မြန်မာအစိုးရအနေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကိစ္စ လက်မှတ်ရေးထိုးနိုင်ရေး အချက်ပေါင်း(၅) ချက်ကိုလိုက်နာရန်လို

ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတကြီး ချီကျင့်ဖျင် မြန်မာနိုင်ငံကိုလာရောက်မယ့်ခရီးစဉ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စကို လက်မှတ်ရေးထိုးမယ်ဆိုပါက အချက်ပေါင်း(၅) ချက်ကိုလိုက်နာဖို့လိုအပ်တယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ ၁၆ ရက် ရက်စွဲနဲ့ သဘောထားထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ စစ်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးနဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဖို့နဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေကို ဥပဒေအရအသိအမှတ်ပြုပေးရေး၊ ကိုဖီအာနန်အစီရင်ခံစာအတိုင်း ပြုလုပ်ပေးဖို့၊ ဒေသန္တရမြေယာပိုင်ဆိုင်မှုဓလေ့ကို အကောင်အထည်ဖော်ရေးနဲ့ အစိုးရဟာ ဖော်ပြပါအချက်တွေကိုလိုက်နာမှုမရှိဘဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စကိုလက်မှတ်ရေးထိုးမယ်ဆိုလျှင် ပဋိပက္ခကိုသာဦးတည်စေပြီး ဒါကြောင့် လက်မှတ်ရေးထိုးမယ့် အစီအစဉ်ကို ရပ်တန့်ထားဖို့ တောင်းဆိုလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

” ထုတ်ပြန်ရတဲ့အကြောင်းအရင်းက တရုတ်စီမံကိန်းတွေ အယင်ကလည်းလုပ်ခဲ့တဲ့စီမံကိန်းတွေထဲမှာ ပွင့်လင်းမြင်သာမှုအားနည်းတယ်။ ဒေသခံလူထုတွေကို ချပြတာအားနည်းတယ်။ ဒေသခံလူထုတွေ နစ်နာမှုတွေကိုဖြေရှင်းတဲ့အခါ အားနည်းတာတွေအများကြီးတွေ့ရတယ်။ ပိုက်လိုင်းစီမံကိန်းဖြစ်ဖြစ် ဒေသခံတွေနစ်နာတာတွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်နောက်ပိုင်း ရွေးကောက်ပွဲလဲနီးလာပြီ ဒါကြောင့် အပြောင်းအလဲ နောက်ပိုင်းမှာမှ လုပ်သင့်တယ်ထင်လို့ထုတ်ပြန်တာဖြစ်တယ်။” လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စောင့်ကြည့်ရေးအဖွဲ့မှ ကိုခိုင်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်းတစ်သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ကြားထဲမှာ တရုတ်စီမံကိန်းတွေဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိခိုက်နိုင်တဲ့အတွက် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ ကိုခိုင်ဦးက ပြောပါတယ်။

” နိုင်ငံရေးမတည်မငြိမ ်ဒီလောက်ဖြစ်နေတာ ရခိုင်ပြည်မှာ တိုက်ပွဲတွေပြင်းထန်လာတယ်။ ဒေသခံလူထုလည်း ၁ သိန်းကျော်လောက် ထွက်ပြေးနေရတယ်။ ဒီအချိန်မှာ တရုတ်စီမံကိန်းတွေဝင်လာရင် ဘာဘဲပြောပြော ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အားနည်းသွားနိုင်တယ်။ ဒါကြောင့်ထုတ်ပြန်ရတာပါ။ အခုတော့ မနက်ဖြန်တရုတ်သမ္မတ ဒီလက်မှတ်ရေးထိုးဖို့ ကိစ္စကိုရပ်တန့်ထားစေချင်တယ်။ “လို့ သူကပြောပါတယ်။

ကျောက်ဖြူ နဲ့ အမ်းမြို့နယ်တွေမှာ ၂၀၁၀ခုနှစ်က ဂစ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရာမှာ အစိုးရအနေနဲ့မဖြေရှင်းနိုင်သေးတဲ့ မြေယာပြဿနာတွေရှိပြီး လက်ရှိအချိန်အထိ ဒေသခံတွေရဲ့အခွင့်အရေးကို လျစ်လျူရှူထားတာကိုတွေ့ရှိရကာ အခွင့်အရေးချိုးဖောက်ခံနေရတာကိုတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ကျောက်ဖြူဒေသက အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်ဖြူ # အထူးစီးပွားရေးဇုန်စီမံကိန်းကိစ္စ

Zawgyi

ျမန္မာအစိုးရအေနနဲ႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္စီမံကိန္းကိစၥ လက္မွတ္ေရးထိုးႏိုင္ေရး အခ်က္ေပါင္း(၅) ခ်က္ကိုလိုက္နာရန္လို

ေက်ာက္ျဖဴ ၊ ဇန္နဝါရီ ၁၇- ၂၀၂၀
ခိုင္လင္းစံ(VOM)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအစိုးရအေနနဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ သမၼတႀကီး ခ်ီက်င့္ဖ်င္ ျမန္မာႏိုင္ငံကိုလာေရာက္မယ့္ခရီးစဥ္မွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကိစၥကို လက္မွတ္ေရးထိုးမယ္ဆိုပါက အခ်က္ေပါင္း(၅) ခ်က္ကိုလိုက္နာဖို႔လိုအပ္တယ္လို႔ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္း ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔က ဇန္နဝါရီလ ၁၆ ရက္ ရက္စြဲနဲ႔ သေဘာထားထုတ္ျပန္ေတာင္းဆိုခဲ့ပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ စစ္ပြဲေတြရပ္ဆိုင္းၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ေနရပ္စြန္႔ခြာထြက္ေျပးလာသူေတြ ေနရပ္ျပန္ႏိုင္ေရး၊ အလုပ္အကိုင္အခြင့္အလမ္းေတြဖန္တီးေပးဖို႔နဲ႔ ေဒသခံေတြပိုင္ဆိုင္တဲ့ ေျမယာေတြကို ဥပေဒအရအသိအမွတ္ျပဳေပးေရး၊ ကိုဖီအာနန္အစီရင္ခံစာအတိုင္း ျပဳလုပ္ေပးဖို႔၊ ေဒသႏၱရေျမယာပိုင္ဆိုင္မႈဓေလ့ကို အေကာင္အထည္ေဖာ္ေရးနဲ႔ အစိုးရဟာ ေဖာ္ျပပါအခ်က္ေတြကိုလိုက္နာမႈမ႐ွိဘဲ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ကိစၥကိုလက္မွတ္ေရးထိုးမယ္ဆိုလွ်င္ ပဋိပကၡကိုသာဦးတည္ေစၿပီး ဒါေၾကာင့္ လက္မွတ္ေရးထိုးမယ့္ အစီအစဥ္ကို ရပ္တန္႔ထားဖို႔ ေတာင္းဆိုလိုတယ္လို႔ ထုတ္ျပန္ထားပါတယ္။

” ထုတ္ျပန္ရတဲ့အေၾကာင္းအရင္းက တ႐ုတ္စီမံကိန္းေတြ အယင္ကလည္းလုပ္ခဲ့တဲ့စီမံကိန္းေတြထဲမွာ ပြင့္လင္းျမင္သာမႈအားနည္းတယ္။ ေဒသခံလူထုေတြကို ခ်ျပတာအားနည္းတယ္။ ေဒသခံလူထုေတြ နစ္နာမႈေတြကိုေျဖ႐ွင္းတဲ့အခါ အားနည္းတာေတြအမ်ားႀကီးေတြ႕ရတယ္။ ပိုက္လိုင္းစီမံကိန္းျဖစ္ျဖစ္ ေဒသခံေတြနစ္နာတာေတြ႔ရတယ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေနာက္ပိုင္း ေရြးေကာက္ပြဲလဲနီးလာၿပီ ဒါေၾကာင့္ အေျပာင္းအလဲ ေနာက္ပိုင္းမွာမွ လုပ္သင့္တယ္ထင္လို႔ထုတ္ျပန္တာျဖစ္တယ္။” လို႔ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ေစာင့္ၾကည့္ေရးအဖြဲ႔မွ ကိုခိုင္ဦးက ေျပာပါတယ္။

လက္႐ွိအခ်ိန္မွာ ရခိုင္ျပည္နယ္အတြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ လူေပါင္းတစ္သိန္းခန္႔ ေနရပ္စြန္႔ခြာထြက္ေျပးေနရတဲ့ၾကားထဲမွာ တ႐ုတ္စီမံကိန္းေတြဝင္လာမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ထိခိုက္ႏိုင္တဲ့အတြက္ အခုလိုထုတ္ျပန္ရတာျဖစ္တယ္လို႔ ကိုခိုင္ဦးက ေျပာပါတယ္။

” ႏိုင္ငံေရးမတည္မၿငိမ ္ဒီေလာက္ျဖစ္ေနတာ ရခိုင္ျပည္မွာ တိုက္ပြဲေတြျပင္းထန္လာတယ္။ ေဒသခံလူထုလည္း ၁ သိန္းေက်ာ္ေလာက္ ထြက္ေျပးေနရတယ္။ ဒီအခ်ိန္မွာ တ႐ုတ္စီမံကိန္းေတြဝင္လာရင္ ဘာဘဲေျပာေျပာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြမွာ အားနည္းသြားႏိုင္တယ္။ ဒါေၾကာင့္ထုတ္ျပန္ရတာပါ။ အခုေတာ့ မနက္ျဖန္တ႐ုတ္သမၼတ ဒီလက္မွတ္ေရးထိုးဖို႔ ကိစၥကိုရပ္တန္႔ထားေစခ်င္တယ္။ “လို႔ သူကေျပာပါတယ္။

ေက်ာက္ျဖဴ နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ၂၀၁၀ခုႏွစ္က ဂစ္ပိုက္လိုင္းနဲ႔ ေရနံပိုက္လိုင္း တည္ေဆာက္ရာမွာ အစိုးရအေနနဲ႔မေျဖ႐ွင္းႏိုင္ေသးတဲ့ ေျမယာျပႆနာေတြ႐ွိၿပီး လက္႐ွိအခ်ိန္အထိ ေဒသခံေတြရဲ႕အခြင့္အေရးကို လ်စ္လ်ဴရႉထားတာကိုေတြ႔႐ွိရကာ အခြင့္အေရးခ်ိဳးေဖာက္ခံေနရတာကိုေတြ႔ရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ဟာ ေက်ာက္ျဖဴေဒသက အရပ္ဖက္အဖြဲ႔အစည္းေတြ စုေပါင္းၿပီး ဖြဲ႔စည္းထားတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ျဖဴ # အထူးစီးပြားေရးဇုန္စီမံကိန္းကိစၥ

Related posts

Leave a Comment

VOM News

FREE
VIEW