မတ်လကုန်ထိ ကျောင်းဖွင့်ရက်သတ်မှတ်တာကို ကန့်ကွက်တဲ့ဖဲကြိုးစိမ်းလှုပ်ရှားမှု စစ်ကိုင်းမှာပြုလုပ်

စစ်ကိုင်း၊ ဇန်နဝါရီလ ၁၅-၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့ ၊ကမ်းနားလမ်းအနီးက စစ်ကိုင်းပညာရေးကောလိပ်မှာ ဒီကနေ့မနက်ပိုင်းက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကနေ အခြေခံပညာကျောင်းတွေကို ကျောင်းဖွင့်ရက်ကာလ မတ်လကုန်ထိ တိုးမြှင့်သတ်မှတ်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကဦးဆောင်ပြီး ကျောင်းသူ ကျောင်းသား ဦးရေ ၅၀ ကျော် နဲ့ ပြုလုပ်ပြီး ပညာရေးကောလိပ်ကျောင်းသားကျောင်းသူတွေကို ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက ဖဲကြိုးစိမ်းတပ်ဆင်ပေးတဲ့ လှုပ်ရှားမှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာရေးရှိ ဝန်ထမ်းအဖွဲ့အစည်းများ၊သမဂ္ဂများ အပါအဝင် ကျောင်းသားသမဂ္ဂများ နဲ့ ညိုနှိုင်းတိုင်ပင်ပြီး အသစ်ပြန်လည်သတ်မှတ်တဲ့အချိန်မှသာ ဒီဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားသွားမှာဖြစ်တယ်လို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီကနေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ပညာရေးကောလိပ် #ဖဲကြိုးစိမ်းလှုပ်ရှားမှု

Zawgyi

မတ္လကုန္ထိ ေက်ာင္းဖြင့္ရက္သတ္မွတ္တာကုိ ကန္႔ကြက္တဲ့ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ စစ္ကိုင္းမွာျပဳလုပ္

စစ္ကုိင္း၊ ဇန္နဝါရီလ ၁၅-၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကုိင္းျမိဳ႕ ၊ကမ္းနားလမ္းအနီးက စစ္ကိုင္းပညာေရးေကာလိပ္မွာ ဒီကေန႔မနက္ပိုင္းက ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနကေန အေျခခံပညာေက်ာင္းေတြကုိ ေက်ာင္းဖြင့္ရက္ကာလ မတ္လကုန္ထိ တိုးျမႇင့္သတ္မွတ္ျခင္းအေပၚ ကန႔္ကြက္တဲ့အေနနဲ႕ ဖဲႀကိဳးစိမ္းလွုပ္ရွားမွုျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီ ဖဲႀကိဳးစိမ္းလွဳပ္ရွားမွဳကို စစ္ကိုင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢကဦးေဆာင္ျပီး ေက်ာင္းသူ ေက်ာင္းသား ဦးေရ ၅၀ ေက်ာ္ နဲ႔ ၿပဳလုပ္ျပီး ပညာေရးေကာလိပ္ေက်ာင္းသားေက်ာင္းသူေတြကုိ ေက်ာင္းသားမ်ားသမဂၢအဖြဲ႔ဝင္ေတြက ဖဲႀကိဳးစိမ္းတပ္ဆင္ေပးတဲဲ့ လွုပ္ရွားမွုမ်ားျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အေၿခခံပညာေရးရွိ ဝန္ထမ္းအဖြဲ႕အစည္းမ်ား၊သမဂၢမ်ား အပါအဝင္ ေက်ာင္းသားသမဂၢမ်ား နဲ႕ ညုိႏႈိင္းတုိင္ပင္ၿပီး အသစ္ျပန္လည္သတ္မွတ္တဲ့အခ်ိန္မွသာ ဒီဖဲႀကဳိးစိမ္းလႈပ္ရွားမႈကုိ ရပ္နားသြားမွာျဖစ္တယ္လုိ႕ ဖဲႀကဳိးစိမ္းလႈပ္ရွားမႈဦးေဆာင္ေကာ္မတီကေန ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ပညာေရးေကာလိပ္ #ဖဲႀကိဳးစိမ္းလွဳပ္ရွားမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW