အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး PPST အစည်းအဝေးမှာ ဆွေးနွေးမယ်

ချင်းမိုင်၊ ဇန်နဝါရီ ၁၇ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၈/၂၀၂၀) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့မှာ စတင်ကျင်းပနေပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စရပ်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

“အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ ၂၁ ရာစုပင်လုံ ချီတက်ရာမှာ အဓိကကျတဲ့ တဆင့်ခံ ဆွေးနွေးပွဲဖြစ်လို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် JICM အစည်းအဝေးကနေ သဘောတူညီခဲ့တဲ့ အချက် (၈) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုတွေအတွက် ညှိနှိုင်းရေးအဖွဲ့ရဲ့ ပြင်ဆင်ဆောင်ရွက်ထားတာတွေနဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“ဆွေးနွေးတဲ့အခါ တစ်ဦးချင်းသဘောထားထက် အဖွဲ့အစည်းရဲ့ သဘောထားကို အလေးပေး ဆွေးနွေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး သတ်မှတ်ထားတဲ့ အချိန်ကာလနဲ့ အံဝင်ခွင်ကျဖြစ်အောင် ချမှတ်ဆောင်ရွက်ဖို့နဲ့ ညှိနှိုင်းရေးအဖွဲ့အနေနဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် အားကုန်ထုတ်ပြီး ကြိုးပမ်းဆောင် ရွက်သွားကြဖို့ လမ်းညွန်ပြောဆိုပါတယ်။

နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေက တာဝန်ကျေပြီးဖြစ်တဲ့အတွက် နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေရဲ့ ကတိ ကဝတ်ပြုမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ညှိနှိုင်းရေးအဖွဲ့တွေက အောင်မြင်ပြီးမြောက်အောင် အကောင်အ ထည်ဖော်ဆောင်ရွက်သွားဖို့ အလွန်အရေးကြီးတယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ ညီနောင်အဖွဲ့အစည်းတွေ တချိန်ချိန်မှာ ပါဝင်လာနိုင်ရေး ၊ လက်တွေ့ကျတဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းစဉ်တွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပြီး အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #PPST #အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ #ဗိုလ်ချုပ်ကြီးယွက်စစ်

Zawgyi

အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပေရး PPST အစည္းအေဝးမွာ ေဆြးေႏြးမယ္

ခ်င္းမိုင္၊ ဇန္နဝါရီ ၁၇ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး (၀၈/၂၀၂၀) ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ဒီကေန႔မွာ စတင္က်င္းပေနၿပီး အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပေရးကိစၥရပ္ေတြကို ဒီအစည္းအေဝးမွာ ေဆြးေႏြးသြားမယ္လို႔ PPST ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

“အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲဟာ ၂၁ ရာစုပင္လုံ ခ်ီတက္ရာမွာ အဓိကက်တဲ့ တဆင့္ခံ ေဆြးေႏြးပြဲျဖစ္လို႔ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပေရးကိစၥကို ဒီအစည္းအေဝးမွာ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ဒါ့အျပင္ ဒီအစည္းအေဝးမွာ ၿငိမ္းခ်မ္းေရးေရွ႕လုပ္ငန္းစဥ္ေတြနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေနျပည္ေတာ္မွာက်င္းပခဲ့တဲ့ (၈)ႀကိမ္ေျမာက္ JICM အစည္းအေဝးကေန သေဘာတူညီခဲ့တဲ့ အခ်က္ (၈) ခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈေတြအတြက္ ညႇိႏႈိင္းေရးအဖြဲ႕ရဲ႕ ျပင္ဆင္ေဆာင္႐ြက္ထားတာေတြနဲ႔ တျခားအေရးႀကီးတဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

“ေဆြးေႏြးတဲ့အခါ တစ္ဦးခ်င္းသေဘာထားထက္ အဖြဲ႕အစည္းရဲ႕ သေဘာထားကို အေလးေပး ေဆြးေႏြးသြားၾကပါလို႔ ေမတၱာရပ္ခံလိုပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ေရွ႕လုပ္ငန္းစဥ္ခ်မွတ္ရာမွာ ၂၁ ရာစုပင္လုံ စတုတၳအစည္းအေဝး က်င္းပႏိုင္ေရး သတ္မွတ္ထားတဲ့ အခ်ိန္ကာလနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ ခ်မွတ္ေဆာင္႐ြက္ဖို႔နဲ႔ ညႇိႏႈိင္းေရးအဖြဲ႕အေနနဲ႔ (၈) ႀကိမ္ေျမာက္ JICM အစည္းအေဝးဆုံးျဖတ္ခ်က္အတိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေအာင္ အားကုန္ထုတ္ၿပီး ႀကိဳးပမ္းေဆာင္ ႐ြက္သြားၾကဖို႔ လမ္းၫြန္ေျပာဆိုပါတယ္။

ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္ေတြက တာဝန္ေက်ၿပီးျဖစ္တဲ့အတြက္ ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္ေတြရဲ႕ ကတိ ကဝတ္ျပဳမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြကို ညႇိႏႈိင္းေရးအဖြဲ႕ေတြက ေအာင္ျမင္ၿပီးေျမာက္ေအာင္ အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္သြားဖို႔ အလြန္အေရးႀကီးတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

NCA လက္မွတ္မထိုးရေသးတဲ့ ညီေနာင္အဖြဲ႕အစည္းေတြ တခ်ိန္ခ်ိန္မွာ ပါဝင္လာႏိုင္ေရး ၊ လက္ေတြ႕က်တဲ့ အခင္းအက်င္းနဲ႔ လုပ္ငန္းစဥ္ေတြကို ဒီအစည္းအေဝးမွာ ေဆြးေႏြးသြားမွာျဖစ္ၿပီး အစည္းအေဝးကို ဇန္နဝါရီ ၁၉ ရက္ေန႔အထိ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #PPST #အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ #ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္

Related posts

Leave a Comment

VOM News

FREE
VIEW