တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုထားတဲ့အတွက် ရှေ့နေဦးကြီးမြင့်က သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၅-၂၀၂၀
သူရိန်(VOM)

တပ်မတော်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာကိုစောဝေတို့ကို ပုဒ်မ ၅၀၅(က )နဲ့တရားစွဲဆိုထားပြီး ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့Myanmar Press Freedom Center မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

“အဲတာနဲ့ပက်သက်လို့ ကျွန်တော်တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၂အရ ရဲစခန်းနဲ့တရားရုံးကစစ်ဆေးဖို့၊ အမိန့်ချဖို့ ကျန်နေတာပေါ့ဗျာ။ ကျန်နေတော့ကျွန်တော်တို့ဘက်က တရားစွဲဖို့ အဖွဲ့အစည်း၊ တရားရုံးကလုပ်ဆောင်ရမယ့်ဟာ မပြတ်သေးလို့ ကျွန်တော်တို့က တရားရုံးကိုမသွားသေးတာ။ အဲတာကို တရားရုံးကနေပြီးတော့ ဝရမ်းထုတ်လိုက်တယ်။ မှားယွင်းပြီးတော့။ အဲဒီတရားသူကြီးကိုလဲ ပြောင်းလိုက်ပြီ။ ကျွန်တော်တို့အစီရင်ခံစာကို ပေါ့ပေါ့တန်တန်ရေးတဲ့ စခန်းမှူးကိုလဲပြောင်းပစ်လိုက်ပြီ။ ပြောင်း ပစ်လိုက်ပေမယ့် ကျွန်တော်တို့ကိုတော့ ၅၀၅(က) နဲ့အမှုဖွင့်ထားပြီးတော့ ဝရမ်းအထုတ်ခံထားရတာကို သွားရောက်ဖြေရှင်းမှာပါ။ နောက်လရုံးချိန်း ဖေဖော်ဝါရီ ၃ ရက် ရုံးချိန်းမှာ ကျွန်တော်၊ ဦးစောဝေ နှစ်ယောက်လုံးသွားရောက်ဖြေရှင်းမှာပါ။ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဥပဒေအထောက်အထား အလုံအလောက်ရှိတယ်။ တရားရုံးက လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ထုတ်တယ်လို့ပြောလို့ရတယ်။ အဲဒါကို လုပ်ထုံးလုပ်နည်း နဲ့အညီ မဟုတ်သော ဝရမ်းအထုတ်ခံရတယ်။ ကျွန်တော်တို့က ဘယ်လိုဘဲဖြစ်စေ၊ တရားဥပဒေဘောင်အတွင်းက ဖြေရှင်းမှာမို့လို့ ဝရမ်းထုတ်သည်ဖြစ်စေ ၊ မထုတ်သည်ဖြစ်စေ ဒီရုံးချိန်းကို သွားကိုသွားမယ်။ သွားပြီးဖြေရှင်းမယ်”လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဧပြီလက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ပြောဆိုမှုတွေပါဝင်တယ်ဆိုပြီး တပ်မတော်ကနေ တရားရုံးကို ဦးတိုက်လျှောက်ထားကာ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့် ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ၊ ကဗျာဆရာ ကိုစောဝေတို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိအစိုးရသက်တမ်းတစ်လျှောက် တပ်မတော်ဘက်ကနေ တရားစွဲဆိုခဲ့မှု ၄၇ မှု၊ တရားစွဲဆိုခံရသူ ၆၉ ဦးရှိပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ၁၁ မှုရှိတယ်လို့သိရပါတယ်။

တရားစွဲဆိုမှုတွေက၂၀၁၆ ခုနစ်မှာ ၉ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနစ်မှာ ၂၃ ရာခိုင်နှုန်း ၊ ၂၀၁၈ခုနစ်မှာ ၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၉ ခုနစ်မှာ ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ အသံအဖွဲ့ ( လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ )ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ဦးကြီးမြင့် #ရှင်းလင်းပွဲ

Zawgyi

တပ္မေတာ္က ပုဒ္မ ၅၀၅(က)နဲ႔တရားစြဲဆိုထားတဲ့အတြက္ ေရွ႕ေနဦးႀကီးျမင့္က သတင္းစာရွင္းလင္းပြဲျပဳလုပ္

ရန္ကုန္ ၊ ဇန္နဝါရီ ၂၅-၂၀၂၀
သူရိန္(VOM)

တပ္မေတာ္က တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္နဲ႔ ကဗ်ာဆရာကိုေစာေဝတို႔ကို ပုဒ္မ ၅၀၅(က )နဲ႔တရားစြဲဆိုထားၿပီး ဖမ္းဆီးဖို႔ ဖမ္းဝရမ္းထုတ္ခဲ့တဲ့အတြက္ ဒီကေန႔ေနလယ္ပိုင္းက ရန္ကုန္ၿမိဳ႕Myanmar Press Freedom Center မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

“အဲတာနဲ႔ပက္သက္လို႔ ကြၽန္ေတာ္တို႔ကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၂၀၂အရ ရဲစခန္းနဲ႔တရား႐ုံးကစစ္ေဆးဖို႔၊ အမိန႔္ခ်ဖို႔ က်န္ေနတာေပါ့ဗ်ာ။ က်န္ေနေတာ ့ကြၽန္ေတာ္တို႔ဘက္က တရားစြဲဖို႔ အဖြဲ႕အစည္း၊ တရား႐ုံးကလုပ္ေဆာင္ရမယ့္ဟာ မျပတ္ေသးလို႔ ကြၽန္ေတာ္တို႔က တရား႐ုံးကိုမသြားေသးတာ။ အဲတာကို တရား႐ုံးကေနၿပီးေတာ့ ဝရမ္းထုတ္လိုက္တယ္။ မွားယြင္းၿပီးေတာ့။ အဲဒီတရားသူႀကီးကိုလဲ ေျပာင္းလိုက္ၿပီ။ ကြၽန္ေတာ္တို႔အစီရင္ခံစာကို ေပါ့ေပါ့တန္တန္ေရးတဲ့ စခန္းမႉးကိုလဲေျပာင္းပစ္လိုက္ၿပီ။ ေျပာင္း ပစ္လိုက္ေပမယ့္ ကြၽန္ေတာ္တို႔ကိုေတာ့ ၅၀၅(က) နဲ႔အမႈဖြင့္ထားၿပီးေတာ့ ဝရမ္းအထုတ္ခံထားရတာကို သြားေရာက္ေျဖရွင္းမွာပါ။ ေနာက္လ႐ုံးခ်ိန္း ေဖေဖာ္ဝါရီ ၃ ရက္ ႐ုံးခ်ိန္းမွာ ကြၽန္ေတာ္၊ ဦးေစာေဝ ႏွစ္ေယာက္လုံးသြားေရာက္ေျဖရွင္းမွာပါ။ ကြၽန္ေတာ္တို႔ ေျဖရွင္းႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ဥပေဒအေထာက္အထား အလုံအေလာက္ရွိတယ္။ တရား႐ုံးက လုပ္ထုံးလုပ္နည္းနဲ႔မညီဘဲ ထုတ္တယ္လို႔ေျပာလို႔ရတယ္။ အဲဒါကို လုပ္ထုံးလုပ္နည္း နဲ႔အညီ မဟုတ္ေသာ ဝရမ္းအထုတ္ခံရတယ္။ ကြၽန္ေတာ္တို႔က ဘယ္လိုဘဲျဖစ္ေစ၊ တရားဥပေဒေဘာင္အတြင္းက ေျဖရွင္းမွာမို႔လို႔ ဝရမ္းထုတ္သည္ျဖစ္ေစ ၊ မထုတ္သည္ျဖစ္ေစ ဒီ႐ုံးခ်ိန္းကို သြားကိုသြားမယ္။ သြားၿပီးေျဖရွင္းမယ္”လို႔ တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ဧၿပီလက တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕နယ္မွာျပဳလုပ္တဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးေဟာေျပာပြဲမွာ တပ္မေတာ္ရဲ႕ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစတဲ့ ေျပာဆိုမႈေတြပါဝင္တယ္ဆိုၿပီး တပ္မေတာ္ကေန တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားကာ ဒုတိယဗိုလ္မႉးႀကီးေဇာ္ေဇာ္က တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) နဲ႔ တရား လႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ ၊ ဗိုလ္ႀကီးေဟာင္းေနမ်ိဳးဇင္ ၊ ကဗ်ာဆရာ ကိုေစာေဝတို႔ကို တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

လက္ရိွအစိုးရသက္တမ္းတစ္ေလွ်ာက္ တပ္မေတာ္ဘက္ကေန တရားစြဲဆိုခဲ့မႈ ၄၇ မႈ၊ တရားစြဲဆိုခံရသူ ၆၉ ဦးရွိၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(က)နဲ႔ ၁၁ မႈရွိတယ္လို႔သိရပါတယ္။

တရားစြဲဆိုမႈေတြက၂၀၁၆ ခုနစ္မွာ ၉ ရာခိုင္ႏႈန္း၊ ၂၀၁၇ ခုနစ္မွာ ၂၃ ရာခိုင္ႏႈန္း ၊ ၂၀၁၈ခုနစ္မွာ ၉ ရာခိုင္ႏႈန္းသာရိွၿပီး ၂၀၁၉ ခုနစ္မွာ ၅၉ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့တယ္လို႔ အသံအဖြဲ႕ ( လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ လႈပ္ရွားမႈအဖြဲ႕ )ရဲ႕ စစ္တမ္းေတြအရ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ဦးႀကီးျမင့္ #ရွင္းလင္းပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW