တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်း နှစ် ၇၀ အတွင်းအနိမ့်ဆုံးကျဆင်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့လိုက်ပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့တဲ့ နှစ် ၇၀ နောက်ပိုင်း ကလေးမွေးဖွားမှုနှုန်းမှာ အနိမ့်ဆုံးသို့ ကျဆင်းနေပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကလေးမွေးဖွားမှုနှုန်းမှာ လူတစ်ထောင်လျှင် ၁၀ ဒသမ ၄၈ ရာခိုင်နှုန်းသာ ကလေးယူကြပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းမှာ နှစ်ပေါင်းများစွာကျဆင်းနေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

ကလေးမွေးဖွားနှုန်းကျဆင်းနေသော်လည်း လူသေဆုံးမှုနှုန်းနှိမ့်ပါးခြင်းကြောင့် နိုင်ငံ၏လူဦးရေမှာ ၁ ဒသမ ၃၉ ဘီလီယံမှ ၁ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လူဦးရေးတိုးတက်မှုနှုန်းနှေးကွေးစေဖို့အတွက် တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒကို ၁၉၇၉ ခုနှစ်မှာ အစိုးရကစတင်ခဲ့ပြီး ဒီကန့်သတ်ချက်ကို ချိုးဖောက်တဲ့မိသားစုတွေကို ဒါဏ်ရိုက်တာ၊ အလုပ်လက်မဲ့ဖြစ်စေတာ၊ တစ်ခါတစ်ရံ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမူဝါဒကြောင့် ကျား၊ မ လူဦးရေးမညီမျှမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်စေခဲ့ပြီး ၂၀၁၉ ခုနှစ်ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ အမျိုးသားဦးရေဟာ အမျိုးသမီးတွေထက်သန်း ၃၀ ကျော်များပြားနေတယ်လို့ သိရပါတယ်။

Ref : BBC Photo: VCG
#VOM #voiceofmyanmar #တရုတ် #ပေကျင်း #ကလေးမွေးဖွားနူန်းကျဆင်း

Zawgyi

တရုတ္နုိင္ငံရဲ႕ ကေလးေမြးဖြားမႈနႈန္း နွစ္ ၇၀ အတြင္းအနိမ္႔ဆံုးက်ဆင္း

ေပက်င္း၊ ဇန္န၀ါရီ-၁၇-၂၀၂၀
မ်ိဳးဆက္(VOM)

တရုတ္နိုင္ငံမွာ တစ္အိမ္ေထာင္ကေလးတစ္ဦး မူ၀ါဒကုိ ေျဖေလွ်ာ႔လိုက္ေပမယ္႔ တရုတ္ျပည္သူ႔သမၼတနုိင္ငံ စတင္တည္ေထာင္ခဲ႔သည္႔ လြန္ခဲ႔တဲ႔ နွစ္ ၇၀ ေနာက္ပိုင္း ကေလးေမြးဖြားမႈနႈန္းမွာ အနိမ္႔ဆံုးသို႔ က်ဆင္းေနပါတယ္။

၂၀၁၉ ခုနွစ္အတြင္း ကေလးေမြးဖြားမႈနႈန္းမွာ လူတစ္ေထာင္လွ်င္ ၁၀ ဒသမ ၄၈ ရာခိုင္နႈန္းသာ ကေလးယူၾကျပီး ၁၉၄၉ ခုနွစ္ေနာက္ပိုင္း အနည္းဆံုးျဖစ္ေၾကာင္း အမ်ိဳးသားစာရင္းအင္းဗ်ဴရိုရဲ႕ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။

တရုတ္နိုင္ငံရဲဲ႕ကေလးေမြးဖြားမႈနႈန္းမွာ နွစ္ေပါင္းမ်ားစြာက်ဆင္းေနခဲ႔တာျဖစ္ျပီး ကမၻာ႔ဒုတိယစီးပြားေရးအင္အားၾကီးနုိင္ငံအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ပါတယ္။

ကေလးေမြးဖြားနႈန္းက်ဆင္းေနေသာ္လည္း လူေသဆံုးမႈနႈန္းနွိမ္႔ပါးျခင္းေၾကာင္႔ နိုင္ငံ၏လူဦးေရမွာ ၁ ဒသမ ၃၉ ဘီလီယံမွ ၁ ဒသမ ၄ ဘီလီယံအထိ ေရာက္ရိွခဲ႔တာျဖစ္ပါတယ္။

တရုတ္နိုင္ငံမွာ လူဦးေရးတိုးတက္မႈနႈန္းေနွးေကြးေစဖို႔အတြက္ တစ္အိမ္ေထာင္ကေလးတစ္ဦးမူ၀ါဒကို ၁၉၇၉ ခုနွစ္မွာ အစိုးရကစတင္ခဲ႔ျပီး ဒီကန္႔သတ္ခ်က္ကို ခ်ိဳးေဖာက္တဲ႔မိသားစုေတြကို ဒါဏ္ရိုက္တာ၊ အလုပ္လက္မဲ႔ျဖစ္ေစတာ၊ တစ္ခါတစ္ရံ အတင္းအၾကပ္ ကိုယ္၀န္ဖ်က္ခ်တာမ်ိဳးေတြ ျပဳလုပ္ခဲ႔ပါတယ္။

ဒါေပမယ္႔ ဒီမူ၀ါဒေၾကာင္႔ က်ား၊ မ လူဦးေရးမညီမွ်မႈေတြ ဆိုးဆိုးရြားရြားျဖစ္ေပၚေစခဲ႔ျပီး ၂၀၁၉ ခုနွစ္ကိန္းဂဏန္းေတြအရ တရုတ္နုိင္ငံရဲ႕ အမ်ိဳးသားဦးေရဟာ အမ်ိဳးသမီးေတြထက္သန္း ၃၀ ေက်ာ္မ်ားျပားေနတယ္လုိ႔ သိရပါတယ္။

Ref : BBC Photo: VCG
#VOM #voiceofmyanmar #တရုတ္ #ေပက်င္း #ကေလးေမြးဖြားႏူန္းက်ဆင္း

Related posts

Leave a Comment

VOM News

FREE
VIEW