ဟွာဝေးကုမ္ပဏီကို နည်းပညာခိုးမှုနဲ့ အမေရိကန်တရားစွဲ

ဟွာဝေးကုမ္ပဏီကို နည်းပညာခိုးမှုနဲ့ အမေရိကန်တရားစွဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကို နည်းပညာခိုးယူမှုအပါအဝင် နောက်ထပ်စွဲချက်သစ်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဟွာဝေးကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အမေရိကန်ကုမ္ပဏီတွေဆီကနေ လျှို့ဝှက်ကုဒ်နဲ့ စက်ရုပ်နည်းပညာတွေအပါအဝင် ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေဆီက နည်းပညာတွေခိုးယူဖို့အတွက် ဆယ်စုနှစ်နဲ့ချီပြီးကြာမြင့်တဲ့ စီမံကိန်းတစ်ရပ်ကို ရေးဆွဲထားတယ်လို့လည်း အမေရိကန် အစိုးရရှေ့နေတွေကပြောပါတယ်။

ဟွာဝေးကုမ္ပဏီဟာ အမေရိကန်အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ခြင်း၊ အမေရိကန်အခြေစိုက် T-Mobile ကုမ္ပဏီထံမှ နည်းပညာတွေကို ခိုးယူတယ်ဆိုတဲ့ စွဲချက်တွေပါဝင်ပါပြီး ဟွာဝေးကုမ္ပဏီကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ဟာ ဟွာဝေးကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွေပြုခဲ့ပြီး လက်ရှိစွဲချက်တွေကို စာရင်းမှာ ထပ်မံထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဒီလိုတရားစွဲဆိုမှုတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားကို ဟွာဝေးကခြိမ်းခြောက်မှုတွေ များလာတဲ့အတွက် ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်က ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ဟွာဝေးကတုံ့ပြန်ထားတာ ဖြစ်ပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceoffmyanmar #ဝါရှင်တန် #ဟွာဝေးကုမ္ပဏီ #အမေရိကန်တရားစွဲ

Zawgyi

ဟြာေ၀းကုမၸဏီကို နည္းပညာခိုးမႈနဲ႔ အေမရိကန္တရားစြဲ

ဝါရွင္တန္၊ ေဖေဖာ္ဝါရီ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နုိင္ငံ တရုတ္အေျခစိုက္ နည္းပညာကုမၸဏီၾကီးျဖစ္တဲ႔ ဟြာေ၀းကို နည္းပညာခိုးယူမႈအပါအ၀င္ ေနာက္ထပ္စြဲခ်က္သစ္ေတြနဲ႔ တရားစြဲဆိုလိုက္ပါတယ္။

ဟြာေ၀းကုမၸဏီဟာ အေမရိကန္ကုမၸဏီေတြနဲ႔ လုပ္ငန္းလုပ္ကိုင္မႈဆိုင္ရာ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ျပီး အေမရိကန္ကုမၸဏီေတြဆီကေန လွ်ိဳ႕၀ွက္ကုဒ္နဲ႔ စက္ရုပ္နည္းပညာေတြအပါအ၀င္ ကုန္သြယ္ေရး လွ်ိဳ႕၀ွက္ခ်က္ေတြကို ခိုးယူခဲ႔တယ္လို႔ စြပ္စြဲထားပါတယ္။

ဒါ႔အျပင္ အေမရိကန္ကုမၸဏီေတြဆီက နည္းပညာေတြခိုးယူဖို႔အတြက္ ဆယ္စုနွစ္နဲ႔ခ်ီျပီးၾကာျမင္႔တဲ႔ စီမံကိန္းတစ္ရပ္ကို ေရးဆဲြထားတယ္လို႔လည္း အေမရိကန္ အစိုးရေရွ႕ေနေတြကေျပာပါတယ္။

ဟြာေဝးကုမၸဏီဟာ အေမရိကန္အေရးယူပိတ္ဆုိ႔မႈေတြကိုခ်ိဳးေဖာက္ျခင္း၊ အေမရိကန္အေျခစိုက္ T-Mobile ကုမၸဏီထံမွ နည္းပညာေတြကုိ ခုိးယူတယ္ဆိုတဲ႔ စြဲခ်က္ေတြပါ၀င္ပါျပီး ဟြာေဝးကုမၸဏီကေတာ႔ စဲြခ်က္ေတြကုိ ျငင္းဆုိထားပါတယ္။

ျပီးခဲ႔တဲ႔နွစ္ကလည္း အေမရိကန္ဟာ ဟြာေ၀းကုမၸဏီအေပၚ တရားစြဲဆိုမႈေတြျပဳခဲ႔ျပီး လက္ရိွစြဲခ်က္ေတြကို စာရင္းမွာ ထပ္မံထည့္သြင္းသြားမွာျဖစ္ပါတယ္။

ဒီလိုတရားစြဲဆိုမႈေတြဟာ အေမရိကန္ရဲ႕အက်ိဳးစီးပြားကို ဟြာေ၀းကျခိမ္းေျခာက္မႈေတြ မ်ားလာတဲ့အတြက္ ဟြာေဝးကုမၸဏီအေပၚ အေမရိကန္က ပစ္မွတ္ထားလာတာျဖစ္တယ္လို႔ ဟြာေဝးကတံု႕ျပန္ထားတာ ျဖစ္ပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceoffmyanmar #ဝါရွင္တန္ #ဟြာေဝးကုမၸဏီ #အေမရိကန္တရားစြဲ

Related posts

Leave a Comment

VOM News

FREE
VIEW