မြောက်ဦးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မြောက်ဦးမှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦးဒဏ်ရာ ပြင်ထန်စွာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။

အဲ့ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ချောင်းသစ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ်၊ မောင်ကျော်ကျော်သန်း မှာမြောက်ဦးဆေးရုံမှာ သေဆုံးသွားပြီး၊ အသက် ၄၀ အရွယ် ဒေါ်ဖြူ မေမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။

” နှစ်ယောက်မှာ တစ်ယောက် ဆုံးသွားပြီ။ ယောကျ်ားလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အရေးပေါ်ကားနဲ့သွားယူတာ။ ယောက်ျားလေးက အခုဆုံးသွားလို့ ရွာကို ထုတ်ယူသွားပြီ။” လို့ ကရုဏာလှိုင်း သွေးအလှူ ရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တာဟာ ယနေ့ မွန်းလွဲ ၁၂ နာရီက ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲမှာအတွင်း ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားရာမှ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ကျော်သန်းမှာ ဆေးရုံ၌ သေဆုံသွားတာဖြစ်ပါတယ်။

” သူတို့ပြောတာကတော့ လက်ပစ်ဗုံးလိုလို ဘာလိုလို အတိအကျမသိဘူး။ ဆေးရုံကိုရောက်ပြီးမှ ယောက်ျားလေး ကဆုံးသွာတာ။ နောက်တစ်ယောက်တော့ တစ်ကိုယ်လုံး မှာဆိုတော့ဒဏ်ရာပြင်းတယ်။ ဒါပေမယ့် အသက် အန္တရာယ် မစိုးရိမ်ရဘူး” လို့ ကရုဏာလှိုင်း သွေးအလှူ ရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလို ပေါက်ကွဲမှု တွေဖြစ်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလ(၇) ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျးရွာမှာ ပါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားသူ လူငယ် ၁၀ ဦးမှာ ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM
#မြောက်ဦး #ရခိုင်

……….

zawgyi

ေျမာက္ဦးမွာ ေပါက္ကြဲမႈျဖစ္ၿပီး အမ်ိဳးသားတစ္ဦးေသဆံုး၊ အမ်ိဳးသမီးတစ္ဦးဒဏ္ရာရ

ေျမာက္ဦး၊ ေဖေဖာ္ဝါရီ ၂- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္ ေခ်ာင္းသစ္ေက်းရြာမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆံုးၿပီး၊ အမ်ိဳးသမီးတစ္ဦးဒဏ္ရာ ျပင္ထန္စြာ ရ႐ွိသြားေၾကာင္း သတင္းရ႐ွိပါတယ္။

အဲ့ဒီေပါက္ကြဲမႈ ျဖစ္ပြားခဲ့တာေၾကာင့္ ေခ်ာင္းသစ္ေက်းရြာမွ အသက္ ၁၅ ႏွစ္အရြယ္၊ ေမာင္ေက်ာ္ေက်ာ္သန္း မွာေျမာက္ဦးေဆးရံုမွာ ေသဆံုးသြားၿပီး၊ အသက္ ၄၀ အရြယ္ ေဒၚျဖဴ ေမမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သိရပါတယ္။

” ႏွစ္ေယာက္မွာ တစ္ေယာက္ ဆံုးသြားၿပီ။ ေယာက်္ားေလးတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ အေရးေပၚကားနဲ႔သြားယူတာ။ ေယာက္်ားေလးက အခုဆံုးသြားလို႔ ရြာကို ထုတ္ယူသြားၿပီ။” လို႔ က႐ုဏာလႈိင္း ေသြးအလွဴ ႐ွင္မ်ားအသင္း ဥကၠဌ ဦးေအာင္သန္းထြန္းက ေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္တာဟာ ယေန႔ မြန္းလြဲ ၁၂ နာရီက ေပါက္ကြဲတာျဖစ္ၿပီး ေပါက္ကြဲမွာအတြင္း ဒဏ္ရာရ႐ွိသူေတြကို ေျမာက္ဦးေဆးရံုသို႔ပို႔ေဆာင္ထားရာမွ အသက္ ၁၅ ႏွစ္အရြယ္ ေမာင္ေက်ာ္ေက်ာ္သန္းမွာ ေဆးရံု၌ ေသဆံုသြားတာျဖစ္ပါတယ္။

” သူတို႔ေျပာတာကေတာ့ လက္ပစ္ဗံုးလိုလို ဘာလိုလို အတိအက်မသိဘူး။ ေဆးရံုကိုေရာက္ၿပီးမွ ေယာက္်ားေလး ကဆံုးသြာတာ။ ေနာက္တစ္ေယာက္ေတာ့ တစ္ကိုယ္လံုး မွာဆိုေတာ့ဒဏ္ရာျပင္းတယ္။ ဒါေပမယ့္ အသက္ အႏၲရာယ္ မစိုးရိမ္ရဘူး” လို႔ က႐ုဏာလိႈင္း ေသြးအလွဴ ႐ွင္မ်ားအသင္း ဥကၠ႒ ဦးေအာင္သန္းထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း အခုလို ေပါက္ကြဲမႈ ေတြျဖစ္တာေၾကာင့္ အရပ္သားထိခိုက္ေသဆံုးမႈေတြ႐ွိေနပါတယ္။ လြန္ခဲ့တဲ့ ဇန္နဝါရီလ(၇) ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ထိပ္ထူးေပါက္က်းရြာမွာ ပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ထင္းေခြသြားသူ လူငယ္ ၁၀ ဦးမွာ ၄ ဦးေသဆံုးကာ ၆ ဦး ဒဏ္ရာအျပင္းအထန္ရ႐ွိခဲ့ပါေသးတယ္။

#VoiceOfMyanmar #VOM
#ေျမာက္ဦး #ရခိုင္

Related posts

Leave a Comment

VOM News

FREE
VIEW