စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ

စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ

စစ်ကိုင်း ဇန်နဝါရီ ၁၅-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ် ကျောက်တာရွာက ကျောက်ပျဉ်ထုတ်လုပ်ရောင်း ချနေသူတွေဟာ ယခင်က အနီးအနားပတ်ဝန်းကျင် မင်းဝံတောင်ရိုးကနေထွက်တဲ့ ကုန်ကြမ်းသဲကျောက်တွေနဲ့ ထုတ်လုပ် လုပ်ကိုင်ခဲ့ရာကနေ ကုန်ကြမ်းသဲကျောက်တွေ မရရှိနိုင်တော့တဲ့အတွက် ကောလင်းမြို့နယ်ကနေ အဓိကထားမှာယူ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

မိုးတွင်းကာလမှာတော့ ကုန်ကြမ်းထုတ်တဲ့တွင်းတွေထဲ ရေတွေဝင်ရောက်ပြီး တွင်းတွေ ပိတ်မှုဖြစ်ပေါ်တဲ့ အတွက် ကုန်ကြမ်းဝယ်ယူရရှိမှု အခက်အခဲတွေ ရှိတာကြောင့် မိုးတွင်းကာလမှာ ထုတ်လုပ်ရောင်းချရာမှာတော့ တွင်ကျယ်မှု မရှိဘူးလို့ သိရပါတယ်။

ကျောက်တာရွာက ထွက်တဲ့ ကျောက်ပျဉ်တွေကို ရန်ကုန် ၊ ပြည် ၊မကွေး၊ စတဲ့ မြို့နယ်တွေကို တင်ပို့ရောင်းချကြပါတယ်။ တင်ပို့ရောင်းချရာမှာ (၁၂) လက်မ ကျောက်ပျဉ်တစ်ချပ်ကို ငွေကျပ် (၁၄၀၀)ကျပ် ( ၉) လက်မ ကျောက်ပျဉ်တချပ်ကို ငွေကျပ် ၁၀၀၀ ကျပ် (၈ )လက်မ ကျောက်ပျဉ်တစ်ချပ်ကို ငွေကျပ် ၈၀၀ ကျပ် စတဲ့ အရွယ်အစား မူတည်ပြီး ဈေးအမျိုးမျိုးရောင်းချကြပါတယ်။

ကျောက်ပြင်လုပ်တဲ့ ကျောက်တာရွာက လုပ်ငန်းခွင်ကို မောင်တာရာက သွားရောက်ရိုက်ကူး ပေးပို့တင်ဆက်ထားပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းကျောက်တာရွာ #ကျောက်ပြင်လုပ်ငန်း

Zawgyi

စစ္ကိုုင္း ေက်ာက္တာမွာ ေက်ာက္ျပင္ထုတ္တဲ့ ကုန္ၾကမ္းေက်ာက္ရွားပါးလာ

စစ္ကုိင္း ဇန္နဝါရီ ၁၅-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမိဳ႕နယ္ ေက်ာက္တာရြာက ေက်ာက္ပ်ဥ္ထုတ္လုပ္ေရာင္း ခ်ေနသူေတြဟာ ယခင္က အနီးအနားပတ္ဝန္းက်င္ မင္းဝံေတာင္ရုိးကေနထြက္တဲ့ ကုန္ႀကမ္းသဲေက်ာက္ေတြနဲ႕ ထုတ္လုပ္ လုပ္ကုိင္ခဲ့ရာကေန ကုန္ႀကမ္းသဲေက်ာက္ေတြ မရရွိႏုိင္ေတာ့တဲ့အတြက္ ေကာလင္းၿမဳိ႕နယ္ကေန အဓိကထားမွာယူ လုပ္ကုိင္ေနရတယ္လုိ႕ သိရပါတယ္။

မုိးတြင္းကာလမွာေတာ့ ကုန္ျကမ္းထုတ္တဲ့တြင္းေတြထဲ ေရေတြဝင္ေရာက္ၿပီး တြင္းေတြ ပိတ္မႈၿဖစ္ေပၚတဲ့ အတြက္ ကုန္ၾကမ္းဝယ္ယူရရွိမႈ အခက္အခဲေတြ ရွိတာေႀကာင့္ မုိးတြင္းကာလမွာ ထုတ္လုပ္ေရာင္းခ်ရာမွာေတာ့ တြင္က်ယ္မႈ မရွိဘူးလိုု႕ သိရပါတယ္။

ေက်ာက္တာရြာက ထြက္တဲ့ ေက်ာက္ပ်ဥ္ေတြကုိ ရန္ကုန္ ၊ ျပည္ ၊မေကြး၊ စတဲ့ ၿမဳိ႕နယ္ေတြကုိ တင္ပုိ႕ေရာင္းခ်ႀကပါတယ္။ တင္ပုိ႔ေရာင္းခ်ရာမွာ (၁၂) လက္မ ေက်ာက္ပ်ဥ္တစ္ခ်ပ္ကုိ ေငြက်ပ္ (၁၄၀၀)က်ပ္ ( ၉) လက္မ ေက်ာက္ပ်ဥ္တခ်ပ္ကုိ ေငြက်ပ္ ၁၀၀၀ က်ပ္ (၈ )လက္မ ေက်ာက္ပ်ဥ္တစ္ခ်ပ္ကုိ ေငြက်ပ္ ၈၀၀ က်ပ္ စတဲ့ အရြယ္အစား မူတည္ၿပီး ေစ်းအမ်ဳိးမ်ဳိးေရာင္းခ်ႀကပါတယ္။

ေက်ာက္ျပင္လုုပ္တဲ႕ ေက်ာက္တာရြာက လုုပ္ငန္းခြင္ကိုု ေမာင္တာရာက သြားေရာက္ရိုုက္ကူး ေပးပိုု႕တင္ဆက္ထားပါတယ္။

#voiceofmyanmar #VOM #စစ္ကိုုင္းေက်ာက္တာရြာ #ေက်ာက္ျပင္လုုပ္ငန္း

Related posts

Leave a Comment

VOM News

FREE
VIEW