လူသေအလောင်း ၄ လောင်းကို မင်းပြားမြို့နယ်မှာတွေ့ရှိ

မင်းပြား၊ ဇန်နဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအုပ်စု၊ အထက်ငှက်ပျောချောင်းကျေးရွာနဲ့ ဖားပြိုတောင်ခြေရင်းမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က လူသေအလောင်း(၃) လောင်းတွေ့ရှိပြီး ကျန်တဲ့တစ်လောင်းကို မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရှိထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ မင်းပြားမြို့နယ်၊ ကမ်းနီ၊ အထက်ငှက်ပျောချောင်း၊ မေလွမ်း စတဲ့ကျေးရွာတွေက လူတွေပျောက်နေတဲ့အတွက် အကြောင်းကြားထားတာရှိခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ ” အထက်ငှက်ပျောချောင်းက ပျောက်သွားတဲ့သူကတော့ သူတို့ပျောက်သွားတဲ့လူ ဖြစ်နိုင်တယ်လို့ပြောတယ်။ မနက်ဖြန်မြို့နယ်ကိုတက်ပြီးတော့တိုင်၊ ရဲဆီမှာ လူပျောက်တာကိုတိုင် ကျနော်တို့မှာလည်းလူပျောက်နေတယ်။ ဒီနားမှာလည်း အလောင်းသုံးလောင်းတွေ့တယ်ဆိုပြီးကြားနေတယ်။ အဲ့ဒီအလောင်းတွေ ဟုတ်၊မဟုတ်ကို စစ်ဆေးဖို့ ရဲကိုတောင်းဆိုလိုက်ဆိုပြီး ရွာသားတွေကို အကြံဉာဏ်ပေးထားတာရှိတယ်။” လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ မနေ့က…

Read More

ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါကြောင့် တရုတ်မှာ သေဆုံးသူနှစ်ဦးရှိလာ၊ ထိုင်းနှင့်ဂျပန်နိုင်ငံတို့မှာလည်း ကူးစက်ခံရသူတွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါကြောင့် ဒုတိယမြောက် လူနာတစ်ဦးထပ်မံ သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဝူဟန်မြို့မှာ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်လူနာသေဆုံးမှုကို မှတ်တမ်းတင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူကို ထိုင်းနိုင်ငံမှာတွေ့ရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံမှာလည်း ကူးစက်ခံရသူကိုတွေ့ရှိတယ်လို့ ပထမဆုံးအကြိမ် အတည်ပြုခဲ့ကာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါတွေ့ရှိတဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။ ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဒီဗိုင်းရပ်စ်ဟာ သာမန် အအေးမိတုပ်ကွေးရောဂါကနေ သေစေနိုင်လောက်တဲ့ ဆားစ်ရောဂါအထိ ဖြစ်ပွားစေတတ်ပါတယ်။ ဗိုင်းရပ်စ်သစ်ဟာ လူဒါဇင်များစွာကို ကူးစက်ခဲ့ပြီး အများစုကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က ငါးဈေးကြီးတစ်ခုနဲ့ ကူးစက်မှုကဆက်စပ်နေကာ ဒီဈေးကြီးကို ဇန်နဝါရီ ၁ ရက်မှာ ပိတ်ပစ်ခဲ့ပါတယ်။ Ref : BBC Photo: AFP…

Read More

တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်း နှစ် ၇၀ အတွင်းအနိမ့်ဆုံးကျဆင်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့လိုက်ပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့တဲ့ နှစ် ၇၀ နောက်ပိုင်း ကလေးမွေးဖွားမှုနှုန်းမှာ အနိမ့်ဆုံးသို့ ကျဆင်းနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကလေးမွေးဖွားမှုနှုန်းမှာ လူတစ်ထောင်လျှင် ၁၀ ဒသမ ၄၈ ရာခိုင်နှုန်းသာ ကလေးယူကြပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းမှာ နှစ်ပေါင်းများစွာကျဆင်းနေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ကလေးမွေးဖွားနှုန်းကျဆင်းနေသော်လည်း လူသေဆုံးမှုနှုန်းနှိမ့်ပါးခြင်းကြောင့် နိုင်ငံ၏လူဦးရေမှာ ၁ ဒသမ ၃၉ ဘီလီယံမှ ၁ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေးတိုးတက်မှုနှုန်းနှေးကွေးစေဖို့အတွက် တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒကို ၁၉၇၉ ခုနှစ်မှာ အစိုးရကစတင်ခဲ့ပြီး ဒီကန့်သတ်ချက်ကို ချိုးဖောက်တဲ့မိသားစုတွေကို ဒါဏ်ရိုက်တာ၊ အလုပ်လက်မဲ့ဖြစ်စေတာ၊ တစ်ခါတစ်ရံ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချတာမျိုးတွေ…

Read More

မြန်မာအစိုးရအနေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကိစ္စ လက်မှတ်ရေးထိုးနိုင်ရေး အချက်ပေါင်း(၅) ချက်ကိုလိုက်နာရန်လို

ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ(VOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတကြီး ချီကျင့်ဖျင် မြန်မာနိုင်ငံကိုလာရောက်မယ့်ခရီးစဉ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စကို လက်မှတ်ရေးထိုးမယ်ဆိုပါက အချက်ပေါင်း(၅) ချက်ကိုလိုက်နာဖို့လိုအပ်တယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ ၁၆ ရက် ရက်စွဲနဲ့ သဘောထားထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ စစ်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးနဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့နဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေကို ဥပဒေအရအသိအမှတ်ပြုပေးရေး၊ ကိုဖီအာနန်အစီရင်ခံစာအတိုင်း ပြုလုပ်ပေးဖို့၊ ဒေသန္တရမြေယာပိုင်ဆိုင်မှုဓလေ့ကို အကောင်အထည်ဖော်ရေးနဲ့ အစိုးရဟာ ဖော်ပြပါအချက်တွေကိုလိုက်နာမှုမရှိဘဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စကိုလက်မှတ်ရေးထိုးမယ်ဆိုလျှင် ပဋိပက္ခကိုသာဦးတည်စေပြီး ဒါကြောင့် လက်မှတ်ရေးထိုးမယ့် အစီအစဉ်ကို ရပ်တန့်ထားဖို့ တောင်းဆိုလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ ” ထုတ်ပြန်ရတဲ့အကြောင်းအရင်းက တရုတ်စီမံကိန်းတွေ အယင်ကလည်းလုပ်ခဲ့တဲ့စီမံကိန်းတွေထဲမှာ ပွင့်လင်းမြင်သာမှုအားနည်းတယ်။ ဒေသခံလူထုတွေကို ချပြတာအားနည်းတယ်။ ဒေသခံလူထုတွေ နစ်နာမှုတွေကိုဖြေရှင်းတဲ့အခါ အားနည်းတာတွေအများကြီးတွေ့ရတယ်။ ပိုက်လိုင်းစီမံကိန်းဖြစ်ဖြစ် ဒေသခံတွေနစ်နာတာတွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နောက်ပိုင်း…

Read More

အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်း အငတ်ဘေးဆိုက်နေ

ဂျိုဟန်နက်စဘတ်၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်းမှာ စားနပ်ရိက္ခာအကူအညီများ မကြုံစဖူးအရေးပေါ်လိုအပ်နေပြီး အငတ်ဘေးဆိုက်နေရတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၆ ရက်မှာပြောပါတယ်။ အဲဒီငတ်မွတ်ခေါင်းပါးမှုပြသနာဟာ ယခင်ကမတွေ့ဖူးသေးဆဲ့ အတိုင်းအတာမျိုးဖြစ်နေပြီး လက်ရှိအခြေအနေတွေအရ ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လိုလာကတ်စထရိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် လိုအပ်ငွေ ဒေါ်လာ ၄၈၉ သန်းအနက် ဒေါ်လာ ၂၀၅ သန်းသာရရှိထားသေးတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က သတိပေးပြောဆိုပါတယ်။ မိမိတို့မှာ လိုအပ်နေတဲ့ ရန်ပုံငွေမရရှိပါက ရွေးချယ်စရာမရှိကြောင်း၊ ဒါပေမယ့် အလိုအပ်ဆုံးသူတွေကိုတော့ ထောက်ပံ့ပြီး အခက်အခဲတွေလျော့ပါးသက်သာစေဖို့ လုပ်ဆောင်သွားမယ်လို့ ကတ်စထရိုကပြောပါတယ်။ ဒေသတွင်းရှိမိသားစုတွေဟာ အစားအစာလျှော့စားရတာတွ ပုံမှန်မစားသောက်ရတာတွေအပြင် ကလေးငယ်တွေကို ကျောင်းထုတ်ခြင်း၊ တန်ဖိုးကြီးပစ္စည်းတွေကို ရောင်းချခြင်း၊ စိုက်ပျိုးရေးဆုံးရှုံးမှုတွေကို တားဆီးဖို့် ကြွေးမြီတင်တာတွေဖြစ်ပေါ်နေပြီး အမျိုးသမီးနဲ့…

Read More

ရသေ့တောင်မှာ တပ်မတော်စစ်ရေယာဉ်တစ်စီးနဲ့ အေအေ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရသေ့တောင်၊ ဇန်နဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာအနီး၊ မေယုမြစ်အတွင်းမှာ မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ တပ်မတော်စစ်ရေယာဉ်နဲ့ အေအေ အဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားကဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့ကနေ့လည် ၁၂ နာရီလောက်မှာ အဲ့ဒီ တပ်မတော်စစ်ရေယာဉ်ဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လကျေးရွာသို့ ရိက္ခာသွားပို့ပြီး ပြန်အလာမှာ အောက်ကျောင်းတောင်ကျေးရွာက တပ်မတော်သားတွေကို သွားရောက်တင်ဆောင်တဲ့အခါ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။ ” မနေ့က နေ့လည် ၁၂ နာရီလောက်မှာ ညောင်ပင်လှကို ရိက္ခာသွားပို့တယ်။ ပြန်အလာ ၂ နာရီလောက်မှာ အောက်ကျောင်းတောင်က တပ်မတော်သားတွေကို လာတင်တယ်။ အဲ့ဒါမှာ ပစ်ခတ်ခံရတာ။ ပြီးတော့ စစ်ရေယာဉ်ပေါ်က အနီးအနားပတ်ဝန်းကျင်တွေကိုလည်း ရမ်းသန်းပစ်ခတ်တာတွေရှိတယ်။” လို့ ရသေ့တောင်မြို့နယ်…

Read More

သားအိမ်ခေါင်းကင်ဆာ ကို ၈၅ ရာခိုင်နှုန်းကာကွယ်နိုင်မယ့် ကင်ဆာကာကွယ်ဆေး အခမဲ့ထိုးပေးဖို့စီစဉ်

ရန်ကုန် ၊ဇန်နဝါရီ ၁၇-၂၀၂၀ သိင်္ဂီ (VOM) သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၈၅ ရာခိုင်နူန်းထိကာကွယ်ပေးနိုင်မယ့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို လာမယ့်သြဂုတ်လမှာ အခမဲ့ထိုးနှံပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ ဒီရောဂါဟာာ ကမ္ဘာမှာ ဒုတိယအဖြစ်အများဆုံးရောဂါ ဖြစ်ပြီး ၊သေဆုံးမှုအနေနဲ့လည်း အများဆုံးဖြစ်နေပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံကဖြစ်ပွားမှုအများဆုံး နိုင်ငံထဲမှာပါဝင်နေတဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၀ နှစ်အရွယ်မိန်းကလေးတွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ” မကြာခင် လာမယ့် သြဂုတ်လမှာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အမျိုးသမီးငယ်တွေအတွက် အစီအစဉ်ဆောင်ရွက်မှာဖြစ်တယ်။ ဒါကိုဆောင်ရွက်နိုင်ပြီဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံ မှာ၁၃ မျိုးမြောက် ကာကွယ်ဆေးကို ထိုးနှံပေးနိုင်တာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတာ ၁၃ မျိုး ၊ ကျွန်တော်တို့နိုင်ငံမှာ ကာကွယ်လို့ရပြီဆိုတာပြောနိုင်ပါပြီ” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။ ကနဦးအနေနဲ့ ကလေးအများဆုံးရှိတဲ့ ကျောင်းတွေမှာ…

Read More

ဘိလပ်မြေစက်ရုံရဲ့ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကိုဖျက်သိမ်းပေးဖို့ ဒေသခံတွေက မေတ္တာပို့ဆုတောင်းခြင်းပြုလုပ်

ဖားအံ ၊ ဇန်နဝါရီ ၁၇-၂၀၂၀ သူရိန်(VOM) ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံအနီးက ကျေးရွာအုပ်စုတွေမှာ သဘာဝနဲ့ဆန့်ကျင်နေတဲ့ ရေအရည်အသွေးကျဆင်းမှုကြောင့် မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံရဲ့ကျောက်မီးသွေးလောင်စာအသုံးပြုမှုကို ဖျက်သိမ်းပေးဖို့ ဒေသခံပြည်သူတွေက မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက နတ်ကုန်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ #VOM #voiceofmyanmar #ဖားအံ #ကျောက်မီးသွေးသုံးမှုဖျက်သိမ်းဖို့ #ဒေသခံတွေဆုတောင်း Zawgyi ဘိလပ်မြေစက်ရုံရဲ့ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကိုဖျက်သိမ်းပေးဖို့ ဒေသခံတွေက မေတ္တာပို့ဆုတောင်းခြင်းပြုလုပ် ဖားအံ ၊ ဇန်နဝါရီ ၁၇-၂၀၂၀ သူရိန်(VOM) ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံအနီးက ကျေးရွာအုပ်စုတွေမှာ သဘာဝနဲ့ဆန့်ကျင်နေတဲ့ ရေအရည်အသွေးကျဆင်းမှုကြောင့် မြိုင်ကလေး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံရဲ့ကျောက်မီးသွေးလောင်စာအသုံးပြုမှုကို ဖျက်သိမ်းပေးဖို့ ဒေသခံပြည်သူတွေက မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက နတ်ကုန်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ #VOM #voiceofmyanmar…

Read More

တရုတ်သမ္မတ ချီကျင့်ဖျင် မြန်မာနိုင်ငံလာရောက်မှုကို အေအေက ဝမ်းမြောက်စွာကြိုဆို

စစ်တွေ၊ ဇန်နဝါရီ ၁၇- ၂၀၂၀ ခိုင်လင်းစံ(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်သမ္မတ ချီကျင့်ဖျင်ဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့မှာ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှုကို အေအေအနေနဲ့ဝမ်းမြောက်စွာကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ BRI နဲ့ အခြားရင်းနှီးမြုပ်နှံမှုတွေကို ကောင်းမွန်တဲ့ အနာဂတ်ခြေလှမ်းသစ် အစီအစဉ်တွေအဖြစ် အပြုသဘောနဲ့ ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုလားတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ အေအေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တရုတ်နဲ့ ရင်းရင်းနှီးနှီဆက်ဆံတဲ့ အခြေအနေ၊ တရုတ်သမ္မတ ချီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်တာကို အေအေက ကြိုဆိုမှုဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာ သုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ပြောပါတယ်။ ” မြောက်ပိုင်းအဖွဲ့တွေပေါ့ တရုတ်နဲ့ရင်းရင်းနှီးနှီးဆက်ဆံနေတဲ့အခြေခံပေါ်မှာတော့ တရုတ်ကိုကြိုဆိုတာကတော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ တရုတ်နဲ့ တရင်းတနှီးဆက်ဆံတဲ့အပေါ်မှာ ထောက်ခံတယ်လို့ပဲ ယူဆပါတယ်။”လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုထားတာ ဖြစ်ပါတယ်။ ရခိုင်ဒေသအပေါ်…

Read More

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး PPST အစည်းအဝေးမှာ ဆွေးနွေးမယ်

ချင်းမိုင်၊ ဇန်နဝါရီ ၁၇ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၈/၂၀၂၀) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့မှာ စတင်ကျင်းပနေပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စရပ်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ ၂၁ ရာစုပင်လုံ ချီတက်ရာမှာ အဓိကကျတဲ့ တဆင့်ခံ ဆွေးနွေးပွဲဖြစ်လို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် JICM အစည်းအဝေးကနေ သဘောတူညီခဲ့တဲ့ အချက် (၈) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအတွက် ညှိနှိုင်းရေးအဖွဲ့ရဲ့ ပြင်ဆင်ဆောင်ရွက်ထားတာတွေနဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ “ဆွေးနွေးတဲ့အခါ တစ်ဦးချင်းသဘောထားထက် အဖွဲ့အစည်းရဲ့…

Read More
VOM News

FREE
VIEW