၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ်

၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေထွက်ပြေးနေကြသလို ထင်းခွေသွားတဲ့ရွာသားတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့သတင်း၊ ပုသိမ် ၊ ရွေသောင်ယံကမ်းခြေမြို့နားမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၄၈ ယောက်ဖမ်းမိတဲ့သတင်း၊ ရွှေဘိုတက္ကသိုလ်က ဗကသကျောင်းသားတွေဟာ စစ်အသုံးစရိတ်လျှော့ချပေးဖို့နဲ့ ပညာရေးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ သတင်းအပါအဝင် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပထမဦးဆုံး အိန္ဒိယ – မြန်မာနယ်စပ်ဈေးဖွင့်မယ့်သတင်းတွေကို ကြည့်ရှုနားဆင်နိုင်ပါတယ်။ #VOM #voiceofmyanmar #ညနေခင်းသတင်း Zawgyi ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေထွက်ပြေးနေကြသလို ထင်းခွေသွားတဲ့ရွာသားတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့သတင်း၊ ပုသိမ် ၊ ရွေသောင်ယံကမ်းခြေမြို့နားမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၄၈ ယောက်ဖမ်းမိတဲ့သတင်း၊ ရွှေဘိုတက္ကသိုလ်က ဗကသကျောင်းသားတွေဟာ စစ်အသုံးစရိတ်လျှော့ချပေးဖို့နဲ့…

Read More

ဟွာဝေးကုမ္ပဏီကို နည်းပညာခိုးမှုနဲ့ အမေရိကန်တရားစွဲ

ဟွာဝေးကုမ္ပဏီကို နည်းပညာခိုးမှုနဲ့ အမေရိကန်တရားစွဲ ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကို နည်းပညာခိုးယူမှုအပါအဝင် နောက်ထပ်စွဲချက်သစ်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အမေရိကန်ကုမ္ပဏီတွေဆီကနေ လျှို့ဝှက်ကုဒ်နဲ့ စက်ရုပ်နည်းပညာတွေအပါအဝင် ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေဆီက နည်းပညာတွေခိုးယူဖို့အတွက် ဆယ်စုနှစ်နဲ့ချီပြီးကြာမြင့်တဲ့ စီမံကိန်းတစ်ရပ်ကို ရေးဆွဲထားတယ်လို့လည်း အမေရိကန် အစိုးရရှေ့နေတွေကပြောပါတယ်။ ဟွာဝေးကုမ္ပဏီဟာ အမေရိကန်အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ခြင်း၊ အမေရိကန်အခြေစိုက် T-Mobile ကုမ္ပဏီထံမှ နည်းပညာတွေကို ခိုးယူတယ်ဆိုတဲ့ စွဲချက်တွေပါဝင်ပါပြီး ဟွာဝေးကုမ္ပဏီကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ဟာ ဟွာဝေးကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွေပြုခဲ့ပြီး လက်ရှိစွဲချက်တွေကို စာရင်းမှာ ထပ်မံထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုမှုတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားကို ဟွာဝေးကခြိမ်းခြောက်မှုတွေ များလာတဲ့အတွက် ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်က ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ဟွာဝေးကတုံ့ပြန်ထားတာ…

Read More

ရွှေသောင်ယံကမ်းခြေမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ ပို့ဆောင်ပေးတဲ့(၅)ဦးကို ဖမ်းဆီးထား

ရွှေသောင်ယံကမ်းခြေမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ ပို့ဆောင်ပေးတဲ့(၅)ဦးကို ဖမ်းဆီးထား ပုသိမ်၊ ဖေဖေါ်ဝါရီ ၁၄-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့၊ မကျည်းဇင်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ၊ ပေါက်လှချိုင်ကမ်းခြေမှာ နိင်ငံသားအထောက်အထားမဲ့(၄၈)ဦးနဲ့ စက်လှေနဲ့ပို့ဆောင်ပေးသူ (၅) ဦးကို မနေ့ဖေဖော်ဝါရီ(၁၃)ရက်နေ့ညပိုင်းက ဖမ်းဆီးမိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ် ။ မြန်မာနိုင်ငံသားအထောက်အထားမဲ့ အမျိုးသား၊အမျိုးသမီး (၄၈)ဦးကို တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်(ရေ)စစ်ရေယာဉ်က လိုက်လံဖမ်းဆီးခဲ့ပြီး လိုက်ပါပို့ဆောင်တဲ့(၅)ဦးကိုတော့ သဘော့ကန်ကျေးရွာ၊ ပေါက်လှချိုင်ကမ်းခြေ ကျောက်ဆောင်တွေအတွင်းမှာ ခိုအောင်းနေချိန် ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့ (၅)ဦးက ကမ်းဘက်ကို ရေပုံးတွေဖက်ပြီး ကူးဝင်လာတာပါ၊ ရခိုင်လူမျိုးတွေပါ၊ ရဲ နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရွာသူရွာသားတွေက ဝိုင်းဝန်းဖမ်းကြတာ၊ ရွှေသောင်ယံရဲစခန်းကို ခေါ် သွားပါတယ်”လို့ သဘော့ကန်ကျေးရွာအုပ်ချုပ်ရေးမူးဦးမြင့်သိန်းကပြောပါတယ်။ ပင်လယ်ပြင်စက်လှေအတွင်း ကျန်ရှိနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် အမှတ်၅၄၆နဲ့ ခေါ်သွားခဲ့ပြီး ကမ်းကိုကူးပြေးလာသူ…

Read More

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ဈေးဖွင့်မယ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ဈေးဖွင့်မယ် ကလေး၊ ဖေဖော်ဝါရီ ၁၄-၂၀၂၀ ငြိမ်းသူမင်း(VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေး ဖွင့်လှစ်သွားမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ နန်းယွန်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မားလာစေဖို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးကို ပန်ဆောင်မြို့မှာ ဖွင့်လှစ်ပေးဖို့ နန်းယွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ ရဲ့ ပြည်သူ့လွှတ်တော်အတွင်း မေးခွန်းမေးမြန်းချက်ကို ဖြေကြားတဲ့အခါမှာ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒုတိယဝန်ကြီး ဦးအောင်ထူးကတော့ “လွှတ်တော်ကိုယ်စာလှယ်ကြီး မေးမြန်းထားတဲ့ နန်းယွန်းမြို့နယ်တွင် ပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန် ပန်ဆောင်မြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်ဈေး ဖွင့်လှစ်ရန် အစီအမံများ သိရှိလိုခြင်းနှင့်ပတ်သက်၍ ပန်ဆောင်မြို့တွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အစီအစဉ် ရှိပါကြောင်း နှင့် နယ်စပ်ဈေးများ စီမံခန့်ခွဲရေး နည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန်ညှိနှိုင်း အတည်ပြုပြီးသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်…

Read More

မင်းပြားရာမောင်တံတားအနီး တပ်မတော်နဲ့အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ

မင်းပြားရာမောင်တံတားအနီး တပ်မတော်နဲ့အေအေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ မင်းပြား၊ ဖေဖော်ဝါရီ ၁၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီး တပ်မတော်နဲ့အေအေတို့ဟာ ဒီကနေ့မနက် ၈ နာရီက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တွေ- ရန်ကုန် ကားအသွားအလာတွေရပ်ဆိုင်းသွားကာ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဟာ ပထမဆုံးမှာ တစ်ဖက်ကပစ်သံကြားရပေမယ့် အချိန်ကြာလာတာနဲ့ နှစ်ဖက်ပစ်ခတ်သံတွေအဖြစ်ကြားလာရတယ်လို့ ရာမောင်တံတားအနီး အမ်းသားကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ” တိုက်ပွဲကအခုလည်းဖြစ်နေတယ်။ မနက် ၈ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရတယ်။ ပထမခါတော့ တစ်ဖက်ပစ်သံလိုမျိုးကြားရတယ်။ နောက်ကြာလာတော့ နှစ်ဖက်ပစ်သံကြားရတယ်။” လို့ မင်းပြားမြို့နယ် အမ်းသားရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရာမောင်တံတားအနီး အနားပတ်ဝန်းကျင်ကျေးရွာတွေက ရွာသားတွေထွက်ပြေး နေပြီး ကားအသွားအလာတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။ ” တံတားတွေကို ပိတ်ထားရတယ်။ ကားတွေလည်းမဖြတ်ရဘူး။…

Read More

စစ်အသုံးစရိတ်လျှော့ချပေးရေးဖို့ ရွှေဘိုတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆို

စစ်အသုံးစရိတ်လျှော့ချပေးရေးဖို့ ရွှေဘိုတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆို မန္တလေး၊ ဖေဖော်ဝါရီ ၁၄-၂၀၂၀ လင်းခိုင်(VOM) စစ်အသုံးစရိတ်လျှော့ချရေးနဲ့ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်မှာ ဗကသကျောင်းသားတွေစုပြီး တက္ကသိုလ်တွင်းလှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “ စစ်အသုံးစရိတ်လျှော့ချရေးရယ်၊ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးရယ်၊ မြန်မာပြည်ငြိမ်းချမ်းရေးရယ်အတွက် လုပ်တာပါ၊ ကျွန်တော်တို့ကကျောင်းသားဖြစ်နေတဲ့အတွက် ကျောင်းသားအသိနဲ့လုပ်ရမှာပဲဗျ၊ အစိုးရကတော့ တာဝန်သိလို့ဖြစ်စေ ၊ တာဝန်မသိလို့ဖြစ်စေ မလုပ်တာကတော့ သူတော့အပိုင်းပေါ့၊ ကျွန်တော်တို့ ကြားထဲကပြည်သူကတော့ တောင်းဆိုရမယ်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုတာကတော့ ကျောင်းသားတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အခွင့်အရးကို တောင်းဆိုတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က မှားမယ်လို့မထင်ဘူး”လို့ ရွှေဘိုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုဇော်မြင့်နိုင်ဦးကပြောပါတယ်။ အခုလိုစစ်အသုံးစရိတ်လျှော့ချရေး တောင်းဆိုဆန္ဒပြတာကို ဗကသများအဖွဲ့ချုပ် ကျောင်းသားထုအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆန္ဒပြတောင်းဆိုရာမှာ ရောသမမွှေပညာရေး အလိုမရှိ ၊ အမြောက်ကျည်ဆံတွေ ဖြုန်းနေမယ့်အစား ပညာရေး အသုံးစရိတ်တိုးမြှင့်ပေး ၊ ဒီမိုကရေစီပညာရေး တိုက်ပွဲဝင်ကြ စတဲ့တောင်းဆိုချက်တွေကြွေးကြော်ကာ…

Read More

နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှု အမေရိကန်နဲ့တရုတ် စတင်

နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှု အမေရိကန်နဲ့တရုတ် စတင် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှာ စတင်လိုက်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ စာချုပ်ပါကတိကဝတ်တွေအတိုင်း အကောင်အထည်ဖော်နိုင်ခြင်းရှိမရှိ ဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ သဘောတူညီချက်အရ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြားကုန်ပစ္စည်းတွေကို လာမယ့်နှစ်နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံဖိုး တရုတ်နိုင်ငံက တိုးမြှင့်ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဉာဏမူပိုင်ခွင့်ဆိုင်ရာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ အမေရိကန်ကတော့ ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန် ၁၅ ရာခိုင်နှုန်းကောက်ခံတာကို ထက်ဝက်လျှော့ချသွားမှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေထဲမှာ အယ်လ်စီဒီတီဗီ၊ နာရီနဲ့ ပရိဘောဂတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံကတော့ သစ်သီးဝလံနဲ့ ရေနံစိမ်းအပါအဝင် အမေရိကန်ကုန်ပစ္စည်းအမျိုးအစားပေါင်း ၁၇၀၀ အပေါ်ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကောက်ခံတာကို…

Read More

မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး

မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး မင်းပြား၊ ဖေဖော်ဝါရီ ၁၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့က လက်နက်ကြီးကျဉ်ကျရောက်ပေါက်ကွဲလို့ ထင်းခွေသွားတဲ့ ဖားပျော်ရွာက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ အဲ့အသက် ၁၆ နှစ်အရွယ်ရှိ လက်နက်ကြီးကျဉ်ကျရောက်ပြီး သေဆုံးသွားသူဟာ အဘ ဦးမောင်စံဖြူ ၊ မိခင်ဒေါ်ညိုအေးယေ တို့ရဲ့သား မောင်င/လုံးချေ ဖြစ်ပြီး ဖြစ်စဉ်မှာ သူငယ်ချင်းနှစ်ယောက် တောထဲသို့ထင်းခွေသွားရာ ပြန်အလာမှာ လက်နက်ကြီးကျည်ကျပြီး မောင်ငလုံးချေမှာ အဲ့ဒီနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိထားပါတယ်။ ” ထင်းသွားခွေတာ၊ အဲ့ဒါမှာ လက်နက်ကြီးက ဘယ်ကလာကျတာလဲမသိဘူး။ ထင်းသွားခွေတာ သူငယ်ချင်းနှစ်ယောက် သွားတာ။ အားလုံး ၁၆ နှစ်ကလေးတွေ…

Read More
VOM News

FREE
VIEW