ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး လာမယ့်ဖေဖော်ဝါရီမှာစတင်မယ်

ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး လာမယ့်ဖေဖော်ဝါရီမှာစတင်မယ်

ရန်ကုန်၊ဇန်နဝါရီ ၁၅-၂၀၂၀
သိင်္ဂီ(VOM)

ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံဆို့-မေးခိုင်ဖြစ်ပွားမူ့ကိုကာကွယ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုး တိုက်ကျွေးတဲ့ အစီစဉ်မှာ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ထည့်သွင်းသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာနကသိရပါတယ်။

ဒီကာကွယ်ဆေးကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာစတင်ပြီး ဆုံဆို့-မေးခိုင်းကာကွယ်ရေး စတုတ္ထအကြိမ်မှာ ထည့်သွင်း တိုက်ကျွေးမှာဖြစ်တယ်လို့ မနေ့ ဇန်နဝါရီလ ၁၄ ရက်ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ တာဝန်ရှိသူတွေကပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု့များတယ်သေဆုံးမှုလည်းများတယ်၊ ဒါကြောင့်ထည့်သင့်တယ်ဆိုပြီး အကြံပေးကော်မတီက လွန်ခဲ့တဲ့ ၈နှစ်ကစပြီးဆုံးဖြတ်ထားတာပါ ၊ ဒါပေမယ့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကဈေးကအကြီးဆုံးဖြစ်ပါတယ်။ အအေးလမ်းကြောင်းထိန်းပစ္စည်းရရှိမှု့ကိုလည်း ထည့်သွင်းစဉ်းစားရတာကြောင့် ဒီနစ်မှာထည့်မယ်လို့ဆုံးဖြတ်လိုက်တာပါ။ မြန်မာနိုင်ငံမှာရှိနေတဲ့ ဆေးကလဲ WHOက သေချာသုသေသနလုပ်ထားတဲ့ဆေးဖြစ်ပါတယ်။ ‘’လို့ ပြည်သူ့ကျန်းမာရေးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းကပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်တဲ့ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာကြောင့် ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်တဲ့ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံဆို့-မေးခိုင်ဖြစ်ပွားမူ့တွေကို ထိရောက်စွာလျော့ချဖို့ရည်ရွယ်ချက်နဲ့ ဒီကာကွယ်ဆေးသစ်ကို တိုက်ကျွေးဖို့စီစဉ်တာဖြစ်ပါတယ်။

ကနဦးစတင်တိုက်ကျွေးရာတွင် ဖေဖော်ဝါရီမှာ အသက် ၂လပြည့်မယ့် ကလေးတွေကိုတိုက်ကျွေးမှာဖြစ်ပြီး ကလေး တစ်သိန်းနီးဝန်းကျင်ကို တိုက်ကျွေးမှာဖြစ်ပါတယ်။ ဒီ ၂၀၂၀ ထဲမှာ သတ်မှတ်ထားတဲ့ အသက်ပြည့်သူ ကလေးတစ်သန်းကျော်တိုက်ကျွေးမယ်လို့သိရပါ တယ်။

လက်ရှိမှာတော့ ဒီကာကွယ်ဆေးဟာ ပုဂ္ဂလိကဆေးရုံတွေမှာ ငွေကြေးတတ်နိုင်သူတွေ ထိုးနေပြီး တခြားနိုင်ငံတွေမှာလဲ ထိုးနှံပြီးသားဖြစ်သလို ဈးကွက်အတွင်းမှာရှိနေပြီးသားဆေးဖြစ်ပါတယ်။
ဒီကာကွယ်ဆေးဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်တဲ့ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု့ကို ၈၀ ရာခိုင်နူန်းကနေ ၉၀ရာခိုင်နူန်းအထိ ကာကွယ်နိုင်ပြီး၊ ဖွံဖြိူးဆဲနိုင်ငံတွေမှာတော့ ၄၀ရာခိုင်နူန်းကနေ ၆၀ရာခိုင်နူန်းအထိ ကာကွယ်နိုင်ခဲ့တာကို တွေ့ရှိထားပါတယ်။

၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံကဆေးရုံကြီးတွေမှာ တက်ရောက်ကုသနေတဲ့ ၅နှစ်အောက်ကလေးတွေသေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ ဝမ်းပျက်၊ဝမ်းလျောရောဂါက တတိယအများဆုံးဖြစ်ပြီး၊ ဆေးရုံတက်ရောက်ကုသလူနာတွေထဲမှာလဲ ရိုတာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၈ရာခိုင်နူန်းကနေ၊ ၅၆ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရိုတာဗိုင်းယပ်စ်ကာကွယ်ဆေး #ဝမ်းပျက်ဝမ်းလျော

 

Zawgyi

ရိုတာဗိုင္းရပ္(စ္)ကာကြယ္ေဆး လာမယ့္ေဖေဖာ္ဝါရီမွာစတင္မယ္

ရန္ကုန္၊ဇန္န၀ါရီ ၁၅-၂၀၂၀
သိဂႌ(VOM)

ရိုတာဗိုင္းရပ္(စ္)ပိုးေၾကာင္႔ ျဖစ္တဲ႔ ျပင္းထန္၀မ္းပ်က္၀မ္းေလ်ာေရာဂါနဲ႔ ဆံုဆို႔-ေမးခိုင္ျဖစ္ပြားမူ႕ကိုကာကြယ္ဖို ့ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနရဲ႕ ပံုမွန္ကာကြယ္ေဆးထိုး တိုက္ေက်ြးတဲ႔ အစီစဥ္မွာ ရိုတာဗိုင္းရပ္(စ္)ကာကြယ္ေဆးကို ထည္႔သြင္းသြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီး႒ာနကသိရပါတယ္။

ဒီကာကြယ္ေဆးကို လာမယ့္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာစတင္ျပီး ဆံုဆို႕-ေမးခိုင္းကာကြယ္ေရး စတုတၳအၾကိမ္မွာ ထည္႔သြင္း တိုက္ေက်ြးမွာျဖစ္တယ္လို႔ မေန့ ဇန္နဝါရီလ ၁၄ ရက္ရန္ကုန္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ က်န္းမာေရးနဲ႔အားကစား၀န္ၾကီးဌာန၊ တာဝန္႐ွိသူေတြကေျပာဆိုလိုက္တာပါ။

“ျမန္မာနိုင္ငံမွာ ျဖစ္ပြားမႈ႔မ်ားတယ္ေသဆံုုးမွဳလည္းမ်ားတယ္၊ ဒါေၾကာင္႔ထည္႔သင္႔တယ္ဆိုျပီး အၾကံေပးေကာ္မတီက လြန္ခဲ႔တဲ႔ ၈ႏွစ္ကစျပီးဆံုးျဖတ္ထားတာပါ ၊ ဒါေပမယ္႔ ရိုတာဗိုင္းရပ္(စ္)ကာကြယ္ေဆးကေစ်းကအၾကီးဆံုးျဖစ္ပါတယ္။ အေအးလမ္းေၾကာင္းထိန္းပစၥည္းရရွိမႈ႕ကိုလည္း ထည္႔သြင္းစဥ္းစားရတာေၾကာင့္ ဒီနစ္မွာထည္႔မယ္လို႔ဆံုးျဖတ္လိုက္တာပါ။ ျမန္မာနိုင္ငံမွာရွိေနတဲ႔ ေဆးကလဲ WHOက ေသခ်ာသုေသသနလုပ္ထားတဲ႔ေဆးျဖစ္ပါတယ္။ ‘’လို႔ ျပည္သူ႔က်န္းမာေရး႒ာန ဒုတိယညႊန္ၾကားေရးမွဴးနဲ႔ ကာကြယ္ေဆးထိုးလုပ္ငန္းရဲ႕ စီမံခ်က္မန္ေနဂ်ာ ေဒါက္တာထားထားလင္းကေျပာပါတယ္။

ျမန္မာနိုင္ငံဟာ အာရွႏိုင္ငံေတြထဲမွာ ရိုတာဗိုင္းရပ္(စ္)ပိုးေၾကာင္႔ျဖစ္တဲ႔ျပင္းထန္၀မ္းပ်က္၊ ၀မ္းေလွ်ာေရာဂါျဖစ္ပြားမွဳအမ်ားဆံုးႏိုင္ငံေတြထဲမွာ ပါ၀င္ေနတာေၾကာင့္ ရိုတာဗိုင္းရပ္(စ္)ပိုးေၾကာင္႔ ျဖစ္တဲ႔ျပင္းထန္၀မ္းပ်က္၀မ္းေလ်ာေရာဂါနဲ႔ ဆံုဆို႔-ေမးခိုင္ျဖစ္ပြားမူ႕ေတြကို ထိေရာက္စြာေလ်ာ႔ခ်ဖို႔ရည္ရြယ္ခ်က္နဲ႔ ဒီကာကြယ္ေဆးသစ္ကို တိုက္ေက်ြးဖို့စီစဥ္တာျဖစ္ပါတယ္။

ကနဦးစတင္တိုက္ေကြၽးရာတြင္ ေဖေဖာ္၀ါရီမွာ အသက္ ၂လျပည္႔မယ့္ ကေလးေတြကိုတိုက္ေက်ြးမွာျဖစ္ျပီး ကေလး တစ္သိန္းနီးဝန္းက်င္ကို တိုက္ေက်ြးမွွာျဖစ္ပါတယ္။ ဒီ ၂၀၂၀ ထဲမွာ သတ္မွတ္ထားတဲ႔ အသက္ျပည္႔သူ ကေလးတစ္သန္းေက်ာ္တိုက္ေက်ြးမယ္လို့သိရပါ တယ္။

လက္႐ွိမွာေတာ့ ဒီကာကြယ္ေဆးဟာ ပုဂၢလိကေဆးရံုေတြမွာ ေငြေၾကးတတ္ႏိုင္သူေတြ ထိုးေနျပီး တျခားႏိုင္ငံေတြမွာလဲ ထိုးႏွံျပီးသားျဖစ္သလို စ်းကြက္အတြင္းမွာရွိေနျပီးသားေဆးျဖစ္ပါတယ္။
ဒီကာကြယ္ေဆးဟာ ဖြ့ံျဖိဳးျပီးနိုင္ငံေတြမွာဆိုရင္ ရိုတာဗိုင္းရပ္(စ္)ပိုးေၾကာင္႔ျဖစ္တဲ႔ျပင္းထန္၀မ္းပ်က္၊ ၀မ္းေလွ်ာေရာဂါျဖစ္ပြားမႈ႕ကို ၈၀ ရာခိုင္ႏူန္းကေန ၉၀ရာခိုင္ႏူန္းအထိ ကာကြယ္နိုင္ျပီး၊ ဖြံျဖိဴးဆဲႏိုင္ငံေတြမွာေတာ့ ၄၀ရာခိုင္ႏူန္းကေန ၆၀ရာခိုင္ႏူန္းအထိ ကာကြယ္ႏိုင္ခဲ႔တာကို ေတြ႔ရွိထားပါတယ္။

၂၀၁၉ခုႏွစ္အတြင္း ျမန္မာနိုင္ငံကေဆးရံုၾကီးေတြမွာ တက္ေရာက္ကုသေနတဲ႔ ၅ႏွစ္ေအာက္ကေလးေတြေသဆံုးရတဲ႔အေၾကာင္းရင္းေတြထဲမွာ ၀မ္းပ်က္၊၀မ္းေလ်ာေရာဂါက တတိယအမ်ားဆံုးျဖစ္ျပီး၊ ေဆးရံုတက္ေရာက္ကုသလူနာေတြထဲမွာလဲ ရိုတာဗိုင္းရပ္စ္ပိုးေတြ႔ရွိသူ ၃၈ရာခိုင္ႏူန္းကေန၊ ၅၆ရာခိုင္ႏႈန္းရွိတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ရိုုတာဗိုုင္းယပ္စ္ကာကြယ္ေဆး #ဝမ္းပ်က္ဝမ္းေလ်ာ

Related posts

Leave a Comment

VOM News

FREE
VIEW