SKY WALKမီးလောင်မှု အထည်ဆိုင်ကမဟုတ်ဘဲ နာမည်ကြီးဖိနပ်ဆိုင်က မီးစတင်‌လောင်ခြင်းသာဖြစ်

မန္တလေး၊ ဇန်နဝါရီ ၂၀-၂၀၂၀
Voice Of Myanmar

မန္တလေးမြို့မှာ ဇန်နဝါရီ ၁၇ရက်နေ့ ညနေပိုင်းကလောင်ကျွမ်းခဲ့တဲ့ SKY WALKမီးလောင်မှုဟာ ပထမထပ်က နာမည်ကြီးဖိနပ်ဆိုင်ကနေ မီးစတင်လောင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နာမည်ကြီး ဖိနပ်ဆိုင်အတွင်းရှိ စတိုခန်းထဲကနေ ‘‌ဖောင်း’ဆိုတဲ့ ပေါက်ကွဲသံကြားရပြီး ဆိုင်အတွင်းမီးခိုးတွေ ပြည့်နှက်သွားတဲ့အတွက်ဖိနပ်ဆိုင်ထဲကလူတွေဟာ အသက်ရှုကြပ်လာပြီး မြေညီထပ်ကို ပြေးဆင်းသွားချိန် 199ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် SKY WALKပထမထပ်က ဈေးဆိုင်ပေါင်း ၁၅၀ကျော်မှာ ၁၂၀ကျော်မီးလောင်းဆုံးရှုံးခဲ့ပြီး မီးလောင်မှုကိုလည်း ဇန်နဝါရီ ၁၇ရက် ညနေပိုင်းကနေ ဇန်နဝါရီ ၁၈ရက် မနက်အစောပိုင်းထိ မီးငြိမ်းသတ်ခဲ့ရတဲ့အပြင် တန်ဖိုးငွေ သိန်းပေါင်း တစ်သောင်းကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မနေ့က SKY WALKပထမထပ်က နာမည်ကြီးအထည်ဆိုင်ကနေမီးစတင်လောင်တယ်လို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပေမယ့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုအပြီးမှာ အထည်ဆိုင်ရဲ့ ဘေးကပ်လျက်က နာမည်ကြီးဖိနပ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးစတင်လောင်ခဲ့တဲ့ နာမည်ကြီးဖိနပ်ဆိုင်က အရောင်းတာ၀န်ခံ အမျိုးသမီးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းက
(ပ) ၂၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆစွာအသုံးပြုမှု)နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #SKYWALK #မီးစတင်လောင်ကျွမ်းမှု

Zawgyi

SKY WALKမီးေလာင္မႈ အထည္ဆိုင္ကမဟုတ္ဘဲ နာမည္ႀကီးဖိနပ္ဆိုင္က မီးစတင္‌ေလာင္ျခင္းသာျဖစ္

မႏၲေလး၊ ဇန္နဝါရီ ၂၀-၂၀၂၀
Voice Of Myanmar

မႏၲေလးၿမိဳ႕မွာ ဇန္နဝါရီ ၁၇ရက္ေန႔ ညေနပိုင္းကေလာင္ကြၽမ္းခဲ့တဲ့ SKY WALKမီးေလာင္မႈဟာ ပထမထပ္က နာမည္ႀကီးဖိနပ္ဆိုင္ကေန မီးစတင္ေလာင္ခဲ့တာ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းကေန သိရပါတယ္။

နာမည္ႀကီး ဖိနပ္ဆိုင္အတြင္းရွိ စတိုခန္းထဲကေန ‘‌ေဖာင္း’ဆိုတဲ့ ေပါက္ကြဲသံၾကားရၿပီး ဆိုင္အတြင္းမီးခိုးေတြ ျပည့္ႏွက္သြားတဲ့အတြက္ဖိနပ္ဆိုင္ထဲကလူေတြဟာ အသက္ရႈၾကပ္လာၿပီး ေျမညီထပ္ကို ေျပးဆင္းသြားခ်ိန္ 199ဖုန္းဆက္အေၾကာင္းၾကားခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္မႈေၾကာင့္ SKY WALKပထမထပ္က ေဈးဆိုင္ေပါင္း ၁၅၀ေက်ာ္မွာ ၁၂၀ေက်ာ္မီးေလာင္းဆုံးရႈံးခဲ့ၿပီး မီးေလာင္မႈကိုလည္း ဇန္နဝါရီ ၁၇ရက္ ညေနပိုင္းကေန ဇန္နဝါရီ ၁၈ရက္ မနက္အေစာပိုင္းထိ မီးၿငိမ္းသတ္ခဲ့ရတဲ့အျပင္ တန္ဖိုးေငြ သိန္းေပါင္း တစ္ေသာင္းေက်ာ္မီးေလာင္ဆုံးရႈံးခဲ့ရတယ္လို႔ မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မေန႔က SKY WALKပထမထပ္က နာမည္ႀကီးအထည္ဆိုင္ကေနမီးစတင္ေလာင္တယ္လို႔ ရဲတပ္ဖြဲ႕က တရားစြဲဆိုခဲ့ေပမယ့္ သက္ဆိုင္ရာက စုံစမ္းစစ္ေဆးမႈအၿပီးမွာ အထည္ဆိုင္ရဲ႕ ေဘးကပ္လ်က္က နာမည္ႀကီးဖိနပ္ဆိုင္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မီးစတင္ေလာင္ခဲ့တဲ့ နာမည္ႀကီးဖိနပ္ဆိုင္က အေရာင္းတာ၀န္ခံ အမ်ိဳးသမီးကို ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္(၈)ရဲစခန္းက
(ပ) ၂၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅(မီးေပါ့ဆစြာအသုံးျပဳမႈ)နဲ႔ အေရးယူေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #SKYWALK #မီးစတင္ေလာင္ကြၽမ္းမႈ

Related posts

Leave a Comment

VOM News

FREE
VIEW