ဝူဟန်ဗိုင်းရပ်စ်သတင်းအမှားနဲ့ ပြည်သူတွေရဲ့ကြောက်စိတ်ပိုလာတယ်

မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ကနေစဖြစ်တဲ့ ကိုရိုနာဗိုင်းရပ် ကူးစပ်မှုသတင်းဟာ တစ်ကမ္ဘာလုံးက မီဒီယာတွေမှာ ဖော်ပြနေကြတာဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်က တရားဝင်နယ်စပ်ဂိတ်တွေ မပိတ်သေးတဲ့အတွက် ကချင်ပြည်နယ်က ပြည်သူတွေကို စိုးရိမ်စေတာလည်း ဖြစ်ပါတယ်။

တရုတ်နဲ့ အိမ်နီးချင်နိင်ငံတွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရတယ်ဆိုတဲ့ သတင်းတွေ၊ မြန်မာ-တရုတ်နယ်စပ် ထိန်ချုန်းမှာ သံသယလူနာ တွေ့နေရပြီစတဲ့ သတင်းတွေကို တရားဝင်သတင်းဌာနတွေရော ၊ တရားဝင် မဟုတ်တဲ့ အွန်လိုင်းသတင်းတွေကပါ ဖော်ပြနေကြတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေ ပိုတိုးလာပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ခံရတာ မရှိသေးတဲ့အပေါ်မှာလည်း ဝမ်းသာမှုထက် ယုံကြည်မှုအားနည်းနေကြတာကိုလည်း တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝိုင်းမော်မြို့နယ်ထဲက နွမ္မော်ယန်ကျေးရွာက အသက် ၄၁ နှစ်အရွယ် ဒေါ်ကျန်းဝင်း တရုတ်နိုင်ငံ၊ ကွမ်းတုံမြို့၊ လုံချွန်ဆေးရုံမှာ သေဆုံးသွားတဲ့ဖြစ်စဉ်ကို သတင်းထောက်တွေဆီကို တရုတ်ကပြန်လာပြီး ချောင်းဆိုးသေသွားလို့ ဝူဟန်ဗိုင်းရပ်ကြောင့်လားဆိုပြီး ဒေသခံတွေက စိုးရိမ်နေကြတယ်ဆိုတဲ့ အသံဖိုင်ပို့လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီ ၂၂ မိနစ်အချိန်မှာ မြစ်ကြီးနားသတင်းဂျာနယ် Facebook Page ကနေ ” တရုပ်နိုင်ငံမှ ကချင်ပြည်နယ်သို့ပြန်လာသူ အမျိုးသားတစ်ဦး ချောင်းဆိုးကာ ယနေ့သေဆုံးသွားခြင်းကြောင့် ဒေသခံများ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်မည်ကို စိုးရိမ်နေ” ဆိုတဲ့ သတင်းကို ဖော်ပြလိုက်တဲ့အတွက် နွမ္မော်ယန်ကျေးရွာက လူတွေနဲ့ အနီးနားက ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။

သေဆုံးသွားသူရဲ့ ဆွေမျိုးတွေကတော့ တိတိကျကျမဟုတ်ဘဲ ရေးမတင်ကြဖို့နဲ့ သတင်းအမှား ဖတ်ထားမိသူတွေ မစိုးရိမ်စေဖို့ ပြောပါတယ်။ မြစ်ကြီးနားသတင်းဂျာနယ် Facebook Page ကလည်း သတင်းအမှားအတွက် တောင်းပန်ခဲ့ပါတယ်။

အဲ့ဒါအပြင် ကချင်ပြည်နယ်အတွင်းမှာ လူသိများတဲ့ တက်ကြွလှုပ်ရှားသူတချို့ရဲ့( Facebook ) လူမှုကွန်ယက် စာမျက်နှာကလည်း ဗန်းမော်မြို့ကဆေးရုံမှာ ကူးစက်ခံရတဲ့ လူနာရောက်လာလို့ သတိထားဖို့လိုပြီဆိုတဲ့ ပိုစ်တွေရေးတင်ခဲ့ပါသေးတယ်။

ဗန်းမော်ဒေသခံ သတင်းသမားတစ်ဦးကို မေးမြန်းအတည်ပြုတဲ့အခါမှာ ပြောကြားချက်အရတော့ ဒါကလည်း သတင်းအမှန် မဟုတ်ဘူးလို့ ဆိုပါတယ်။ မူရင်းပိုစ်တင်ထားသူက ပြန်ဖျက်သွားပေမယ့် ပြည်သူတွေကတော့ အဲ့ဒီအကြောင်းကို တရားဝင်သတင်းဌာနက သတင်းတွေအောက်မှာပါ ဝင်ရောက်မှတ်ချက် ရေးသားနေကြတာတွေ ရှိနေပါတယ်။

ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ဝင်လာတဲ့သူတွေကို ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ကျန်းမာရေး အခြေအနေ စစ်ဆေးထားတဲ့ စာရင်းထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီစာရင်းမှာ နိုင်ငံခြားသား ၂၆၃ ဦး ကျန်းမားရေး စစ်ဆေးထားတဲ့စာရင်းနဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကိုယ်အပူချိန်များနေလို့ ဝင်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်ရတဲ့ တရုတ်နိုင်ငံသား ၃ ဦး စာရင်းပါဝင်နေပါတယ်။

အဲ့ဒီစာရင်းပါ နိုင်ငံခြားသားတွေထဲက ဝင်ခွင့်ပေးထားသူတွေကို ဘယ်လိုစီစစ်ထားလည်း အမျိုးသမီး အမျိုးသား အသက်ပိုင်းအခြား ဘယ်နိုင်ငံသားဆိုတာသိရဖို့ အတည်ပြုမေးမြန်းရာမှာတော့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်/တိုးချဲ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တာဝန်ယူထားတဲ့ ဒေါက်တာ Zလွမ်းခေါင်ဆီကို မီဒီယာကို အဲ့ဒီအချက်အလက်တွေပေးခွင့်မရှိဘူးလို့ ပြောပါတယ်။

အဲ့ဒီဌာနက နောက်ထပ်တာဝန်ကျဝန်ထမ်းတစ်ဦးကတော့ နယ်စပ်ဂိတ်ကဝင်လာတဲ့ တရုတ်အပါအဝင် နိုင်ငံခြားသားတွေရယ် တခြားကပြန်လာတဲ့ နိုင်ငံသားတွေကို ကျန်းမာရေး စစ်ဆေးပေးခဲ့သလို နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် အားလုံးယူထားပြီး သေချာဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့ သတင်းတွေအရတော့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၇၀ သေဆုံးသွားပြီလို့ ပြောဆိုထားကြပါတယ်။

မြစ်ကြီးနားမြို့ပေါ်က လူတွေကတော့ အခုရက်ပိုင်းအတွင်း မျက်နှာဖုံး(Mask) ဝတ်ဆင်သွားလာမှုတွေ ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။

ပြည်နယ် လဝက ဝန်ကြီးကတော့ မြစ်ကြီးနားလေဆိပ်ကနေဝင်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်လိပ်စာ၊ တည်းခိုရာဌာန၊ စာရင်းအပြည့်အစုံယူပြီး ကျန်းမာရေးဝန်ကြီးဌာနကို ပေးပို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #ကိုရိုနာဗိုင်းရပ်စ် #သတင်းအမှား #ပြည်သူတွေကြောက်စိတ်ပို

Zawgyi

၀ူဟန္ဗိုင္းရပ္စ္သတင္းအမွားနဲ႔ ျပည္သူေတြရဲ႕ေၾကာက္စိတ္ပိုလာတယ္

ျမစ္ႀကီးနား၊ ဇန္နဝါရီ ၃၁-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕ကေနစျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္ ကူးစပ္မႈသတင္းဟာ တစ္ကမာၻလုံးက မီဒီယာေတြမွာ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္က တရား၀င္နယ္စပ္ဂိတ္ေတြ မပိတ္ေသးတဲ့အတြက္ ကခ်င္ျပည္နယ္က ျပည္သူေတြကို စိုးရိမ္ေစတာလည္း ျဖစ္ပါတယ္။

တ႐ုတ္နဲ႔ အိမ္နီးခ်င္နိင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံေနရတယ္ဆိုတဲ့ သတင္းေတြ၊ ျမန္မာ-တ႐ုတ္နယ္စပ္ ထိန္ခ်ဳန္းမွာ သံသယလူနာ ေတြ႕ေနရၿပီစတဲ့ သတင္းေတြကို တရား၀င္သတင္းဌာနေတြေရာ ၊ တရား၀င္ မဟုတ္တဲ့ အြန္လိုင္းသတင္းေတြကပါ ေဖာ္ျပေနၾကတဲ့အခါ ေဒသခံျပည္သူေတြရဲ႕ စိုးရိမ္စိတ္ေတြ ပိုတိုးလာပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္ခံရတာ မရွိေသးတဲ့အေပၚမွာလည္း ၀မ္းသာမႈထက္ ယုံၾကည္မႈအားနည္းေနၾကတာကိုလည္း ေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက ႏြေမၼာ္ယန္ေက်း႐ြာက အသက္ ၄၁ ႏွစ္အ႐ြယ္ ေဒၚက်န္း၀င္း တ႐ုတ္ႏိုင္ငံ၊ ကြမ္းတုံၿမိဳ႕၊ လုံခြၽန္ေဆး႐ုံမွာ ေသဆုံးသြားတဲ့ျဖစ္စဥ္ကို သတင္းေထာက္ေတြဆီကို တ႐ုတ္ကျပန္လာၿပီး ေခ်ာင္းဆိုးေသသြားလို႔ ဝူဟန္ဗိုင္းရပ္ေၾကာင့္လားဆိုၿပီး ေဒသခံေတြက စိုးရိမ္ေနၾကတယ္ဆိုတဲ့ အသံဖိုင္ပို႔လာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၈ ရက္ ည ၉ နာရီ ၂၂ မိနစ္အခ်ိန္မွာ ျမစ္ႀကီးနားသတင္းဂ်ာနယ္ Facebook Page ကေန ” တ႐ုပ္ႏိုင္ငံမွ ကခ်င္ျပည္နယ္သို႔ျပန္လာသူ အမ်ိဳးသားတစ္ဦး ေခ်ာင္းဆိုးကာ ယေန႔ေသဆုံးသြားျခင္းေၾကာင့္ ေဒသခံမ်ား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္မည္ကို စိုးရိမ္ေန” ဆိုတဲ့ သတင္းကို ေဖာ္ျပလိုက္တဲ့အတြက္ ႏြေမၼာ္ယန္ေက်း႐ြာက လူေတြနဲ႔ အနီးနားက ေဒသခံေတြ အထိတ္တလန္႔ျဖစ္ခဲ့ၾကရပါတယ္။

ေသဆုံးသြားသူရဲ႕ ေဆြမ်ိဳးေတြကေတာ့ တိတိက်က်မဟုတ္ဘဲ ေရးမတင္ၾကဖို႔နဲ႔ သတင္းအမွား ဖတ္ထားမိသူေတြ မစိုးရိမ္ေစဖို႔ ေျပာပါတယ္။ ျမစ္ႀကီးနားသတင္းဂ်ာနယ္ Facebook Page ကလည္း သတင္းအမွားအတြက္ ေတာင္းပန္ခဲ့ပါတယ္။

အဲ့ဒါအျပင္ ကခ်င္ျပည္နယ္အတြင္းမွာ လူသိမ်ားတဲ့ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ရဲ႕( Facebook ) လူမႈကြန္ယက္ စာမ်က္ႏွာကလည္း ဗန္းေမာ္ၿမိဳ႕ကေဆး႐ုံမွာ ကူးစက္ခံရတဲ့ လူနာေရာက္လာလို႔ သတိထားဖို႔လိုၿပီဆိုတဲ့ ပိုစ္ေတြေရးတင္ခဲ့ပါေသးတယ္။

ဗန္းေမာ္ေဒသခံ သတင္းသမားတစ္ဦးကို ေမးျမန္းအတည္ျပဳတဲ့အခါမွာ ေျပာၾကားခ်က္အရေတာ့ ဒါကလည္း သတင္းအမွန္ မဟုတ္ဘူးလို႔ ဆိုပါတယ္။ မူရင္းပိုစ္တင္ထားသူက ျပန္ဖ်က္သြားေပမယ့္ ျပည္သူေတြကေတာ့ အဲ့ဒီအေၾကာင္းကို တရား၀င္သတင္းဌာနက သတင္းေတြေအာက္မွာပါ ၀င္ေရာက္မွတ္ခ်က္ ေရးသားေနၾကတာေတြ ရွိေနပါတယ္။

ကန္ပိုက္တီနယ္စပ္ဂိတ္ကေန ၀င္လာတဲ့သူေတြကို ဇန္နဝါရီ ၂၇ ရက္ကေန ၂၉ ရက္ေန႔အထိ က်န္းမာေရး အေျခအေန စစ္ေဆးထားတဲ့ စာရင္းထြက္ေပၚလာခဲ့ပါတယ္။

အဲ့ဒီစာရင္းမွာ ႏိုင္ငံျခားသား ၂၆၃ ဦး က်န္းမားေရး စစ္ေဆးထားတဲ့စာရင္းနဲ႔ ဇန္နဝါရီ ၂၈ ရက္ေန႔က ကိုယ္အပူခ်ိန္မ်ားေနလို႔ ၀င္ခြင့္မေပးဘဲ ျပန္လႊတ္လိုက္ရတဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦး စာရင္းပါ၀င္ေနပါတယ္။

အဲ့ဒီစာရင္းပါ ႏိုင္ငံျခားသားေတြထဲက ၀င္ခြင့္ေပးထားသူေတြကို ဘယ္လိုစီစစ္ထားလည္း အမ်ိဳးသမီး အမ်ိဳးသား အသက္ပိုင္းအျခား ဘယ္ႏိုင္ငံသားဆိုတာသိရဖို႔ အတည္ျပဳေမးျမန္းရာမွာေတာ့ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကူးစက္/တိုးခ်ဲ႕ကာကြယ္ေရးအဖြဲ႕ ေခါင္းေဆာင္ တာ၀န္ယူထားတဲ့ ေဒါက္တာ Z လြမ္းေခါင္ဆီကို မီဒီယာကို အဲ့ဒီအခ်က္အလက္ေတြေပးခြင့္မရွိဘူးလို႔ ေျပာပါတယ္။

အဲ့ဒီဌာနက ေနာက္ထပ္တာ၀န္က်၀န္ထမ္းတစ္ဦးကေတာ့ နယ္စပ္ဂိတ္က၀င္လာတဲ့ တ႐ုတ္အပါအ၀င္ ႏိုင္ငံျခားသားေတြရယ္ တျခားကျပန္လာတဲ့ ႏိုင္ငံသားေတြကို က်န္းမာေရး စစ္ေဆးေပးခဲ့သလို ေနရပ္လိပ္စာ ၊ ဖုန္းနံပါတ္ အားလုံးယူထားၿပီး ေသခ်ာေဆာင္႐ြက္ထားတယ္လို႔ ေျပာပါတယ္။ ဇန္နဝါရီ ၃၀ ရက္ေန႔ သတင္းေတြအရေတာ့ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၁၇၀ ေသဆုံးသြားၿပီလို႔ ေျပာဆိုထားၾကပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ေပၚက လူေတြကေတာ့ အခုရက္ပိုင္းအတြင္း မ်က္ႏွာဖုံး(Mask) ၀တ္ဆင္သြားလာမႈေတြ ျပဳလုပ္ေနၾကတာလည္း ေတြ႕ရပါတယ္။

ျပည္နယ္ လ၀က ၀န္ႀကီးကေတာ့ ျမစ္ႀကီးနားေလဆိပ္ကေန၀င္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ေနရပ္လိပ္စာ၊ တည္းခိုရာဌာန၊ စာရင္းအျပည့္အစုံယူၿပီး က်န္းမာေရး၀န္ႀကီးဌာနကို ေပးပို႔ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #ကိုရုိနာဗိုင္းရပ္စ္ #သတင္းအမွား #ျပည္သူေတြေၾကာက္စိတ္ပို

Related posts

Leave a Comment

VOM News

FREE
VIEW