တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်

တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀

သိဂီ ၤ(VOM)

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံမှာ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်နေပြီး လက်ရှိတော့ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဝေဘာဂီမှာရောက်နေတဲ့လူနာကိုတော့စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။အခြေအနေကောင်းပါတယ်။ လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နေပါတယ်။ လူနာရဲ့အခြေအနေကတော့သိပ်ပြီးဆိုးဆိုးရွားရွားမရှိပါဘူး။ ရောဂါပိုးရှိမရှိ မရှိတော့ စစ်ဆေးမှုတွေပြီးမှ သေချာမှပြောနိုင်ပါတယ်။ သံသယလူနာတိုင်းက ကွန်ဖမ်းလူနာမဟုတ်ပါဘူး။ ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့်စမ်းသပ်ပြီး စမ်းသပ်ချက်တွေ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါကွန်ဖမ်းလို့၊လေယာဉ်ပေါ်သူနဲ့ အတူထိုင်သူတွေ မှာတော့ရှေ့ နောက်မှာ သံသယဖြစ်ဖွယ်မတွေ့ရဘူး။ လိုအပ်ရင်တော့ စောင့်ကြည့်မှုလုပ်ရပါမယ်။”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ရောဂါပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ လိုအပ်တဲ့ဓာတ်ခွဲအတည်ပြုမှုတွေအတွက် ထိုင်းနိုင်ငံကိုပို့ဆောင်ဖို့စီစဉ်သွားမယ်လို့သိရပါမယ်။

ဒါ့အပြင် သံသယလူနာစီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသားနှစ်ယောက်ကိုသာခေါ်ထားပြီး ကျန်ခရီးသည်အကုန်လုံးကို အဲ့ဒီလေယာဉ်နဲ့ပြန်လွှတ်မှာဖြစ်ပါတယ်။ခေါ်ယူထားမယ့် မြန်မာ့ ၂ ဦးကိုလည်း ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိသွားမယ်လို့သိရပါတယ်။

“မြန်မာ၂ ယောက်ပဲခေါ်ထားမယ်။ ကျန်တဲ့လူတွေ အကုန်ပြန်လွှတ်မယ်။အခုပြန်လွှတ်ဖို့ လုပ်နေပါတယ်။။နိုင်ငံတကာမှာ ပြောစရာဖြစ်နေမလားဆိုတော့ တချို့ဆို တရုတ်လေယာဉ်တွေလာခွင့်မပေးတဲ့နိုင်ငံတွေရှိတာပဲ။ဒါကျန်းမာရေးနဲ့ ပတ်သက်တာကြီးဖြစ်တယ် WHO ကလည်းပြောထားပြီးသားဒီနေ့လည်းထုတ်ပြန်ထားတာရှိတယ်။ ဒါလုပ်ခွင့်ရှိတာပဲ။ ဗီဇာမပါတဲ့ခရီးသည်တွေကိုလေယာဉ်ပေါ်ပြန်တင်ပေးလိုက်တာပဲ။ဝေဘာဂီဆေးရုံပို့ထားပြီးစောင့်ကြည့်မယ်။လတ်တလော အခြေအနေဖြစ်တယ်။”လို့ လေကြောင်းဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ကြားရေးမှူးချုပ်ဦးစိုးပိုင်ကပြောပါတယ်။

မြန်မာနိုင်ငံကိုဝင်ရောက်နေတဲ့ တရုတ်လေကြောင်းလိုင်းတွေပိတ်မပိတ်နဲ့ ဆိုက်ရောက်ဗီဇာရပ်ဆိုင်မလားဆိုတာကတော့ ဝန်ကြီးဌာနတွေ ပေါ်လစီချရမှာဖြစ်တယ်လို့သိရပါတယ်။

သံသယလူနာပါရှိတဲ့ China southern air line လေယာဉ်ဟာ တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်က ဆိုက်ရောက်လာတာဖြစ်ပါတယ်။

ခရီးသည်တွေထဲမှာ မြန်မာနိုင်ငံသားကနှစ်ဦး ၊ အမေရိကန်နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသားနှစ်ဦး၊ ကိုလံဘီယာ နိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦးစုစုပေါင်း ၇၉ ဦးဖြစ်ပါတယ်။ သံသယလူနာနဲ့ အတူထိုင်ခဲ့သူတွေမှာတော့ ရောဂါသံသယလက္ခဏာ မတွေ့ရှိရဘူးလို့သိရပါတယ်။

ခုလို သံသယလူနာတွေ့ရှိမှုနဲ့ပတ်သက်ပြီးပြည်သူတွေအကြားမှာလည်းစိုးရိမ်စိတ်တွေ မြင့်တက်လာနေပါတယ်။ဒါနဲ့ပတ်သက်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာညဏ်ဝင်းမြင့်က သတင်းထုတ်ပြန်ပေးဖို့လုပ်နေပါတယ်လို့ ပြောဆိုပါတယ်။

#voiceofmyanamar #VOM #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

တရုတ္ေလေၾကာင္းလိုင္းနဲ႕ပါလာတဲ႕ သံသယလူနာ အေျခအေနေကာင္း က်န္သူေတြကူးစက္တာမေတြ႕ရေပမယ့္ ခရီးသည္ေတြကို ျပန္လႊတ္မယ္

ရန္ကုန္ ၊ ဇန္န၀ါရီ ၃၁ -၂၀၂၀

သိဂီ ၤ(VOM)

ကုိရုိနာဗုိင္းရပ္စ္ သံသယလူနာျဖစ္တဲ့ တရုတ္ႏုိင္ငံသားကုိ ေ၀ဘာဂီေဆးရုံမွာ စစ္ေဆးစမ္းသပ္မႈေတြျပဳလုပ္ေနၿပီး လက္ရွိေတာ့ အေျခအေနဆိုးဆုိးရြားရြားျဖစ္ေနတာမရွိဘူးလုိ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴးေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ေ၀ဘာဂီမွာေရာက္ေနတဲ့လူနာကိုေတာ့စမ္းသပ္စစ္ေဆးမႈေတြလုပ္ေနပါတယ္။အေျခအေနေကာင္းပါတယ္။ လိုအပ္တဲ့ကုသမႈေတြေဆာင္ရြက္ေနပါတယ္။ လူနာရဲ႕အေျခအေနကေတာ့သိပ္ၿပီးဆုိးဆုိးရြားရြားမရွိပါဘူး။ ေရာဂါပုိးရွိမရွိ မရွိေတာ့ စစ္ေဆးမႈေတြၿပီးမွ ေသခ်ာမွေျပာႏုိင္ပါတယ္။ သံသယလူနာတိုင္းက ကြန္ဖမ္းလူနာမဟုတ္ပါဘူး။ ဓာတ္ခြဲခန္းထဲမွာ အဆင့္ဆင့္စမ္းသပ္ၿပီး စမ္းသပ္ခ်က္ေတြ ဓာတ္ခြဲအတည္ျပဳၿပီးမွ ေရာဂါကြန္ဖမ္းလို႔၊ေလယာဥ္ေပၚသူနဲ႔ အတူထုိင္သူေတြ မွာေတာ့ေရွ႕ ေနာက္မွာ သံသယျဖစ္ဖြယ္မေတြ႔ရဘူး။ လိုအပ္ရင္ေတာ့ ေစာင့္ၾကည့္မႈလုပ္ရပါမယ္။”လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

ေရာဂါပုိးရွိမရွိ အတည္ျပဳႏုိင္ဖုိ႔ကုိေတာ့ လိုအပ္တဲ့ဓာတ္ခြဲအတည္ျပဳမႈေတြအတြက္ ထုိင္းႏုိင္ငံကိုပုိ႔ေဆာင္ဖုိ႔စီစဥ္သြားမယ္လုိ႔သိရပါမယ္။

ဒါ့အျပင္ သံသယလူနာစီးနင္းလုိက္ပါလာတဲ့ ေလယာဥ္ေပၚပါ ခရီးသည္ ၇၉ ဦးအနက္ ျမန္မာႏုိင္ငံသားနွစ္ေယာက္ကိုသာေခၚထားၿပီး က်န္ခရီးသည္အကုန္လုံးကုိ အဲ့ဒီေလယာဥ္နဲ႔ျပန္လႊတ္မွာျဖစ္ပါတယ္။ေခၚယူထားမယ့္ ျမန္မာ့ ၂ ဦးကုိလည္း ေ၀ဘာဂီေဆးရုံမွာ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိသြားမယ္လုိ႔သိရပါတယ္။

“ျမန္မာ၂ ေယာက္ပဲေခၚထားမယ္။ က်န္တဲ့လူေတြ အကုန္ျပန္လႊတ္မယ္။အခုျပန္လႊတ္ဖုိ႔ လုပ္ေနပါတယ္။။ႏုိင္ငံတကာမွာ ေျပာစရာျဖစ္ေနမလားဆိုေတာ့ တခ်ိဳ႕ဆုိ တရုတ္ေလယာဥ္ေတြလာခြင့္မေပးတဲ့ႏုိင္ငံေတြရွိတာပဲ။ဒါက်န္းမာေရးနဲ႔ ပတ္သက္တာႀကီးျဖစ္တယ္ WHO ကလည္းေျပာထားၿပီးသားဒီေန႔လည္းထုတ္ျပန္ထားတာရွိတယ္။ ဒါလုပ္ခြင့္ရွိတာပဲ။ ဗီဇာမပါတဲ့ခရီးသည္ေတြကုိေလယာဥ္ေပၚျပန္တင္ေပးလိုက္တာပဲ။ေ၀ဘာဂီေဆးရုံပုိ႔ထားၿပီးေစာင့္ၾကည့္မယ္။လတ္တေလာ အေျခအေနျဖစ္တယ္။”လို႔ ေလေၾကာင္းဌာနက ေျပာေရးဆိုခြင့္ရွိသူ ဒုညႊန္ၾကားေရးမွဴးခ်ဳပ္ဦးစိုးပုိင္ကေျပာပါတယ္။

ျမန္မာႏုိ္င္ငံကို၀င္ေရာက္ေနတဲ့ တရုတ္ေလေၾကာင္းလုိင္းေတြပိတ္မပိတ္နဲ႔ ဆုိက္ေရာက္ဗီဇာရပ္ဆုိင္မလားဆိုတာကေတာ့ ၀န္ႀကီးဌာနေတြ ေပၚလစီခ်ရမွာျဖစ္တယ္လုိ႔သိရပါတယ္။

သံသယလူနာပါရွိတဲ့ China southern air line ​ေလယာဥ္ဟာ တ႐ုတ္နိုင္ငံ ကြမ္က်ိဳးေလဆိပ္ကေန ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ဒီကေန႔ ဇန္နဝါရီ ၃၁ ရက္ မနက္က ဆိုက္ေရာက္လာတာျဖစ္ပါတယ္။

ခရီးသည္ေတြထဲမွာ ျမန္မာနိုင္ငံသားကႏွစ္ဦး ၊ အေမရိကန္နိုင္ငံသားႏွစ္ဦး၊ ျပင္သစ္နိုင္ငံသားႏွစ္ဦး၊ ကိုလံဘီယာ နိုင္ငံသားတစ္ဦး၊ တ႐ုတ္နိုင္ငံသား ၇၂ ဦးစုစုေပါင္း ၇၉ ဦးျဖစ္ပါတယ္။ သံသယလူနာနဲ႔ အတူထိုင္ခဲ့သူေတြမွာေတာ့ ေရာဂါသံသယလကၡဏာ မေတြ႔႐ွိရဘူးလို႔သိရပါတယ္။

ခုလို သံသယလူနာေတြ႔႐ွိမႈနဲ႔ပတ္သက္ၿပီးျပည္သူေတြအၾကားမွာလည္းစိုးရိမ္စိတ္ေတြ ျမင့္တက္လာေနပါတယ္။ဒါနဲ႔ပတ္သက္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမွဴးေဒါက္တာညဏ္ဝင္းျမင့္က သတင္းထုတ္ျပန္ေပးဖို႔လုပ္ေနပါတယ္လို႔ ေျပာဆိုပါတယ္။

#voiceofmyanamar #VOM #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW