တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၁ ဦးထိရှိလာ

ပေကျင်း၊ ဇန်နဝါရီ -၂၇-၂၀၂၀
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ အယောက်၈၁ ဦးအထိ ရှိလာပြီး ရောဂါကူးစက်ခံရသူ ၃၀၀၀နီးပါးထိရှိလာပြီလို့ သိရပါတယ်။

ရောဂါစတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး အခြား မြို့တွေမှာလည်း ခရီးသွားလာတာတွေကို တားမြစ်ထားတာဖြစ်ပါတယ်။

ဟူဘေးပြည်နယ်အတွင်း သေဆုံးသူအရေအတွက်ဟာ ၅၆ဦးကနေ ၇၆ဦးအထိရှိပြီး ကျန်တဲ့သေဆုံးမှုတွေကတော့ အခြားနေရာများမှဖြစ်တယ်လို့ ကျန်းမာရေးကော်မရှင်အရာရှိတွေက ဇန်နဝါရီ ၂၇ ရက်မှာပြောပါတယ်။

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွါးနေသူဦးရေဟာ ၂၇၄၄ဦးရှိနေတယ်လို့ အတည်ပြုထားပြီး ကူးစက်ခံရသူတွေထဲမှ ၄၆၁ ဦးမှာကျော်ဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။

ရောဂါကူးစက်မှုဟာ ထိုင်း၊ အမေရိကန်၊ သြစတြေးလျအပါအဝင် တရုတ်နိုင်ငံထဲကမဟုတ်ဘဲ ပြင်ပ နိုင်ငံတွေကဖြစ်ပြီး အဲဒီနိုင်ငံတွေမှာတော့ သေဆုံးသူမရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိအချိန်ထိ အဲဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တိကျတဲ့ကုသမှု သို့မဟုတ် ကာကွယ်ဖို့ဆေးမရှိသေးဘူးလည်း သိရပါတယ်။

Ref : BBC Photo: GOV.Cn

#VOM #voiceofmyanmar #ပေကျင်း #ကိုရိုနာဗိုင်းရပ်စ် #သေဆုံးသူ၈၁ဦးရှိ

Zawgyi

တရုတ္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူ ၈၁ ဦးထိရိွလာ

ေပက်င္း၊ ဇန္န၀ါရီ -၂၇-၂၀၂၀
မိ်ဳးဆက္(VOM)

တရုတ္ႏုိင္ငံမွာျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူဦးေရဟာ အေယာက္၈၁ ဦးအထိ ရွိလာျပီး ေရာဂါကူးစက္ခံရသူ ၃၀၀၀နီးပါးထိရိွလာျပီလုိ႔ သိရပါတယ္။

ေရာဂါစတင္ျဖစ္ပြားရာ ဟူေဘးျပည္နယ္၊ ဝူဟန္ျမိဳ႔ အ၀င္အထြက္ေတြကို ပိတ္ဆို႔ထားျပီး အျခား ျမိဳ႕ေတြမွာလည္း ခရီးသြားလာတာေတြကို တားျမစ္ထားတာျဖစ္ပါတယ္။

ဟူေဘးျပည္နယ္အတြင္း ေသဆံုးသူအေရအတြက္ဟာ ၅၆ဦးကေန ၇၆ဦးအထိရွိျပီး က်န္တဲ့ေသဆံုးမွဳေတြကေတာ႔ အျခားေနရာမ်ားမွျဖစ္တယ္လို႔ က်န္းမာေရးေကာ္မရွင္အရာရွိေတြက ဇန္န၀ါရီ ၂၇ ရက္မွာေျပာပါတယ္။

တရုတ္ႏုိင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျဖစ္ပြါးေနသူဦးေရဟာ ၂၇၄၄ဦးရွိေနတယ္လို႔ အတည္ျပဳထားျပီး ကူးစက္ခံရသူေတြထဲမွ ၄၆၁ ဦးမွာေက်ာ္ဟာ အသက္အႏၲရာယ္စိုးရိမ္ေနရပါတယ္။

ေရာဂါကူးစက္မႈဟာ ထိုင္း၊ အေမရိကန္၊ ၾသစေၾတးလ်အပါအ၀င္ တရုတ္နုိ္င္ငံထဲကမဟုတ္ဘဲ ျပင္ပ နုိင္ငံေတြကျဖစ္ျပီး အဲဒီနိုင္ငံေတြမွာေတာ႔ ေသဆံုးသူမရိွေသးဘူးလို႔ သိရပါတယ္။ လက္ရိွအခ်ိန္ထိ အဲဒီဗုိင္းရပ္စ္နဲ႔ပတ္သက္ျပီး တိက်တဲ႔ကုသမႈ သို႔မဟုတ္ ကာကြယ္ဖို႔ေဆးမရိွေသးဘူးလည္း သိရပါတယ္။

Ref : BBC Photo: GOV.Cn
#VOM #voiceofmyanmar #ေပက်င္း #ကိုရိုနာဗိုင္းရပ္စ္ #ေသဆံုးသူ၈၁ဦးရိွ

Related posts

Leave a Comment

VOM News

FREE
VIEW