မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျည်ပေါက်လို့ ကလေးတွေနဲ့ အမျိုးသမီးတွေဒဏ်ရာရ

မင်းပြား၊ ဇန်နဝါရီ ၁၉-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ပန်းမြောင်းကြီးကျောင်းအတွင်းမှာရှိတဲ့ ရွှေကျန်ကျေးရွာအနီးမှာ လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲပြီး လူငယ် ၃ ဦးနဲ့ အမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကတော့ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာရဲ့ရှေ့မြောက် ခြောက်ဖာလုံခန့်အကွာ တောစပ်နားမှာ တိုက်ပွဲအတွင်းမပေါက်ကွဲဘဲကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

“နေ့လည် ၁၁ နာရီခွဲကျော်လောက်မှာ ဖြစ်တာပါ။ ရွာက ကလေးသုံးယောက်နဲ့ အမျိုးသမီး ငါးယောက်က တောကိုထင်းရှာဖို့သွားတယ်။ အဲ့ဒီမှာ လက်နက်ကြီးကျည်တစ်လုံးကိုတော့ပြီးတော့ မြှောက်ကြည့်ရာမှာ ပေါက်ကွဲသွားတယ်လို့သိရတယ်။”လို့ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ၈ ဦးစလုံးမှာ မိသားစုတစ်ခုတည်းဖြစ်ပြီး အဲ့ဒီထဲက ကလေးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရကာ (၇) ဦးကို ပန်းမောင်းဆေးရုံကနေ မြောက်ဦးဆေးရုံကို ထပ်မံပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

“နေ့လည် ၂ နာရီလောက်မှာ မြောက်ဦးဆေးရုံကိုရောက်လာပါတယ်။ လူနာ ၇ ယောက်ပါ။ ကလေးတစ်ယောက်ကတော့ ဒဏ်ရာတော်တော်ပြင်းတယ်။ ဗိုက်မှာ ကျည်စထိတဲ့ဒဏ်ရာရှိတယ်။ ပါးစပ်တွေကလည်း သွေးအန်နေတယ်။ နောက်တစ်ယောက်ကိုပါ ပန်းမြောင်းဆေးရုံကနေ သွားခေါ်နေပါတယ်။”လို့ မြောက်ဦးဆေးရုံမှာ လိုက်ပါကူညီကာ လူမှုရေးအလုပ်တွေလုပ်နေတဲ့ ကိုတင်အေးအောင်က ပြောပါတယ်။

ရွှေကျန်ကျေးရွာအနီးမှာ အခုလအစောပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် အခုလိုပြဿနာတွေဖြစ်ပွားလာမှာကိုစိုးရိမ်ပြီး တောနားတောင်နားတွေကိုမသွားကြဖို့ ကျေးရွာမှာ ဆော်သြထားပေမယ့် ထင်းမရှိတဲ့အတွက် ထင်းသွားရှာရာမှာ ရွာသားတွေထိခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရမ်းဗြဲ #ပေါက်ကွဲမှု #မိသားစုလိုက်ကျည်စထိမှန်

Zawgyi
မင္းျပားၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္ေပါက္လို႔ ကေလးေတြနဲ႔ အမ်ိဳးသမီးေတြဒဏ္ရာရ

မင္းျပား၊ ဇန္နဝါရီ ၁၉-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းက ပန္းေျမာင္းႀကီးေက်ာင္းအတြင္းမွာရွိတဲ့ ေရႊက်န္ေက်းရြာအနီးမွာ လက္နက္ႀကီးက်ည္တစ္လံုးေပါက္ကြဲၿပီး လူငယ္ ၃ ဦးနဲ႔ အမ်ိဳးသမီးငါးဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္စဥ္ကေတာ့ ဇန္နဝါရီ ၁၉ ရက္ ေန႔လည္ ၁၂ နာရီဝန္းက်င္ေလာက္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေက်းရြာရဲ႕ေရွ႕ေျမာက္ ေျခာက္ဖာလံုခန္႔အကြာ ေတာစပ္နားမွာ တိုက္ပြဲအတြင္းမေပါက္ကြဲဘဲက်န္ေနခဲ့တဲ့ လက္နက္ႀကီးက်ည္ ေပါက္ကြဲခဲ့တာလို႔ သိရပါတယ္။

“ေန႔လည္ ၁၁ နာရီခြဲေက်ာ္ေလာက္မွာ ျဖစ္တာပါ။ ရြာက ကေလးသံုးေယာက္နဲ႔ အမ်ိဳးသမီး ငါးေယာက္က ေတာကိုထင္းရွာဖုိ႔သြားတယ္။ အဲ့ဒီမွာ လက္နက္ႀကီးက်ည္တစ္လံုးကိုေတာ့ၿပီးေတာ့ ေျမွာက္ၾကည့္ရာမွာ ေပါက္ကြဲသြားတယ္လို႔သိရတယ္။”လို႔ အုပ္ခ်ဳပ္ေရးမွဴး ဦးညိဳေမာင္သိန္းကေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ ၈ ဦးစလံုးမွာ မိသားစုတစ္ခုတည္းျဖစ္ၿပီး အဲ့ဒီထဲက ကေလးႏွစ္ဦးကေတာ့ ဒဏ္ရာျပင္းထန္တယ္လို႔ သိရကာ (၇) ဦးကို ပန္းေမာင္းေဆးရံုကေန ေျမာက္ဦးေဆးရံုကို ထပ္မံပို႔ေဆာင္လိုက္ရတယ္လုိ႔ သိရပါတယ္။

“ေန႔လည္ ၂ နာရီေလာက္မွာ ေျမာက္ဦးေဆးရံုကိုေရာက္လာပါတယ္။ လူနာ ၇ ေယာက္ပါ။ ကေလးတစ္ေယာက္ကေတာ့ ဒဏ္ရာေတာ္ေတာ္ျပင္းတယ္။ ဗိုက္မွာ က်ည္စထိတဲ့ဒဏ္ရာရွိတယ္။ ပါးစပ္ေတြကလည္း ေသြးအန္ေနတယ္။ ေနာက္တစ္ေယာက္ကိုပါ ပန္းေျမာင္းေဆးရံုကေန သြားေခၚေနပါတယ္။”လို႔ ေျမာက္ဦးေဆးရံုမွာ လိုက္ပါကူညီကာ လူမႈေရးအလုပ္ေတြလုပ္ေနတဲ့ ကိုတင္ေအးေအာင္က ေျပာပါတယ္။

ေရႊက်န္ေက်းရြာအနီးမွာ အခုလအေစာပိုင္းက တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့အတြက္ အခုလိုျပႆနာေတြျဖစ္ပြားလာမွာကိုစိုးရိမ္ၿပီး ေတာနားေတာင္နားေတြကိုမသြားၾကဖုိ႔ ေက်းရြာမွာ ေဆာ္ၾသထားေပမယ့္ ထင္းမရွိတဲ့အတြက္္ ထင္းသြားရွာရာမွာ ရြာသားေတြထိခုိက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရမ္းၿဗဲ #ေပါက္ကြဲမွဳ #မိသားစုလုိက္က်ည္စထိမွန္

Related posts

Leave a Comment

VOM News

FREE
VIEW