မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကို ဖမ်းဆီးခဲ့တဲ့အမျိုးသားကို အိန္ဒိယရဲတပ်ဖွဲ့ပစ်သတ်

မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကို ဖမ်းဆီးခဲ့တဲ့အမျိုးသားကို အိန္ဒိယရဲတပ်ဖွဲ့ပစ်သတ်

ဒေလီ၊ ဇန်နဝါရီ-၃၁-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ တစ်နှစ် အရွယ်သမီးငယ်အတွက် မွေးနေ့ပွဲအတုကျင်းပပြီး ကလေး ၂၀ ဦးကိုဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။

အဲဒီအမျိုးသားဟာ ဆပ်ဟတ်ရှ်ဘတ်သန်ဆိုသူဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနကတွေက ဖော်ပြထားပါတယ်။ ကလေးတွေကို ဖမ်းဆီးထားခြင်းနဲ့ပတ်သက်ပြီး သူနဲ့ တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းမှုအချိန် ၁၀ နာရီကြာမြင့်ခဲ့ပါတယ်။

ဒါပေမယ့် အဆောက်အဦအတွင်းသို့ ရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက်ခဲ့ချိန်မှာတော့ သူဟာ ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။

ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အသက်ခြောက်လမှ ၁၅ နှစ်အရွယ်ကလေးတွေအားလုံးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာသူ့ကို လက်နက်ချဖို့ နာရီပေါင်းများစွာ စည်းရုံးသိမ်းသွင်းခဲ့ပေမယ့်လည်း မအောင်မြငတဲ့နောက် အထူးတပ်ဖွဲ့တွေကို ခေါ်ယူခဲ့ပါတယ်။

ဘတ်သန်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဖာရုတ်ဟာဘတ်ခရိုင်ရှိ သူ့ရဲကျေးရွာမှ ကလေးတွေကို သမီးဖြစ်သူရဲ့ မွေးနေ့ပွဲအတွက် ဖိတ်ကြားခဲ့ပြီး သူ့မိန်းမှနဲ့ သမီးအပါအဝင် အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အဆောက်အဦအတွင်း ဓါးစာခံအဖြစ် ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Deepak Srivastava

#voiceofmyanamr #VOM #အိန္ဒိယ #မွေးနေ့ပွဲအတု

Zawgyi


ဒေလီ၊ ဇန်န၀ါရီ-၃၁-၂၀၂၀
မျိုးဆက် (VOM)






Ref : BBC


Related posts

Leave a Comment

VOM News

FREE
VIEW