ရေကြောင်းခရီးသွားလာမှုတားမြစ်ထားလို့ အမ်းမှာ ဒေသခံတွေ ခရီးသွားလာရေးအခက်တွေ့

ရေကြောင်းခရီးသွားလာမှုတားမြစ်ထားလို့ အမ်းမှာ ဒေသခံတွေ ခရီးသွားလာရေးအခက်တွေ့

အမ်း၊ ဇန်နဝါရီ ၁၅- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်မှာ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားပြီးနောက် ဒလက်ချောင်းတစ်လျှောက် ရေကြောင်းသွားလာခွင့်တွေကိုပိတ်ထားတာ သုံးလနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ ခရီးသွားလာရေးမှာ အခက်အခဲတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ဖက်က ရေလမ်းကြောင်းဖြတ်တောက်တာဟာ အေအေနဲ့ဆက်သွယ်မှုမရှိစေဖို့ ဖြတ်တောက်ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

” တပ်မတော်ဖက်ကတော့ ဟိုဖက်ကနေအဆက်သွယ်ပြတ်အောင် ပြည်သူလူထုတွေကို ရေကြောင်းခရီးသွားလာတာတွေကို ပိတ်ပင်ထားတယ်။ ဆန်၊ စပါးတွေ၊ သစ်သီးဝလံတွေဆိုရင်လည်း သယ်ချင်သလောက်သယ်လို့မရဘူး။ ရောင်းဝယ်ချင်သလောက်ရောင်းဝယ်လို့မရဘူး။ ဒီလို ဖြတ်တောက်ထားတာ (၃)လ လောက်ရှိပြီဖြစ်တယ်။” လို့ အမည်မဖော်လိုတဲ့ အမ်းမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

ယခုလို ရေကြောင်းခရီးသွားလာမှုတွေကို ပိတ်ပင်တားမြစ်ထားတာကြောင့် ပြည်သူတွေအနေနဲ့ အခြေခံစားဝတ်နေရေးအတွက်အခက်အခဲရှိနိုင်တယ်လို့လည်း အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကသုံးသပ်ပါတယ်။

” စစ်ဘေးရှောင်လာကြတဲ့ပြည်သူတွေက အမ်းမြို့နယ် ဒလက်အထက်ဖက်ကို သွားလာဖို့ခက်ခဲတယ်။ သွားလာလို့မရဘူးလို့ သူတို့ကပြောထားတာရှိတယ်။ အဓိကအခြေခံ စားဝတ်နေရေးအတွက် ကျမတို့ပြည်သူတွေက ဒလက်ဖက်ဆိုလို့ရှိရင် ရေကြောင်းခရီးကိုအသုံးပြုရတယ်။ ရေကြောင်းကို အသုံးမပြုရဘူးဆိုရင် ပြည်သူတွေအနေနဲ့ စားဝတ်နေရေးပိုခက်ခဲမယ်။” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကပြောပါတယ်။

ဒလက်ချောင်းအထက်ဖက်ဆိုလျှင် ချင်းလူမျိူ းအများအပြားနေထိုင်ပြီး ရခိုင်လူမျိုးတွေလည်းအများစုရှိကြောင်းသိရပါတယ်။

” အထူးသဖြင့် ဒလက်အထက်ဖက်ဆိုလို့ရှိရင် ချင်းလူမျိုးတွေနေတဲ့နေရာရှိတယ်။ ရခိုင်ဦးရေတွေလည်း အများအစားနေထိုင်ကြတယ်။ ဆိုတော့ ဒီလိုနေရာမှာနေပြီး သွားရေးလာရေးလမ်းကြောင်းတွေကို ဖြတ်တောက်ခြင်းအားဖြင့် သူတို့ရဲ့နေစဉ်ဘဝတွေ ပိုပြီးတော့ခက်ခဲသွားမယ်။ ပြီးတော့ အဲဒီဖက်မှာက လက်လုပ်လက်စားတွေများတယ်။ တစ်နေ့ရှာမှ တစ်နေ့စားရတဲ့ကျမတို့ ပြည်သူတွေရှိတယ်။ အထူးသဖြင့် အမ်းတလျှောက်စားဝတ်နေရေး ကျန်းမာရေး အစစအရာရာ ပိုပြီးခက်ခဲသွားနိုင်ပါတယ်။” လို့ ဒေါ်ထုမေက ပြောပါတယ်။

သာမန်အခြေအနေမှာလည်း မြန်မာနိုင်ငံဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ အခုလိုမျိုး လမ်းပမ်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားတာဟာ ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေကို ပိုပြီးခက်ခဲစေနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

အခုလိုမျိုးရေကြောင်းခရီးလမ်းတွေကို တပ်မတော်က ပိတ်ပင်ထားတာနဲ့ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ိုဆက်သွယ်မေးမြန်းကြည့်တော့
“ အဲ့ဒါကျနော်မသိဘူးခင်ဗျား။ မအားဘူး။ “လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တို့တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိသလို ကုန်းလမ်း၊ ရေလမ်းနဲ့ စားနပ်ရိက္ခာဖြတ်တောက်မှုတွေကို ရခိုင်ပြည်သူလူထုအနေနဲ့ နေ့စဉ်ကြုံတွေ့ ခံစားနေရကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #အမ်း #ရေကြောင်းသွားလာမှုခက်ခဲ

Zawgyi

ေရေၾကာင္းခရီးသြားလာမႈတားျမစ္ထားလိုု႕ အမ္းမွာ ေဒသခံေတြ ခရီးသြားလာေရးအခက္ေတြ႕

အမ္း၊ ဇန္နဝါရီ ၁၅- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေတာင္ပိုင္း၊ အမ္းၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္ပြားၿပီးေနာက္ ဒလက္ေခ်ာင္းတစ္ေလ်ွာက္ ေရေၾကာင္းသြားလာခြင့္ေတြကိုပိတ္ထားတာ သံုးလနီးပါးၾကာျမင့္ေနၿပီျဖစ္ေၾကာင္းနဲ႔ ခရီးသြားလာေရးမွာ အခက္အခဲေတြ႐ွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တပ္မေတာ္ဖက္က ေရလမ္းေၾကာင္းျဖတ္ေတာက္တာဟာ ေအေအနဲ႔ဆက္သြယ္မႈမ႐ွိေစဖို႔ ျဖတ္ေတာက္ဖြယ္႐ွိေၾကာင္း အမည္မေဖာ္လိုတဲ့ေဒသခံတစ္ဦးက ေျပာပါတယ္။

” တပ္မေတာ္ဖက္ကေတာ့ ဟိုဖက္ကေနအဆက္သြယ္ျပတ္ေအာင္ ျပည္သူလူထုေတြကို ေရေၾကာင္းခရီးသြားလာတာေတြကို ပိတ္ပင္ထားတယ္။ ဆန္၊ စပါးေတြ၊ သစ္သီးဝလံေတြဆိုရင္လည္း သယ္ခ်င္သေလာက္သယ္လို႔မရဘူး။ ေရာင္းဝယ္ခ်င္သေလာက္ေရာင္းဝယ္လို႔မရဘူး။ ဒီလို ျဖတ္ေတာက္ထားတာ (၃)လ ေလာက္႐ွိၿပီျဖစ္တယ္။” လို႔ အမည္မေဖာ္လိုတဲ့ အမ္းၿမိဳ႕နယ္က ေဒသခံတစ္ဦးကေျပာပါတယ္။

ယခုလို ေရေၾကာင္းခရီးသြားလာမႈေတြကို ပိတ္ပင္တားျမစ္ထားတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အေျခခံစားဝတ္ေနေရးအတြက္အခက္အခဲရိွႏိုင္တယ္လို႔လည္း အမ္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကသံုးသပ္ပါတယ္။

” စစ္ေဘးေ႐ွာင္လာၾကတဲ့ျပည္သူေတြက အမ္းၿမိဳ႕နယ္ ဒလက္အထက္ဖက္ကို သြားလာဖို႔ခက္ခဲတယ္။ သြားလာလို႔မရဘူးလို႔ သူတို႔ကေျပာထားတာ႐ွိတယ္။ အဓိကအေျခခံ စားဝတ္ေနေရးအတြက္ က်မတို႔ျပည္သူေတြက ဒလက္ဖက္ဆိုလို႔႐ွိရင္ ေရေၾကာင္းခရီးကိုအသံုးျပဳရတယ္။ ေရေၾကာင္းကို အသံုးမျပဳရဘူးဆိုရင္ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးပိုခက္ခဲမယ္။” လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကေျပာပါတယ္။

ဒလက္ေခ်ာင္းအထက္ဖက္ဆိုလ်ွင္ ခ်င္းလူမ်ိဴ းအမ်ားအျပားေနထိုင္ၿပီး ရခိုင္လူမ်ိဳးေတြလည္းအမ်ားစု႐ွိေၾကာင္းသိရပါတယ္။

” အထူးသျဖင့္ ဒလက္အထက္ဖက္ဆိုလို႔႐ွိရင္ ခ်င္းလူမ်ိဳးေတြေနတဲ့ေနရာ႐ွိတယ္။ ရခိုင္ဦးေရေတြလည္း အမ်ားအစားေနထိုင္ၾကတယ္။ ဆိုေတာ့ ဒီလိုေနရာမွာေနၿပီး သြားေရးလာေရးလမ္းေၾကာင္းေတြကို ျဖတ္ေတာက္ျခင္းအားျဖင့္ သူတို႔ရဲ႕ေနစဥ္ဘဝေတြ ပိုၿပီးေတာ့ခက္ခဲသြားမယ္။ ၿပီးေတာ့ အဲဒီဖက္မွာက လက္လုပ္လက္စားေတြမ်ားတယ္။ တစ္ေန႔႐ွာမွ တစ္ေန႔စားရတဲ့က်မတို႔ ျပည္သူေတြ႐ွိတယ္။ အထူးသျဖင့္ အမ္းတေလ်ွာက္စားဝတ္ေနေရး က်န္းမာေရး အစစအရာရာ ပိုၿပီးခက္ခဲသြားႏိုင္ပါတယ္။” လို႔ ေဒၚထုေမက ေျပာပါတယ္။

သာမန္အေျခအေနမွာလည္း ျမန္မာႏိုင္ငံဟာ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ အခုလိုမ်ိဳး လမ္းပမ္းဆက္သြယ္ေရးေတြကို ျဖတ္ေတာက္ထားတာဟာ ျပည္သူေတြရဲ႕ေန႔စဥ္ဘဝေတြကို ပိုၿပီးခက္ခဲေစႏိုင္တယ္လို႔လည္း သူကသံုးသပ္ပါတယ္။

အခုလိုမ်ိဳးေရေၾကာင္းခရီးလမ္းေတြကို တပ္မေတာ္က ပိတ္ပင္ထားတာနဲ႔ပတ္သတ္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗုိလ္မွဴးႀကီးဝင္းေဇာ္ဦးက ိုဆက္သြယ္ေမးျမန္းၾကည့္ေတာ့
“ အဲ့ဒါက်ေနာ္မသိဘူးခင္ဗ်ား။ မအားဘူး။ “လို ႔ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တို႔တိုက္ပြဲေတြေၾကာင့္ အရပ္သားထိခိုက္ေသဆံုးမႈေတြ႐ွိသလို ကုန္းလမ္း၊ ေရလမ္းနဲ႔ စားနပ္ရိကၡာျဖတ္ေတာက္မႈေတြကို ရခိုင္ျပည္သူလူထုအေနနဲ႔ ေန႔စဥ္ၾကံဳေတြ႔ ခံစားေနရေၾကာင္း သိရပါတယ္။

#voiceofmyanmar #VOM #အမ္း #ေရေၾကာင္းသြားလာမွဳခက္ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW