တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုထားတဲ့အတွက် ရှေ့နေဦးကြီးမြင့်က သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန် ၊ ဇန်နဝါရီ ၂၅-၂၀၂၀ သူရိန်(VOM) တပ်မတော်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာကိုစောဝေတို့ကို ပုဒ်မ ၅၀၅(က )နဲ့တရားစွဲဆိုထားပြီး ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့Myanmar Press Freedom Center မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ “အဲတာနဲ့ပက်သက်လို့ ကျွန်တော်တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၂အရ ရဲစခန်းနဲ့တရားရုံးကစစ်ဆေးဖို့၊ အမိန့်ချဖို့ ကျန်နေတာပေါ့ဗျာ။ ကျန်နေတော့ကျွန်တော်တို့ဘက်က တရားစွဲဖို့ အဖွဲ့အစည်း၊ တရားရုံးကလုပ်ဆောင်ရမယ့်ဟာ မပြတ်သေးလို့ ကျွန်တော်တို့က တရားရုံးကိုမသွားသေးတာ။ အဲတာကို တရားရုံးကနေပြီးတော့ ဝရမ်းထုတ်လိုက်တယ်။ မှားယွင်းပြီးတော့။ အဲဒီတရားသူကြီးကိုလဲ ပြောင်းလိုက်ပြီ။ ကျွန်တော်တို့အစီရင်ခံစာကို ပေါ့ပေါ့တန်တန်ရေးတဲ့ စခန်းမှူးကိုလဲပြောင်းပစ်လိုက်ပြီ။ ပြောင်း ပစ်လိုက်ပေမယ့် ကျွန်တော်တို့ကိုတော့ ၅၀၅(က) နဲ့အမှုဖွင့်ထားပြီးတော့ ဝရမ်းအထုတ်ခံထားရတာကို သွားရောက်ဖြေရှင်းမှာပါ။ နောက်လရုံးချိန်း ဖေဖော်ဝါရီ ၃ ရက် ရုံးချိန်းမှာ ကျွန်တော်၊ ဦးစောဝေ နှစ်ယောက်လုံးသွားရောက်ဖြေရှင်းမှာပါ။ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။…
Read More
အင်းစိန်ထောင်ရှေ့မှာ နိင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို
ရန်ကုန်၊ဇန်နဝါရီလ ၂၅ -၂၀၂၀ သိင်္ဂီ(VOM) အကျဉ်းထောင်အသီးသီးက နိင်ငံရေးအကျဉ်းသူ၊အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့အပါအဝင် အချက်ငါးချက် တောင်းဆိုတဲ့လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊အင်းစိန်ထောင်ရှေ့မှာ လူဦးရေ ၅၀ လာက်က စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးအကျဉ်းသား ၁ ယောက်ရှိနေရုံနဲ့တင် အရမ်းများတဲ့ပမာဏတာကြောင့် နိုင်ငံထဲက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ထောင်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၇၄ ဦးရှိပြီး တရားရင်ဆိုင်နေရတဲ့အရေအတွက်က (ထောင်တွင်း/ပြင်)၅၅၇-ဦးရှိတဲ့အတွက် စုစုပေါင်း ၆၃၁ ဦးရှိနေတယ်လို့ ဒီကနေ့ ဆန္ဒပြလှုပ်ရှားမှုမှာပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူ့အကျိုးဆောင်ကွန်ယက်ကနေ သိရပါတယ်။ ” အတွေးအခေါ်အယူအဆမတူလို့ အကျဉ်းထောင်ထဲထည့် အဖြေရှာတဲ့စနစ်က ပျောက်ဆုံးသင့်နေပါပြီ။ အတွေးအခေါ် အယူအဆမတူသူတွေက ဟိုးအရင်ကတည်းကရှိတယ်၊ ခုလဲရှိတယ်၊ နောင်လဲရှိနေအုံးမှာပဲ။ ဒါတွေတစ်ထပ်တည်းကျဖို့ကမဖြစ်နိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်။ နောက်မတရားမမျှတပဲ ပြစ်မှုပြစ်ဒဏ်ကျခံနေရသူတွေကို စိစစ်လွှတ်ပေးဖို့ပါ။ တချို့တွေ ကိုယ်ကိုတိုင်ဘာမှမသိဘဲ…
Read More
ဘူးသီးတောင်မှာ လက်နက်ကြီးပစ်လို့ အရပ်သားနှစ်ဦးသေပြီး၊ ၇ ဦးဒဏ်ရာရ
ဘူးသီးတောင်၊ ဇန်နဝါရီ ၂၅-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဇန်နဝါရီ(၂၄)ရက်နေ့ နေလယ်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ကျေးရွာဟာ ဘူးသီးတာင်မြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့ ကင်းတောင်ကျေးရွာဖြစ်ပြီး နေအိမ်တွေအကြားမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ်တစ်ဦးနဲ့ ၂၅ နှစ်အရွယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ “မနေ့က ၁ နာရီလောက်မှာ လက်နက်ကြီးသုံးလုံးပစ်တယ်။ တစ်လုံးက ရွာထဲကိုကျတယ်။ အိမ်နားမှာကွဲတာပါ။ ကျွန်တော်ညီမလေးဆုံးသွားတယ်။ နောက်ထပ်တစ်အိမ်ကလည်း မိန်းကလေးတစ်ယောက်ဆုံးသွားတယ်။ ကျန်တဲ့လူတွေကိုတော့ ဆေးရုံပို့ထားပါတယ်။”လို့ ကိုရှာဘော်ဒိန်က ပြောပါတယ်။ အဲ့ဒီလက်နက်ကြီးတွေဟာ တပ်မတော်တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ ၅၅၁စခန်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ တပ်မတော်ဘက်ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တဲ့အတွက် တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေဘက်ကတော့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်ဖက်ကသာ ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။…
Read More
မီးလောင်ခဲ့တဲ့ Sky Walkကို ပြန်ပြုပြင်မယ်ဆိုရင် လိုအပ်နေတဲ့ မီးငြိမ်းသတ်ရေးစနစ်တွေ ကောင်းမွန်စွာထားရှိသင့်
မန္တလေး ဇန်နဝါရီ ၂၅-၂၀၂၀ ဖြူဖြူ(VOM) မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ရတနာပုံဈေး Sky Walk ၊ Yadanar Mall အဆောက်အဦးကို ပြန်လည်ပြုပြင်ရာမှာ အခန်းတိုင်းမှာထားတဲ့ မီးငြိမ်းသတ်စနစ်ကို Hall Type တွေမှာလည်းထားသင့်တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အကြံပြုပြောဆိုထားတာ ဖြစ်ပါတယ်။ “အခန်းတွေတိုင်းမှာထားမယ့်စနစ်ကို ဟောတိုက်တွေမှာလည်း ထားမယ်ဆိုရင်တော့ ပိုပြည့်စုံပါတယ်။ ရေမှုန်ရေမွှားနဲ့ ဖြန်းတဲ့စနစ်တွေ၊ အချက်ပေးစနစ်တွေ၊ ဒီဒေတာစနစ်တွေ ထပ်ဖြည့်မယ်ဆိုရင် အဆင်ပြေပါတယ်။ နောက်ပြီး မီးသတ်ကားတွေ အောက်ကနေ တိုက်ရိုက်ပတ်လို့ရတဲ့ dry ricer စနစ်တွေ တပ်ဆင်ထားမယ်ဆိုရင် ပိုပြည့်စုံပါတယ်။” လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောပါတယ်။ ဒါ့အပြင် လေဝင်လေထွက်အပေါက်တွေမရှိတဲ့အတွက် မီးငြိမ်းသတ်ရာမှာ ခက်ခဲကြန့်ကြာတာတွေလည်း ဖြစ်ခဲ့တဲ့အတွက် လေဝင်လေထွက်ပေါက်တွေလည်း ထည့်ဖို့လိုအပ်တယ်လို့ ဦးကျော်ဆန်းကပြောပါတယ်။…
Read More
ဗ.က.သ များအဖွဲ့ချုပ်က ၂၀၀၈ခြေ/ဥဖျက်သိမ်းရေး တိုက်ပွဲဝင်မယ်လို့သိရ
နတ္တလင်း၊ ဇန်နဝါရီ ၂၅-၂၀၂၀ မိုးယံ(VOM) ဗ.က.သ များအဖွဲ့ချုပ်က ၂၀၀၈ခြေ/ဥ ဖျက်သိမ်းရေးကို ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ် မြို့နယ်ခန်းမမှာ ဒီနေ့မနက်ပိုင်းကပြုလုပ်တဲ့ မြို့နယ်လုံးဆိုင်ရာ လူထုအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ ‟ကျွန်တော်တို့ ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသားအရေး သီးသန့်လုပ်တာမဟုတ်ပါဘူး၊ ကျွန်တောတို့မူဝါဒမှာ အဖိနှိပ်ခံလူတန်းစားတွေဖက်က ရပ်တည်တာ၊ အလုပ်သမား လယ်သမားတွေဖက်က ရပ်တည်တာတွေပါတယ်ခင်ဗျ၊ အလုပ်သမား၊လယ်သမားတွေရဲ့ သားသမီးတွေမှာ ကျောင်းသား/သူတွေရှိကြတယ်၊ ဟိုးအခြေခံကစပြီး တက္ကသိုလ်အထိ ကျောင်းသား/သူတွေရှိကြတယ်။ လယ်သမားတွေမြေသိမ်းခံနေရတာတွေရှိတယ်။ အလုပ်သမားတွေ လုပ်ခလစာအပြည့်အဝမရတာတွေရှိတယ်၊ ဒီအခက်အခဲတွေ အကုန်လုံးက သားသမီးတွေရဲ့ပညာရေးကိုထိခိုက်ပါတယ်။ဒါကြောင့် ဒီအခြေခံလူတန်းစားတွေရဲ့ပြသနာဟာ ကျွန်တော်တို့ကျောင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ လူထုခံစားနေရတာတွေဟာ လက်ရှိအစိုးရ တက်လာချိန်မှာ ပြည်သူ့ဒီမိုကရေစီ တကယ်ရောရပြီလား လို့ကျနော်တို့က မေးခွန်းထုတ်ချင်ပါတယ်၊ အခုချိန်ထိ ၂၀၀၈ခြေ/ဥက တည်မြဲနေတယ်၊ နိုင်ငံရဲ့အခြေခံလူတန်းစားတစ်ရပ်လုံးရဲ့ထွက်ရပ်က ၂၀၀၈ခြေ/ဥ ဖျက်သိမ်းရေးပဲဖြစ်တယ်။ ဒီတော့ ဖိနှိပ်ခံ လူတန်းစားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမယ်”လို့…
Read More
အမျိုးသမီးတစ်ဦးကို ရည်းစားဖြစ်သူကိုယ်တိုင်က တရုတ်ပြည်မှာရောင်းစားခဲ့
Read More
သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရ
ငပုတော၊ ဇန်နဝါရီ ၂၅-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် တွင်းကဆင်မသစ်တောကြိုးဝိုင်း အတွင်းမှာ ဇန်နဝါရီ၂၄ရက်နေ့မနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေပါဝင်တဲ့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ကင်းလှည့်ဆောင်ရွက်ချိန် ဆင်မသစ်တောကြိုးဝိုင်းအတွင်း၊ အကွက်အမှတ် (၇၄)မှာ တောဆင်ရိုင်းအမတစ်ကောင် အသတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ “ဆင်ကတော့ အရေခွံခွာပီး အသတ်ခံထားရတာပါ၊ လတ်လတ်ဆတ်ဆတ်ရှိနေသေးတဲ့အတွက် သစ်တောဝင်ပေါက်ထွက်ပေါက်တွေ အကုန်ပိတ်ဆို့ရှာဖွေနေပါတယ်”လို့ တောဆင်ရိုင်းစောင့်ရှောက်ရေးအဖွဲ့မှာပါတဲ့ ငရုတ်ကောင်းတောင် အုပ်ချုပ်ရေးမူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းအကောင်ရေ (၁၅၀၀) ခန့်၊ အစိုးရနဲ့ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်အကောင်ရေ (၆၀၀၀) ခန့်ထိရှိနေပြီး ဧရာဝတီတိုင်းမှာ တောဆင်ရိုင်းအကောင်ရေ(၄၅၀)ကျော်ရှိနေကာ မြန်မာနိင်ငံမှာ တောဆင်ရိုင်းအကောင်ရေ အများဆုံးဖြစ်တဲ့နေရာလို့လည်း သစ်တောဦးစီးဌာနရဲ့ မှတ်တမ်းတွေအရသိရပြီး အခုလို တောဆင်ရိုင်းအသတ်ခံရမူဟာ ၂၀၂၀ နှစ်အစပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့…
Read More
ရန်ကုန်မြို့က တရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ကြီးချုပ်ပြောရန်ကုန်မြို့က တရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ကြီးချုပ်ပြော
ရန်ကုန် ဇန်နဝါရီလ ၂၅-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့လယ်က တရုတ်တန်းကို ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကြိုးစားရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။ ” တရုတ်တန်းကို ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်၊ ဒီအမွေအနှစ်တွေကို ထိနိးသိမ်းစောင့်ရှောက်ဖို့ ကြိုးစားကြရမယ်၊ တခြားနိုင်ငံတွေမှာဆိုလည်း ဒီလိုတရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ဆိုတာလည်း မြို့ပြရဲ့သင်္ကေတဖြစ်တယ်။”လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပခြင်းက ခရီးသွားလုပ်ငန်းအတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေပြီး နောက်နှစ်သစ်တိုင်းမှာလည်း ခုလိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော်ကိုရန်ကုန်မြို့၊လသာမြို့နယ်၊ တရုတ်တန်းမှာ ဇန်နဝါရီလ ၂၅ ၊၂၆ နှစ်ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။ #VOM #voiceofmyanar #ရန်ကုန် #တရုတ်တန်း #ထိန်းသိမ်းဖို့ #ဝန်ကြီးချုပ်ပြော Zawgyi ရန်ကုန်မြို့က တရုတ်တန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ကြီးချုပ်ပြော ရန်ကုန် ဇန်နဝါရီလ ၂၅-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့လယ်က…
Read More
VOM News
FREE
VIEW