‘အမေစု အလိမ်ခံထိနေပြီ’ဆိုတဲ့ စာရွက်များ မန္တလေးမြို့မှာ မနေ့ကညနေပိုင်းက ‌ဖြန့်ဝေခဲ့

မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀
Voice Of Myanmar

မန္တလေးမြို့မှာ မနေ့ ဇန်နဝါရီ(၂၉)ရက် ၊ညနေပိုင်းက ‘အမေစု အလိမ်ခံထိပြီ’ဆိုတဲ့ စာရွက်တွေကိုလူငယ်တစ်စုက လာရောက်ဖြန့်ဝေခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူဆီကနေ သိရပါတယ်။

” မနေ့ကညနေပိုင်း မင်္ဂလာမန္တလေး(အိုးရှင်း)နား၊ တောင်မြို့ ဦးပိန်တံတားပေါ်မှာ အဲ့ဒီစာတွေကပ်သွားတယ်၊ ကျုံးဘေးမှာတော့ Maskတပ်ထားတဲ့ ကောင်လေးတွေလာဝေတာ တွေ့တယ်”လို့ မျက်မြင်သက်သေတွေ့ရှိသူက‌‌ ပြောပါတယ်။

ကျုံးဘေးမှာ လာဝေတယ်လို့ သိရတဲ့အတွက် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက တာ၀န်ရှိသူကို ဆက်သွယ်မေးမြန်းကြည့်ရာ “ကျုံးဘေးမှာ စာရွက်တွေ လာဝေတယ်လို့ပဲသိတယ်၊ အဲ့စာရွက်လည်း မရလိုက်ဘူး၊ ကျုံးဘေးပဲသိတယ်၊ စုံစမ်းနေပါတယ်”လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #အမေစုလိမ်ခံထိပြီစာရွက် #ဖြန့်ဝေခဲ့

Zawgyi

‘အမေစု အလိမ်ခံထိပြီ’ဆိုတဲ့ စာရွက်များ မန္တလေးမြို့မှာ မနေ့ကညနေပိုင်းက ‌ဖြန့်ဝေခဲ့

Voice Of Myanmar





Related posts

Leave a Comment

VOM News

FREE
VIEW