လူသေအလောင်း ၄ လောင်းကို မင်းပြားမြို့နယ်မှာတွေ့ရှိ

မင်းပြား၊ ဇန်နဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအုပ်စု၊ အထက်ငှက်ပျောချောင်းကျေးရွာနဲ့ ဖားပြိုတောင်ခြေရင်းမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က လူသေအလောင်း(၃) လောင်းတွေ့ရှိပြီး ကျန်တဲ့တစ်လောင်းကို မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရှိထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မင်းပြားမြို့နယ်၊ ကမ်းနီ၊ အထက်ငှက်ပျောချောင်း၊ မေလွမ်း စတဲ့ကျေးရွာတွေက လူတွေပျောက်နေတဲ့အတွက် အကြောင်းကြားထားတာရှိခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

” အထက်ငှက်ပျောချောင်းက ပျောက်သွားတဲ့သူကတော့ သူတို့ပျောက်သွားတဲ့လူ ဖြစ်နိုင်တယ်လို့ပြောတယ်။ မနက်ဖြန်မြို့နယ်ကိုတက်ပြီးတော့တိုင်၊ ရဲဆီမှာ လူပျောက်တာကိုတိုင် ကျနော်တို့မှာလည်းလူပျောက်နေတယ်။ ဒီနားမှာလည်း အလောင်းသုံးလောင်းတွေ့တယ်ဆိုပြီးကြားနေတယ်။ အဲ့ဒီအလောင်းတွေ ဟုတ်၊မဟုတ်ကို စစ်ဆေးဖို့ ရဲကိုတောင်းဆိုလိုက်ဆိုပြီး ရွာသားတွေကို အကြံဉာဏ်ပေးထားတာရှိတယ်။” လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့ ၃ နာရီလောက်က လယ်သမားတွေ ကျွဲ၊ နွားသွားကြည့်ရာကနေ အထက်ငှက်ပျောချောင်းကျေးရွာမှ အသက်(၄၅) နှစ်ရှိ ဦးခက်မောင်ရဲ့အလောင်းကို ခြုံပုတ်တစ်ခုအောက်မှာ တွေရှိခဲ့တယ်လို့ မေလွမ်းကျေးရွာအုပ်ချုပ်ရေးမှူ း ဦးမောင်လှသိန်းက ပြောပါတယ်။

အဲ့ဒီအလောင်းတွေထဲက ဦးခက်မောင်ရဲ့အလောင်းကို ယခုအချိန်ထိ သွားရောက်ယူဆောင်မှု မပြုလုပ်ရသေးဘူးလို့ ဦးမောင်လှသိန်းက ပြောပါတယ်။

” မနေ့ညက လယ်သမားတွေ ကျွဲ၊ နွားကြည့်ဖို့သွားတဲ့အခါ အလောင်းတွေ့ခဲ့တယ်လို့ပြောတယ်။ အဲ့ဒီအလောင်းကို မယူရသေးဘူး။ သူ့ရဲ့မိသားစုကလည်း ရန်ကုန်မှာ၊ ပြီးတော့ အဲ့နေရာမှာလည်း မတည်မငြိမ်ဖြစ်နေလို့ မယူရသေးဘူး။ သက်ဆိုင်ရာကိုတော့ အကြောင်းကြားထားတယ်။” လို့ ဦးမောင်လှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲတွေအကြား အရပ်သားသေဆုံးမှုဟာ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေပြီး ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #အလောင်း၄လောင်းတွေ့

Zawgyi

လူေသအေလာင္း ၄ ေလာင္းကို မင္းျပားၿမိဳ႕နယ္မွာေတြ႔႐ွိ

မင္းျပား၊ ဇန္နဝါရီ ၁၇- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသ၊ မင္းျပားၿမိဳ႕နယ္၊ ေမလြမ္းေက်းရြာအုပ္စု၊ အထက္ငွက္ေပ်ာေခ်ာင္းေက်းရြာနဲ႔ ဖားၿပိဳေတာင္ေျခရင္းမွာ ဇန္နဝါရီလ ၁၅ ရက္ေန႔က လူေသအေလာင္း(၃) ေလာင္းေတြ႔႐ွိၿပီး က်န္တဲ့တစ္ေလာင္းကို မေန႔က ဇန္နဝါရီလ ၁၆ ရက္ေန႔က ေတြ႔႐ွိထားတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ၊ အထက္ငွက္ေပ်ာေခ်ာင္း၊ ေမလြမ္း စတဲ့ေက်းရြာေတြက လူေတြေပ်ာက္ေနတဲ့အတြက္ အေၾကာင္းၾကားထားတာ႐ွိခဲ့တယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

” အထက္ငွက္ေပ်ာေခ်ာင္းက ေပ်ာက္သြားတဲ့သူကေတာ့ သူတို႔ေပ်ာက္သြားတဲ့လူ ျဖစ္ႏိုင္တယ္လို႔ေျပာတယ္။ မနက္ျဖန္ၿမိဳ႕နယ္ကိုတက္ၿပီးေတာ့တိုင္၊ ရဲဆီမွာ လူေပ်ာက္တာကိုတိုင္ က်ေနာ္တို႔မွာလည္းလူေပ်ာက္ေနတယ္။ ဒီနားမွာလည္း အေလာင္းသံုးေလာင္းေတြ႔တယ္ဆိုၿပီးၾကားေနတယ္။ အဲ့ဒီအေလာင္းေတြ ဟုတ္၊မဟုတ္ကို စစ္ေဆးဖို႔ ရဲကိုေတာင္းဆိုလိုက္ဆိုၿပီး ရြာသားေတြကို အၾကံဥာဏ္ေပးထားတာ႐ွိတယ္။” လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

မေန႔က ဇန္နဝါရီလ ၁၆ ရက္ေန႔ ၃ နာရီေလာက္က လယ္သမားေတြ ကြၽဲ၊ ႏြားသြားၾကည့္ရာကေန အထက္ငွက္ေပ်ာေခ်ာင္းေက်းရြာမွ အသက္(၄၅) ႏွစ္႐ွိ ဦးခက္ေမာင္ရဲ႕အေလာင္းကို ျခံဳပုတ္တစ္ခုေအာက္မွာ ေတြ႐ွိခဲ့တယ္လို႔ ေမလြမ္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴ း ဦးေမာင္လွသိန္းက ေျပာပါတယ္။

အဲ့ဒီအေလာင္းေတြထဲက ဦးခက္ေမာင္ရဲ႕အေလာင္းကို ယခုအခ်ိန္ထိ သြားေရာက္ယူေဆာင္မႈ မျပဳလုပ္ရေသးဘူးလို႔ ဦးေမာင္လွသိန္းက ေျပာပါတယ္။

” မေန႔ညက လယ္သမားေတြ ကြၽဲ၊ ႏြားၾကည့္ဖို႔သြားတဲ့အခါ အေလာင္းေတြ႔ခဲ့တယ္လို႔ေျပာတယ္။ အဲ့ဒီအေလာင္းကို မယူရေသးဘူး။ သူ႔ရဲ႕မိသားစုကလည္း ရန္ကုန္မွာ၊ ၿပီးေတာ့ အဲ့ေနရာမွာလည္း မတည္မၿငိမ္ျဖစ္ေနလို႔ မယူရေသးဘူး။ သက္ဆိုင္ရာကိုေတာ့ အေၾကာင္းၾကားထားတယ္။” လို႔ ဦးေမာင္လွသိန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲေတြအၾကား အရပ္သားေသဆံုးမႈဟာ တစ္ေန႔ထက္တစ္ေန႔ ျမင့္တက္ေနၿပီး ဒုကၡသည္ဦးေရ တစ္သိန္းေက်ာ္႐ွိေနၿပီလို႔ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ စာရင္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #မင္းျပား #အေလာင္း၄ေလာင္းေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW