ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။

ဇန်နဝါရီ ၃၀ ရက်က ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဂျီနီဗာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကကြေညာလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်မှာ ကူးစက်ပျံ့နှံ့လို့နေပါတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် လတ်တလောသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ခရီးသွားလာတာမျိုးနဲ့ ကုန်သွယ်မှုဆိုင်ရာတွေကို ကန့်သတ်ဖို့ အဖွဲ့အနေနဲ့ အကြံပြုမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေကို ကူးစက်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ Tedros Adhanom Ghebreyesus ကပြောပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမယ်လို့လည်း သူက ကတိပြုပြောဆိုပါတယ်။

ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၁၃ ဦးရှိနေပြီး အများစုကတော့ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဟူဘေးပြည်နယ်မှဖြစ်ကာ နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ တစ်သောင်းနီးပါးထိ မြင့်တက်လျက်ရှိနေပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #WHO #ကိုရိုနာဗိုးရပ်စ်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ကမၻာ႔လံုးဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ WHO ေၾကညာ

ဂ်ီနီဗာ၊ ဇန္န၀ါရီ-၃၁-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံမွာျဖစ္ပြားေနတဲ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈနဲ႔ ပတ္သက္ျပီး ကမၻာလံုးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ကမၻာ႔က်န္းမာေရးအဖြြဲ႔ (WHO) ကေၾကညာလိုက္ပါတယ္။

ဇန္န၀ါရီ ၃၀ ရက္က ေရာဂါေဗဒဆိုင္ရာ ကြ်မ္းက်င္သူေတြနဲ႔ ျပည္သူ႔က်န္းမာေရးတာ၀န္ရွိသူေတြ တက္ေရာက္ခဲ႔တဲ႔ ဂ်ီနီဗာမွာက်င္းပတဲ႔ အေရးေပၚအစည္းအေ၀းတစ္ရပ္မွာ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲ Tedros Adhanom Ghebreyesus ကေၾကညာလိုက္တာျဖစ္ပါတယ္။

လက္ရိွမွာေတာ႔ ကိုရိုနာဗိုင္းရပ္စ္ဟာ တရုတ္နုိင္ငံအျပင္ နုိင္ငံေပါင္း ၁၈ နိုင္ငံေလာက္မွာ ကူးစက္ပ်ံ႕နွံ႕လို႔ေနပါတယ္။ အေရးေပၚအေျခအေနေၾကညာလိုက္ေပမယ္႔ လတ္တေလာသတင္းအခ်က္အလက္ေတြအေပၚအေျခခံျပီး ခရီးသြားလာတာမ်ိဳးနဲ႔ ကုန္သြယ္မႈဆိုင္ရာေတြကို ကန္႔သတ္ဖို႔ အဖြဲ႔အေနနဲ႔ အၾကံျပဳမွာမဟုတ္ဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႕ကဆိုပါတယ္။

ဗိုင္းရပ္စ္ဟာ က်န္းမာေရးေစာင္႔ေရွာက္မႈစနစ္အားနည္းတဲ႔ နုိင္ငံေတြကို ကူးစက္နုိင္ေျခနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္တယ္လို႔ Tedros Adhanom Ghebreyesus ကေျပာပါတယ္။ ေရာဂါနဲ႔ပတ္သက္ျပီး အဲဒီနိုင္ငံေတြအတြက္ ေထာက္ပ႕ံကူညီမႈေတြလုပ္ေဆာင္သြားမယ္လို႔လည္း သူက ကတိျပဳေျပာဆိုပါတယ္။

ဗိုင္းရပ္စ္ေၾကာင္႔ တရုတ္နိုင္ငံမွာ ေသဆံုးသူ ၂၁၃ ဦးရိွေနျပီး အမ်ားစုကေတာ႔ ေရာဂါစတင္ျဖစ္ပြားခဲ႔တဲ႔ ဟူေဘးျပည္နယ္မွျဖစ္ကာ နိုင္ငံတစ္၀န္း ကူးစက္ခံရသူ တစ္ေသာင္းနီးပါးထိ ျမင္႔တက္လ်က္ရိွေနပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #WHO #ကိုရိုနာဗိုးရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW