WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ

WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ

ရန်ကုန်၊ ဇန်နဝါရီ – ၃၁-၂၀၂၀
အောင်ထူးနိုင်(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အချက်(၇)ချက် ပါဝင်တဲ့ သတင်းစကားကို တစ်နိုင်ငံလုံးကို ဖြန့်ဝေထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၃၁ ရက်နေ့က ပြောပါတယ်။

“key messages 2 အနေနဲ့ WHO က ကျန်းမာရေးအားနည်းတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောတာရှိပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

WHO DG ထံမှ ရရှိထားတဲ့ သတင်းစကားအရ အဆုတ်ရောင်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာသွားလာရေးတို့ကို အနှောက်အယှက်မဖြစ်လိုကြောင်း၊ ရွေ့ပြောင်းသွားလာကူးလူးဆက်ဆံခြင်း၊ ဖြတ်တောက်တာကို မထောက်ခံ‌
ကြောင်း၊ နယ်မြေအားလုံးကိုလည်း ခိုင်လုံမှန်ကန်တဲ့ အချက်အလက်ကို အခြေခံပြီး စဉ်းစားကာ မှန်ကန်တာကို ဆောင်ရွက်လိုတဲ့အကြောင်းတွေလည်းပါဝသ်တယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးကုသမှု၊ ရောဂါအမည်တတ်မှုတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင် ရောဂါကို 2019-Novel coronavirus လို့ လတ်တလော သတ်မှတ်ထားပြီး တိုက်ဖျက်နေကြောင်း၊ကောလဟာလ ပျံ့ပွားမှု တိုက်ထုတ်ဖို့နဲ့ မမှန်မကန် ပြောဆိုတာတွေကို တိုက်ထုတ်ဖို့လိုကြောင်း၊ပြန်လည်လေ့လာသုံးသပ်ခြင်း၊ လိုအပ်ချက်တွေကို ဖော်ထုတ်ခြင်း၊ လူနာတွေကို သီးသန့်ခွဲထားခြင်း၊ ကုသမှုပေးခြင်းတို့ဖြင့် ကူးစက်မှုကို ကာကွယ်ရမှာ ဖြစ်ကြောင်း သတင်းစကားပါးထားတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #WHO #

Zawgyi

WHO ရဲ႕ အခ်က္ ၇ ခ်က္ပါတဲ့ သတင္းအခ်က္လက္ရ

ရန္ကုန္၊ ဇန္နဝါရီ – ၃၁-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က လတ္တေလာျဖစ္ပြားေနတဲ့ အဆုတ္ေရာင္ေရာဂါနဲ႔ပတ္သက္ၿပီး အခ်က္(၇)ခ်က္ ပါဝင္တဲ့ သတင္းစကားကို တစ္ႏိုင္ငံလုံးကို ျဖန႔္ေဝထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ဇန္နဝါရီ ၃၁ ရက္ေန႔က ေျပာပါတယ္။

“key messages 2 အေနနဲ႔ WHO က က်န္းမာေရးအားနည္းတဲ့ ႏိုင္ငံေတြကို ပံ့ပိုးကူညီသြားမယ္လို႔ ေျပာတာရွိပါတယ္”လို႔ ေဒါက္တာထြန္းျမင့္ကေျပာပါတယ္။

WHO DG ထံမွ ရရွိထားတဲ့ သတင္းစကားအရ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႏိုင္ငံတကာကုန္သြယ္ေရး၊ ႏိုင္ငံတကာသြားလာေရးတို႔ကို အေႏွာက္အယွက္မျဖစ္လိုေၾကာင္း၊ ေ႐ြ႕ေျပာင္းသြားလာကူးလူးဆက္ဆံျခင္း၊ ျဖတ္ေတာက္တာကို မေထာက္ခံ‌
ေၾကာင္း၊ နယ္ေျမအားလုံးကိုလည္း ခိုင္လုံမွန္ကန္တဲ့ အခ်က္အလက္ကို အေျခခံၿပီး စဥ္းစားကာ မွန္ကန္တာကို ေဆာင္႐ြက္လိုတဲ့အေၾကာင္းေတြလည္းပါဝသ္တယ္လို႔ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

ဒါ့အျပင္ ကာကြယ္ေဆးကုသမႈ၊ ေရာဂါအမည္တတ္မႈေတြကိုလည္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အရွိန္အဟုန္ျမႇင့္ၿပီး ေဆာင္႐ြက္မယ္လို႔ သိရပါတယ္။

လတ္တေလာျဖစ္ပြားေနတဲ့ အဆုတ္ေရာင္ ေရာဂါကို 2019-Novel coronavirus လို႔ လတ္တေလာ သတ္မွတ္ထားၿပီး တိုက္ဖ်က္ေနေၾကာင္း၊ေကာလဟာလ ပ်ံ႕ပြားမႈ တိုက္ထုတ္ဖို႔နဲ႔ မမွန္မကန္ ေျပာဆိုတာေတြကို တိုက္ထုတ္ဖို႔လိုေၾကာင္း၊ျပန္လည္ေလ့လာသုံးသပ္ျခင္း၊ လိုအပ္ခ်က္ေတြကို ေဖာ္ထုတ္ျခင္း၊ လူနာေတြကို သီးသန႔္ခြဲထားျခင္း၊ ကုသမႈေပးျခင္းတို႔ျဖင့္ ကူးစက္မႈကို ကာကြယ္ရမွာ ျဖစ္ေၾကာင္း သတင္းစကားပါးထားတယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #WHO #

Related posts

Leave a Comment

VOM News

FREE
VIEW