လောက်ရှိပြီဖြစ်တယ်။” လို့ အမည်မဖော်လိုတဲ့ အမ်းမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။ ယခုလို ရေကြောင်းခရီးသွားလာမှုတွေကို ပိတ်ပင်တားမြစ်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အခြေခံစားဝတ်နေရေးအတွက်အခက်အခဲရှိနိုင်တယ်လို့လည်း အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကသုံးသပ်ပါတယ်။ ” စစ်ဘေးရှောင်လာကြတဲ့ပြည်သူတွေက အမ်းမြို့နယ် ဒလက်အထက်ဖက်ကို သွားလာဖို့ခက်ခဲတယ်။ သွားလာလို့မရဘူးလို့ သူတို့ကပြောထားတာရှိတယ်။…
Read More
ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး လာမယ့်ဖေဖော်ဝါရီမှာစတင်မယ်
ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး လာမယ့်ဖေဖော်ဝါရီမှာစတင်မယ် ရန်ကုန်၊ဇန်နဝါရီ ၁၅-၂၀၂၀ သိင်္ဂီ(VOM) ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံဆို့-မေးခိုင်ဖြစ်ပွားမူ့ကိုကာကွယ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုး တိုက်ကျွေးတဲ့ အစီစဉ်မှာ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ထည့်သွင်းသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာနကသိရပါတယ်။ ဒီကာကွယ်ဆေးကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ပြီး ဆုံဆို့-မေးခိုင်းကာကွယ်ရေး စတုတ္ထအကြိမ်မှာ ထည့်သွင်း တိုက်ကျွေးမှာဖြစ်တယ်လို့ မနေ့ ဇန်နဝါရီလ ၁၄ ရက်ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ တာဝန်ရှိသူတွေကပြောဆိုလိုက်တာပါ။ “မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု့များတယ်သေဆုံးမှုလည်းများတယ်၊ ဒါကြောင့်ထည့်သင့်တယ်ဆိုပြီး အကြံပေးကော်မတီက လွန်ခဲ့တဲ့ ၈နှစ်ကစပြီးဆုံးဖြတ်ထားတာပါ ၊ ဒါပေမယ့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကဈေးကအကြီးဆုံးဖြစ်ပါတယ်။ အအေးလမ်းကြောင်းထိန်းပစ္စည်းရရှိမှု့ကိုလည်း ထည့်သွင်းစဉ်းစားရတာကြောင့် ဒီနစ်မှာထည့်မယ်လို့ဆုံးဖြတ်လိုက်တာပါ။ မြန်မာနိုင်ငံမှာရှိနေတဲ့ ဆေးကလဲ WHOက သေချာသုသေသနလုပ်ထားတဲ့ဆေးဖြစ်ပါတယ်။ ‘’လို့ ပြည်သူ့ကျန်းမာရေးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းကပြောပါတယ်။ မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်တဲ့ပြင်းထန်ဝမ်းပျက်၊…
Read More
VOM News
FREE
VIEW