တရုတ်သမ္မတ ချီကျင့်ဖျင် မြန်မာနိုင်ငံလာရောက်မှုကို အေအေက ဝမ်းမြောက်စွာကြိုဆို

စစ်တွေ၊ ဇန်နဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်သမ္မတ ချီကျင့်ဖျင်ဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့မှာ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှုကို အေအေအနေနဲ့ဝမ်းမြောက်စွာကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ BRI နဲ့ အခြားရင်းနှီးမြုပ်နှံမှုတွေကို ကောင်းမွန်တဲ့ အနာဂတ်ခြေလှမ်းသစ် အစီအစဉ်တွေအဖြစ် အပြုသဘောနဲ့ ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုလားတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
အေအေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တရုတ်နဲ့ ရင်းရင်းနှီးနှီဆက်ဆံတဲ့ အခြေအနေ၊ တရုတ်သမ္မတ ချီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်တာကို အေအေက ကြိုဆိုမှုဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာ သုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ပြောပါတယ်။

” မြောက်ပိုင်းအဖွဲ့တွေပေါ့ တရုတ်နဲ့ရင်းရင်းနှီးနှီးဆက်ဆံနေတဲ့အခြေခံပေါ်မှာတော့ တရုတ်ကိုကြိုဆိုတာကတော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ တရုတ်နဲ့ တရင်းတနှီးဆက်ဆံတဲ့အပေါ်မှာ ထောက်ခံတယ်လို့ပဲ ယူဆပါတယ်။”လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုထားတာ ဖြစ်ပါတယ်။

ရခိုင်ဒေသအပေါ် ပထဝီနိုင်ငံရေးနဲ့ သဟဇာတဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မူဝါဒတွေ၊ ဒေသခံရခိုင်လူထုအတွက်အကျိုးရှိစေမယ့် မူဝါဒတွေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တရုတ်အနေနဲ့ ထမြောက်အောင်မြင်တဲ့အထိ ကူညီပေးနိုင်စေရေး ဆန္ဒပြုလိုတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သတ်လို့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ” အေအေအပါအဝင် မြောက်ပိုင်းမဟာမိတ်တွေက သူတို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်က ကြားဝင် စေ့စပ်နိုင်မယ်လို့မျှော်လင့်ထားပုံရတယ်။ တရုတ်အနေနဲ့ကတော့ နှစ်ဖက်တွေ့ဆုံနိုင်အောင်တော့ စေ့စပ်ညှိနှိုင်းပေးပါလိမ့်မယ်။ နှစ်ဖက်ညှိနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းပေးမပေးတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။” လို့ ထင်မြင်ချက်ပေးပါတယ်။

အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးစစ်အာဏာရှင်စနစ်ကနေ လွှတ်မြောက်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး နဲ့ ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ နစ်နာချက်တွေကိုပြန်လည်ရရှိရေးအတွက် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနဲ့လက်တွဲပြီး အမျိုးသားလွှတ်မြောက်ရေးကိုဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒါ့အပြင်အေအေက မိမိတို့အနေနဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက် အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ပြီး အကြမ်းဖက်နှိမ်နင်းရေး ကိစ္စရပ်တွေမှာ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းတိုက်ဖျက်သွားဖို့အဆင်သင့်ရှိတယ်လို့ အေအေက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ချီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် နှစ်ရက်တာခရီးစဉ် အောင်မြင်ပါစေကြောင်း အေအေအဖွဲ့က ဆုတောင်းစကားဆို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင့်ဖျင် မလာမှီ ဇန်နဝါရီလ ၁၀ ရက်နေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်ကကူညီနေသလို၊ AA ခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ငြိမ်းချမ်းစွာနဲ့ ညှိနှိုင်းကြဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေမှာဖော်ပြ ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #အေအေ #တရုတ်သမ္မတ #မြန်မာနိုင်ငံလာရောက်မှု #ကြိုဆို

Zawgyi

တ႐ုတ္သမၼတ ခ်ီက်င့္ဖ်င္ ျမန္မာႏိုင္ငံလာေရာက္မႈကို ေအေအက ဝမ္းေျမာက္စြာႀကိဳဆို

စစ္ေတြ၊ ဇန္နဝါရီ ၁၇- ၂၀၂၀
ခိုင္လင္းစံ(VOM)

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္သမၼတ ခ်ီက်င့္ဖ်င္ဟာ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ ၁၇ရက္ေန႔မွာ ျမန္မာႏိုင္ငံသို႔လာေရာက္လည္ပတ္မႈကို ေအေအအေနနဲ႔ဝမ္းေျမာက္စြာႀကိဳဆိုေၾကာင္း ထုတ္ျပန္လိုက္ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ BRI နဲ႔ အျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို ေကာင္းမြန္တဲ့ အနာဂတ္ေျခလွမ္းသစ္ အစီအစဥ္ေတြအျဖစ္ အျပဳသေဘာနဲ႔ ႀကိဳဆိုၿပီး ပူးေပါင္းေဆာင္ရြက္ဖို႔လည္း လိုလားတယ္လို႔ ေအေအက ထုတ္ျပန္ပါတယ္။
ေအေအရဲ႕ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး လက္ရွိမွာ ေအေအ အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြက တ႐ုတ္နဲ႔ ရင္းရင္းႏွီးႏွီဆက္ဆံတဲ့ အေျခအေန၊ တ႐ုတ္သမၼတ ခ်ီက်င့္ဖ်င္ ျမန္မာႏိုင္ငံသို႔လာေရာက္လည္ပတ္တာကို ေအေအက ႀကိဳဆိုမႈဟာ ထူးဆန္းတဲ့ကိစၥမဟုတ္ဘူးလို႔ တိုင္းရင္းသားအေရးေလ့လာ သံုးသပ္သူ စာေရးဆရာ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

” ေျမာက္ပိုင္းအဖြဲ႔ေတြေပါ့ တ႐ုတ္နဲ႔ရင္းရင္းႏီွးႏွီးဆက္ဆံေနတဲ့အေျခခံေပၚမွာေတာ့ တ႐ုတ္ကိုႀကိဳဆိုတာကေတာ့ ထူးဆန္းတဲ့ကိစၥမဟုတ္ဘူးလို႔ က်ေနာ္ထင္ပါတယ္။ တ႐ုတ္နဲ႔ တရင္းတႏွီးဆက္ဆံတဲ့အေပၚမွာ ေထာက္ခံတယ္လို႔ပဲ ယူဆပါတယ္။”လို႔ ဦးေမာင္ေမာင္စိုးက သံုးသပ္ေျပာဆိုထားတာ ျဖစ္ပါတယ္။

ရခိုင္ေဒသအေပၚ ပထဝီႏိုင္ငံေရးနဲ႔ သဟဇာတျဖစ္တဲ့ ေဒသဖြံ႔ၿဖိဳးေရးနဲ႔ဆိုင္တဲ့ မူဝါဒေတြ၊ ေဒသခံရခိုင္လူထုအတြက္အက်ိဳး႐ွိေစမယ့္ မူဝါဒေတြနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တ႐ုတ္အေနနဲ႔ ထေျမာက္ေအာင္ျမင္တဲ့အထိ ကူညီေပးႏိုင္ေစေရး ဆႏၵျပဳလိုတယ္လို႔ ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သတ္လို႔ တိုင္းရင္းသားအေရးေလ့လာသံုးသပ္သူ စာေရးဆရာ ဦးေမာင္ေမာင္စိုးက ” ေအေအအပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ေတြက သူတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ တ႐ုတ္က ၾကားဝင္ ေစ့စပ္ႏိုင္မယ္လို႔ေမ်ွာ္လင့္ထားပံုရတယ္။ တ႐ုတ္အေနနဲ႔ကေတာ့ ႏွစ္ဖက္ေတြ႔ဆံုႏိုင္ေအာင္ေတာ့ ေစ့စပ္ညႇိႏႈိင္းေပးပါလိမ့္မယ္။ ႏွစ္ဖက္ညႇိေနတဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီးေတာ့ ညိွိႏႈိင္းေပးမေပးေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။” လို႔ ထင္ျမင္ခ်က္ေပးပါတယ္။

အဖိႏွိပ္ခံတိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လံုးစစ္အာဏာ႐ွင္စနစ္ကေန လႊတ္ေျမာက္ေရး၊ အမ်ိဳးသား တန္းတူေရး၊ ကိုယ္ပိုင္ျပဌာန္း ဆံုးျဖတ္ပိုင္ခြင့္ရ႐ွိေရး နဲ႔ ရခိုင္တစ္မ်ိဳးသားလံုးဆိုင္ရာ နစ္နာခ်က္ေတြကိုျပန္လည္ရ႐ွိေရးအတြက္ ရခိုင္ျပည္သူလူထုတစ္ရပ္လံုးနဲ႔လက္တြဲၿပီး အမ်ိဳးသားလႊတ္ေျမာက္ေရးကိုေဆာင္ရြက္ေနတဲ့ အဖြဲ႔အစည္းတစ္ခုျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ဒါ့အျပင္ေအေအက မိမိတို႔အေနနဲ႔ ရခိုင္အမ်ိဳးသားလြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ေနရတာျဖစ္တဲ့အတြက္ အၾကမ္းဖက္လုပ္ရပ္ေတြကို ဆန္႔က်င္ၿပီး အၾကမ္းဖက္ႏွိမ္နင္းေရး ကိစၥရပ္ေတြမွာ ဘယ္ႏိုင္ငံ၊ ဘယ္အဖြဲ႔အစည္းနဲ႔မဆို ပူးေပါင္းတိုက္ဖ်က္သြားဖို႔အဆင္သင့္႐ွိတယ္လို႔ ေအေအက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

တ႐ုတ္သမၼတ ခ်ီက်င့္ဖ်င္ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္မယ့္ ႏွစ္ရက္တာခရီးစဥ္ ေအာင္ျမင္ပါေစေၾကာင္း ေအေအအဖြဲ႔က ဆုေတာင္းစကားဆို ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို တ႐ုတ္သမၼတရွီက်င့္ဖ်င္ မလာမီွ ဇန္နဝါရီလ ၁၀ ရက္ေန႔က တ႐ုတ္အစိုးရရဲ႕ကိုယ္စားလွယ္ မစၥတာ ဆြန္းေကာ္ရွန္းက KIA ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕မွာ ေအေအ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္နဲ႔ ေတြ႔ဆုံခဲ့ျပီး အဲဒီေတြ႔ဆုံပြဲမွာ ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္ကကူညီေနသလို၊ AA ေခါင္းေဆာင္ေတြ အေနနဲ႔လည္း ႏိုင္ငံေရးေဆြးေႏြးပြဲမွာ ျငိမ္းခ်မ္းစြာနဲ႔ ညႇိႏႈိင္းၾကဖို႔ တိုက္တြန္းခဲ့တယ္လို႔ သတင္းေတြမွာေဖာ္ျပ ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေအေအ #တရုတ္သမၼတ #ျမန္မာႏိုင္ငံလာေရာက္မွဳ #ႀကိဳဆို

Related posts

Leave a Comment

VOM News

FREE
VIEW