အင်းစိန်ထောင်ရှေ့မှာ နိင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို

ရန်ကုန်၊ဇန်နဝါရီလ ၂၅ -၂၀၂၀
သိင်္ဂီ(VOM)

အကျဉ်းထောင်အသီးသီးက နိင်ငံရေးအကျဉ်းသူ၊အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့အပါအဝင် အချက်ငါးချက် တောင်းဆိုတဲ့လှုပ်ရှားမှုတစ်ရပ်ကို ဒီကနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊အင်းစိန်ထောင်ရှေ့မှာ လူဦးရေ ၅၀ လာက်က စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးအကျဉ်းသား ၁ ယောက်ရှိနေရုံနဲ့တင် အရမ်းများတဲ့ပမာဏတာကြောင့် နိုင်ငံထဲက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ထောင်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၇၄ ဦးရှိပြီး တရားရင်ဆိုင်နေရတဲ့အရေအတွက်က (ထောင်တွင်း/ပြင်)၅၅၇-ဦးရှိတဲ့အတွက် စုစုပေါင်း ၆၃၁ ဦးရှိနေတယ်လို့ ဒီကနေ့ ဆန္ဒပြလှုပ်ရှားမှုမှာပူးပေါင်းပါဝင်ခဲ့တဲ့ ပြည်သူ့အကျိုးဆောင်ကွန်ယက်ကနေ သိရပါတယ်။

” အတွေးအခေါ်အယူအဆမတူလို့ အကျဉ်းထောင်ထဲထည့် အဖြေရှာတဲ့စနစ်က ပျောက်ဆုံးသင့်နေပါပြီ။ အတွေးအခေါ် အယူအဆမတူသူတွေက ဟိုးအရင်ကတည်းကရှိတယ်၊ ခုလဲရှိတယ်၊ နောင်လဲရှိနေအုံးမှာပဲ။ ဒါတွေတစ်ထပ်တည်းကျဖို့ကမဖြစ်နိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်။ နောက်မတရားမမျှတပဲ ပြစ်မှုပြစ်ဒဏ်ကျခံနေရသူတွေကို စိစစ်လွှတ်ပေးဖို့ပါ။ တချို့တွေ ကိုယ်ကိုတိုင်ဘာမှမသိဘဲ ပစ်ဒဏ်ကျခံနေရတာတွေရှိတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဆိုလိုတာက ခိုးဆိုးလုယက်သူတွေကို လွှတ်ပေးဖို့ပြောတာလည်းမဟုတ်ဘူး။ မူးယစ်ဆေးဝါးခေါင်းဆောင်တွေကို ပြောတာမဟုတ်ဘူး။” လို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုကပြောပါတယ်။

အကျဉ်းထောင်တွေဟာ စာရိတ္တပြန်လည်ပြုပြင်ပေးတဲ့ ဌာနတစ်ခုအနေဖြင့်သာရှိသင့်ပြီး အကျဉ်းထောင်ထဲမှာ အကျင့်စာရိတ္တကို ပြန်လည်ပြုပြင်ပျိုးထောင်နိုင်မယ့်စနစ်ရှိဖို့ လိုအပ်နေတယ်လို့ ဆန္ဒပြရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ဆန္ဒပြလှုပ်ရှားရာမှာ ဆန္ဒပြတောင်းဆိုသူတွေက ခေတ်နဲ့လျော်ညီတဲ့ အကျဉ်းထောင်ဥပဒေအမြန်ပြင်ဆင်ရေး၊ ပြစ်မှုပြစ်ဒဏ်မမျှတ အကျဉ်းကျခံနေရတဲ့ အထွေထွေအကျဉ်းသ၊ူအကျဉ်းသားတွေကို အမြန်ဆုံးစိစစ်လွှတ်ပေးရေး၊ မတရားဖမ်းဆီးမှုတွေကိုေ လျှာ့ချရေးအပါအဝင် တရားသူကြီးများအဂတိကင်းစင်ရေး အချက် ၅ ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကလည်း အကျဉ်းထောင်ဝတ်စုံလို အပြာရောင်အင်္ကျီတွေဝတ်ဆင်ပြီး အင်းစိန်ထောင်ရှေ့မှာ တောင်းဆိုလှုပ်ရှားမှုပြုလုပ်ခဲ့ကာ အဲ့ဒီကမှ အင်းစိန်ထောင်ဘေးပေါက် မင်းစေတီနားအထိ စီတန်းလှည့်လည်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မတရားဖမ်းဆီးခံရတဲ့ ကျောင်းသူ၊ကျောင်းသား၊ လယ်သမား၊ ပြစ်မှုပြစ်ဒဏ်မမျှတဲ့ အကျဉ်းသူ အကျဉ်းသားများ၊ အလုပ်သမားတွေကိုပါ စိစစ်လွှတ်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အင်းစိန်ထောင်ရှေ့#နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး #ဆန္ဒပြ

Zawgyi

အင္းစိန္ေထာင္ေရွ႕မွာ နိင္ငံေရးအက်ဥ္းသားေတြကိုလႊတ္ေပးဖို႔ ဆႏၵျပေတာင္းဆို

ရန္ကုန္၊ဇန္နဝါရီလ ၂၅ -၂၀၂၀
သိဂႌ(VOM)

အက်ဥ္းေထာင္အသီးသီးက နိင္ငံေရးအက်ဥ္းသူ၊အက်ဥ္းသားေတြကို အျမန္ဆုံးလႊတ္ေပးဖို႔အပါအဝင္ အခ်က္ငါးခ်က္ ေတာင္းဆိုတဲ့လႈပ္႐ွားမႈတစ္ရပ္ကို ဒီကေန႔ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕၊အင္းစိန္ေထာင္ေ႐ွ႕မွာ လူဦးေရ ၅၀ လာက္က စုေပါင္းျပဳလုပ္ခဲ့ၾကပါတယ္။

ဒီမိုကေရစီေခတ္မွာ ႏိုင္ငံေရးအက်ဥ္းသား ၁ ေယာက္႐ွိေန႐ုံနဲ႔တင္ အရမ္းမ်ားတဲ့ပမာဏတာေၾကာင့္ ႏိုင္ငံထဲက အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းက်ေနတဲ့ အက်ဥ္းသူ၊အက်ဥ္းသားေတြကို ခြၽင္းခ်က္မ႐ွိ အျမန္ဆုံးလႊတ္ေပးဖို႔ေတာင္းဆိုတာျဖစ္တယ္လို႔သိရပါတယ္။

လက္႐ွိမွာ ေထာင္က်ခံေနရတဲ့ နိုင္ငံေရး အက်ဥ္းသား ၇၄ ဦး႐ွိၿပီး တရားရင္ဆိုင္ေနရတဲ့အေရအတြက္က (ေထာင္တြင္း/ျပင္)၅၅၇-ဦး႐ွိတဲ့အတြက္ စုစုေပါင္း ၆၃၁ ဦး႐ွိေနတယ္လို႔ ဒီကေန႔ ဆႏၵျပလႈပ္႐ွားမႈမွာပူးေပါင္းပါဝင္ခဲ့တဲ့ ျပည္သူ႔အက်ိဳးေဆာင္ကြန္ယက္ကေန သိရပါတယ္။

” အေတြးအေခၚအယူအဆမတူလို႔ အက်ဥ္းေထာင္ထဲထည့္ အေျဖ႐ွာတဲ့စနစ္က ေပ်ာက္ဆုံးသင့္ေနပါၿပီ။ အေတြးအေခၚ အယူအဆမတူသူေတြက ဟိုးအရင္ကတည္းက႐ွိတယ္၊ ခုလဲ႐ွိတယ္၊ ေနာင္လဲ႐ွိေနအုံးမွာပဲ။ ဒါေတြတစ္ထပ္တည္းက်ဖို႔ကမျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ေတာင္းဆိုတာျဖစ္တယ္။ ေနာက္မတရားမမ်ွတပဲ ျပစ္မႈျပစ္ဒဏ္က်ခံေနရသူေတြကို စိစစ္လႊတ္ေပးဖို႔ပါ။ တခ်ိဳ႕ေတြ ကိုယ္ကိုတိုင္ဘာမွမသိဘဲ ပစ္ဒဏ္က်ခံေနရတာေတြရွိတယ္။ ဒီေနရာမွာ ကၽြန္ေတာ္တို႔ဆိုလိုတာက ခိုးဆိုးလုယက္သူေတြကို လႊတ္ေပးဖို႔ေျပာတာလည္းမဟုတ္ဘူး။ မူးယစ္ေဆးဝါးေခါင္းေဆာင္ေတြကို ေျပာတာမဟုတ္ဘူး။” လို႔ ျပည္သူ႔အက်ိဳးေဆာင္ကြန္ယက္မွ ကိုေဝဠဳကေျပာပါတယ္။

အက်ဥ္းေထာင္ေတြဟာ စာရိတၱျပန္လည္ျပဳျပင္ေပးတဲ့ ဌာနတစ္ခုအေနျဖင့္သာ႐ွိသင့္ၿပီး အက်ဥ္းေထာင္ထဲမွာ အက်င့္စာရိတၱကို ျပန္လည္ျပဳျပင္ပ်ိဳးေထာင္ႏိုင္မယ့္စနစ္႐ွိဖို႔ လိုအပ္ေနတယ္လို႔ ဆႏၵျပရာမွာ ေျပာႀကားခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ဆႏၵျပလႈပ္႐ွားရာမွာ ဆႏၵျပေတာင္းဆိုသူေတြက ေခတ္နဲ႔ေလ်ာ္ညီတဲ့ အက်ဥ္းေထာင္ဥပေဒအျမန္ျပင္ဆင္ေရး၊ ျပစ္မွဳျပစ္ဒဏ္မမ်ွတ အက်ဥ္းက်ခံေနရတဲ့ အေထြေထြအက်ဥ္းသ၊ူအက်ဥ္းသားေတြကို အျမန္ဆုံးစိစစ္လႊတ္ေပးေရး၊ မတရားဖမ္းဆီးမႈေတြကိုေ လ်ွာ့ခ်ေရးအပါအဝင္ တရားသူႀကီးမ်ားအဂတိကင္းစင္ေရး အခ်က္ ၅ ခ်က္ကို ေႂကြးေၾကာ္ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ဆႏၵျပသူေတြကလည္း အက်ဥ္းေထာင္ဝတ္စုံလို အျပာေရာင္အက်ႌေတြဝတ္ဆင္ျပီး အင္းစိန္ေထာင္ေရွ႕မွာ ေတာင္းဆိုလွုပ္ရွားမႈျပဳလုပ္ခဲ့ကာ အဲ့ဒီကမွ အင္းစိန္ေထာင္ေဘးေပါက္ မင္းေစတီနားအထိ စီတန္းလႇည့္လည္ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

မတရားဖမ္းဆီးခံရတဲ့ ေက်ာင္းသူ၊ေက်ာင္းသား၊ လယ္သမား၊ ျပစ္မႈျပစ္ဒဏ္မမ်ွတဲ့ အက်ဥ္းသူ အက်ဥ္းသားမ်ား၊ အလုပ္သမားေတြကိုပါ စိစစ္လႊတ္ေပးဖို႔အတြက္ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အင္းစိန္ေထာင္ေရွ႕#နိုင္ငံေရးအက်ဥ္းသားလႊတ္ေပးေရး #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW