WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ
WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ ရန်ကုန်၊ ဇန်နဝါရီ – ၃၁-၂၀၂၀ အောင်ထူးနိုင်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အချက်(၇)ချက် ပါဝင်တဲ့ သတင်းစကားကို တစ်နိုင်ငံလုံးကို ဖြန့်ဝေထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၃၁ ရက်နေ့က ပြောပါတယ်။ “key messages 2 အနေနဲ့ WHO က ကျန်းမာရေးအားနည်းတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောတာရှိပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ WHO DG ထံမှ ရရှိထားတဲ့ သတင်းစကားအရ အဆုတ်ရောင်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာသွားလာရေးတို့ကို အနှောက်အယှက်မဖြစ်လိုကြောင်း၊ ရွေ့ပြောင်းသွားလာကူးလူးဆက်ဆံခြင်း၊ ဖြတ်တောက်တာကို မထောက်ခံ‌ ကြောင်း၊ နယ်မြေအားလုံးကိုလည်း ခိုင်လုံမှန်ကန်တဲ့ အချက်အလက်ကို အခြေခံပြီး စဉ်းစားကာ မှန်ကန်တာကို ဆောင်ရွက်လိုတဲ့အကြောင်းတွေလည်းပါဝသ်တယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။…
Read More
ရန်ကုန်လေထု ဆိုးရွားလာတဲ့အတွက် ရိုးရိုးmaskနဲ့ မကာကွယ်နိုင်
ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်လေထုဟာ ဆိုးရွားတဲ့ ခရမ်းရောင်အဆင့်အခြေအနေကို ရောက်ရှိနေတဲ့အတွက် ရိုးရိုးနှာခေါင်းအုပ်တပ်ရုံနဲ့ မကာကွယ်နိုင်တဲ့အခြေအနေဖြစ်နေပြီလို့ လေထုအရည် အသွေးတိုင်းတာတဲ့ ရန်ကုန်အခြေစိုက် Air Quality Yangon အဖွဲ့ကနေသိရပါတယ်။ ရန်ကုန်လေထုထဲမှာ ကျန်းမာရေးကိုထိခိုက်စေတဲ့ အမှုန်အမွှားတွေ အရမ်းများလာတဲ့အတွက် အခုဆိုရင် လေထုအရည်အသွေးက ခရမ်းရောင်အဆင့်ရှိ ဆိုးရွားတဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။ ” လူတွေက ထင်သာမြင်သာရှိတဲ့ရောဂါမျိုးမှ သတိပြုမိကြတယ်။ ဒါပေမယ့် လေဆိုတာမျိုးက ဖိတ်ခေါ်စရာမလိုပဲ ခန္ဒာကိုယ်ထဲကိုရောက်တာ၊ ခုခရမ်းရောင်အဆင့်ရောက်နေပြီ၊ လူတွေသတိထားဖို့လိုအပ်နေပြီ၊ ကျွန်မတို့မနက်စောစောမှာမြင်ရတာတွေက နှင်းတို့မြူတို့ထင်ကောင်းထင်မယ်၊ တကယ်ကမဟုတ်ဘူး၊ ရာသီဥတုအေးတဲ့အခါ လေထုထဲအမှုန်အမွှာတွေက ပိုစုလာတယ်။ ဒီလိုအခြေနေမှာ အကာအကွယ်မပါဘဲ လေကိုရှုရှိုက်မိတဲ့အခါ ကိုယ်ခံအားကောင်းတဲ့လူတစ်ယောက်ကိုပင် ကျန်းမာရေးထိခိုက်စေနိုင်တဲ့အတွက် နှာခေါင်းအုပ်Mask ရိုးရိုးပုံစံမရပါဘူး၊ N95 Maskကသာ ကာကွယ်နိုင်ပါတယ်။ တပ်ဆင်ဖို့ လိုအပ်တဲ့အခြေအနေဖြစ်နေပြီ”လို့ မသဲစုစုထွန်းကပြောပါတယ်။ ဒါကြောင့် ရန်ကုန်မြို့နေလူထုအနေနဲ့ ဆိုးရွားလာတဲ့လေထုကို…
Read More
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ် ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ် သံသယလူနာဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံမှာ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်နေပြီး လက်ရှိတော့ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ “ဝေဘာဂီမှာရောက်နေတဲ့လူနာကိုတော့စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။အခြေအနေကောင်းပါတယ်။ လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နေပါတယ်။ လူနာရဲ့အခြေအနေကတော့သိပ်ပြီးဆိုးဆိုးရွားရွားမရှိပါဘူး။ ရောဂါပိုးရှိမရှိ မရှိတော့ စစ်ဆေးမှုတွေပြီးမှ သေချာမှပြောနိုင်ပါတယ်။ သံသယလူနာတိုင်းက ကွန်ဖမ်းလူနာမဟုတ်ပါဘူး။ ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့်စမ်းသပ်ပြီး စမ်းသပ်ချက်တွေ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါကွန်ဖမ်းလို့၊လေယာဉ်ပေါ်သူနဲ့ အတူထိုင်သူတွေ မှာတော့ရှေ့ နောက်မှာ သံသယဖြစ်ဖွယ်မတွေ့ရဘူး။ လိုအပ်ရင်တော့ စောင့်ကြည့်မှုလုပ်ရပါမယ်။”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ရောဂါပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ လိုအပ်တဲ့ဓာတ်ခွဲအတည်ပြုမှုတွေအတွက် ထိုင်းနိုင်ငံကိုပို့ဆောင်ဖို့စီစဉ်သွားမယ်လို့သိရပါမယ်။ ဒါ့အပြင် သံသယလူနာစီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသားနှစ်ယောက်ကိုသာခေါ်ထားပြီး ကျန်ခရီးသည်အကုန်လုံးကို အဲ့ဒီလေယာဉ်နဲ့ပြန်လွှတ်မှာဖြစ်ပါတယ်။ခေါ်ယူထားမယ့် မြန်မာ့ ၂ ဦးကိုလည်း…
Read More
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်က ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဂျီနီဗာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်မှာ ကူးစက်ပျံ့နှံ့လို့နေပါတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် လတ်တလောသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ခရီးသွားလာတာမျိုးနဲ့ ကုန်သွယ်မှုဆိုင်ရာတွေကို ကန့်သတ်ဖို့ အဖွဲ့အနေနဲ့ အကြံပြုမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေကို ကူးစက်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ Tedros Adhanom Ghebreyesus ကပြောပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမယ်လို့လည်း…
Read More
မြစ်ကြီးနား မန္တလေး အစုန် ရထားပေါ်မှာ ရဲတစ်ယောက် ရုတ်တရက် သေဆုံး
မြစ်ကြီးနား မန္တလေး အစုန် ရထားပေါ်မှာ ရဲတစ်ယောက် ရုတ်တရက် သေဆုံး ကောလင်း -ဇန်နဝါရီ ၃၁ -၂၀၂၀ Voice of Myanmar ဇန်နဝါရီ ၃၀ ရက်နေ့ညမှာ မြစ်ကြီးနားကနေ မန္တလေးကို ထွက်လာတဲ့ ၅၆ အစုန် အထူးအမြန်ရထားပေါ်မှာ မီးရထားရဲတစ်ယောက် ရုတ်တရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူမှာ မြစ်ကြီးနား တပ်ခွဲ (၁)က ကိုမျိုးမင်းသူ အသက် ၂၇ နှစ် မီးရထားရဲဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရထားပေါ်မှာ ရုတ်တရက် သေဆုံးခဲ့တာပါလို့ ရထားပေါ်က ခရီးသည်တွေက ပြောပါတယ်။ “”ကောလင်းဘူတာ တာဝန်ကျရဲဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့အသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလာပါတယ်။ သေဆုံးသူရဲ့ရုပ်အလောင်းကို ကောလင်းဘူတာ အရောက်မှာ နာမှုကူညီရေးအသင်းက ကားနဲ့ ကာလင်းဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ” ကောလင်းမြို့နာမှုကူညီရေးအသင်း ဥက္ကဌဦးစိုးလွင်က ပြောပါတယ်။ သေဆုံးသူနဲ့…
Read More
မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကို ဖမ်းဆီးခဲ့တဲ့အမျိုးသားကို အိန္ဒိယရဲတပ်ဖွဲ့ပစ်သတ်
မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကို ဖမ်းဆီးခဲ့တဲ့အမျိုးသားကို အိန္ဒိယရဲတပ်ဖွဲ့ပစ်သတ် ဒေလီ၊ ဇန်နဝါရီ-၃၁-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ တစ်နှစ် အရွယ်သမီးငယ်အတွက် မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကိုဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ အဲဒီအမျိုးသားဟာ ဆပ်ဟတ်ရှ်ဘတ်သန်ဆိုသူဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနကတွေက ဖော်ပြထားပါတယ်။ ကလေးတွေကို ဖမ်းဆီးထားခြင်းနဲ့ပတ်သက်ပြီး သူနဲ့ တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းမှုအချိန် ၁၀ နာရီကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦအတွင်းသို့ ရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက်ခဲ့ချိန်မှာတော့ သူဟာ ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အသက်ခြောက်လမှ ၁၅ နှစ်အရွယ်ကလေးတွေအားလုံးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာသူ့ကို လက်နက်ချဖို့ နာရီပေါင်းများစွာ စည်းရုံးသိမ်းသွင်းခဲ့ပေမယ့်လည်း မအောင်မြငတဲ့နောက် အထူးတပ်ဖွဲ့တွေကို ခေါ်ယူခဲ့ပါတယ်။ ဘတ်သန်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဖာရုတ်ဟာဘတ်ခရိုင်ရှိ သူ့ရဲကျေးရွာမှ…
Read More
တရုတ်လေကြောင်းနဲ့ပါလာတဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်က ဆင်းခွင့်မပေးသေးပဲ သံသယလူနာဆေးရုံရောက်
ရန်ကုန်၊ ဇန်နဝါရီ ၃၁-၂၀၂၀ Voice Of Myanmar ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီကနေ့နေ့လယ်ပိုင်း ဆိုက်ရောက်လာတဲ့ China Southern Airlineလေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦးပါလာခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ အဲ့ဒီလူနာဟာ တရုတ်နိုင်ငံ ဟူနန်းပြည်နယ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ Mr. WANG. JINPIN အသက်(၅၆)နှစ်အရွယ်ရှိသူတစ်ဦးလို့လည်း သိရပါတယ်။ လေကြောင်းဌာနမှ အထွေထွေမန်နေဂျာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်ပြောပြတာကတော့ ” ပြန်လွှတ်မလား ဒီမှာလက်ခံမလား ဆိုတာကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ limitations တွေညှီနေတယ်။ အကြမ်းဖျင်းသိရသလောက်တော့ ဒီမှာနေဖြစ်မယ့်သူကိုလက်ခံမယ်၊ ဒါပေမယ့် ဟိုတယ်မှာတော့ ၁၄ ရက်စောင့်ကြည့်ရမယ်၊ ပြန်ချင်တဲ့သူကတော့ လေယာဉ်နဲ့ပြန်လိုက်သွား၊ အဲ့လိုတော့အကြမ်းဖျင်းညှိထားတယ်၊ သိရတယ်။ အသေးစိတ်တော့မသိရသေးဘူး။ လေယာဉ်မှာ နိုင်ငံခြားသား ၇၇ ယောက် မြန်မာက ၂ ယောက်ပါတယ်။ ခုထိနောကိဆုံးအခြေအနေအရ လေယာဉ်ထဲမှာပဲရှိသေးတယ်။ အပြင်ပေးမထွက်သေးပါဘူး။ သံသယရှိခရီးသည်ကိုတော့ ဂေဘာဂီကိုမနက်ထဲကခေါ်သွားပါပြီ”လို့ ပြောပါတယ်။…
Read More
ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ နိုင်ငံရေးသမားအများစု သိရှိမှုအားနည်းတယ်လို့ SNLD ပြောဆို
Read More
ဝူဟန်ဗိုင်းရပ်စ်သတင်းအမှားနဲ့ ပြည်သူတွေရဲ့ကြောက်စိတ်ပိုလာတယ်
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁-၂၀၂၀ ရန်အောင်ထွန်း(VOM) တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ကနေစဖြစ်တဲ့ ကိုရိုနာဗိုင်းရပ် ကူးစပ်မှုသတင်းဟာ တစ်ကမ္ဘာလုံးက မီဒီယာတွေမှာ ဖော်ပြနေကြတာဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်က တရားဝင်နယ်စပ်ဂိတ်တွေ မပိတ်သေးတဲ့အတွက် ကချင်ပြည်နယ်က ပြည်သူတွေကို စိုးရိမ်စေတာလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ အိမ်နီးချင်နိင်ငံတွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရတယ်ဆိုတဲ့ သတင်းတွေ၊ မြန်မာ-တရုတ်နယ်စပ် ထိန်ချုန်းမှာ သံသယလူနာ တွေ့နေရပြီစတဲ့ သတင်းတွေကို တရားဝင်သတင်းဌာနတွေရော ၊ တရားဝင် မဟုတ်တဲ့ အွန်လိုင်းသတင်းတွေကပါ ဖော်ပြနေကြတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေ ပိုတိုးလာပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရတာ မရှိသေးတဲ့အပေါ်မှာလည်း ဝမ်းသာမှုထက် ယုံကြည်မှုအားနည်းနေကြတာကိုလည်း တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝိုင်းမော်မြို့နယ်ထဲက နွမ္မော်ယန်ကျေးရွာက အသက် ၄၁ နှစ်အရွယ် ဒေါ်ကျန်းဝင်း တရုတ်နိုင်ငံ၊ ကွမ်းတုံမြို့၊ လုံချွန်ဆေးရုံမှာ သေဆုံးသွားတဲ့ဖြစ်စဉ်ကို သတင်းထောက်တွေဆီကို တရုတ်ကပြန်လာပြီး ချောင်းဆိုးသေသွားလို့ ဝူဟန်ဗိုင်းရပ်ကြောင့်လားဆိုပြီး…
Read More
VOM News
FREE
VIEW