နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှု အမေရိကန်နဲ့တရုတ် စတင်

နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှု အမေရိကန်နဲ့တရုတ် စတင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံကုန်ပစ္စည်းတွေအပေါ် အပြန်အလှန်အခွန်လျှော့ချကောက်ခံမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှာ စတင်လိုက်ပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ စာချုပ်ပါကတိကဝတ်တွေအတိုင်း အကောင်အထည်ဖော်နိုင်ခြင်းရှိမရှိ ဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

သဘောတူညီချက်အရ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြားကုန်ပစ္စည်းတွေကို လာမယ့်နှစ်နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံဖိုး တရုတ်နိုင်ငံက တိုးမြှင့်ဝယ်ယူရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဉာဏမူပိုင်ခွင့်ဆိုင်ရာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

အမေရိကန်ကတော့ ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန် ၁၅ ရာခိုင်နှုန်းကောက်ခံတာကို ထက်ဝက်လျှော့ချသွားမှာဖြစ်ပါတယ်။

ဒီပစ္စည်းတွေထဲမှာ အယ်လ်စီဒီတီဗီ၊ နာရီနဲ့ ပရိဘောဂတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံကတော့ သစ်သီးဝလံနဲ့ ရေနံစိမ်းအပါအဝင် အမေရိကန်ကုန်ပစ္စည်းအမျိုးအစားပေါင်း ၁၇၀၀ အပေါ်ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းကောက်ခံတာကို ထက်ဝက်လျှော့ချသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိရရှိထားတဲ့ ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက်ဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား နှစ်နှစ်ကြာဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို တစ်စိတ်တစ်ပိုင်းသာဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #ဝါရှင်တန် #အခွန်လျှော့ကောက်ခံမှု #အမေရိကန် #တရုတ်

Zawgyi

နွစ္နိုင္ငံကုန္ပစၥည္းေတြအေပၚ အျပန္အလွန္အခြန္ေလွ်ာ႔ခ်ေကာက္ခံမႈ အေမရိကန္နဲ႔တရုတ္ စတင္

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႔ တရုတ္နို္င္ငံတို႔အၾကား ပထမအဆင္႔ကုန္သြယ္ေရးသေဘာတူညီခ်က္ တစ္စိတ္တစ္ပိုင္းအျဖစ္ နွစ္နိုင္ငံကုန္ပစၥည္းေတြအေပၚ အျပန္အလွန္အခြန္ေလွ်ာ႔ခ်ေကာက္ခံမႈကို ေဖေဖာ္၀ါရီ ၁၄ ရက္မွာ စတင္လိုက္ပါတယ္။

ဒါေပမယ္႔လည္း တရုတ္နိုင္ငံအေနနဲ႔ နိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတဲ့ စာခ်ဳပ္ပါကတိက၀တ္ေတြအတိုင္း အေကာင္အထည္ေဖာ္နိုင္ျခင္းရွိမရိွ ဆိုတဲ႔အေပၚ စိုးရိမ္ပူပန္မႈေတြ ျမင္႔တက္ေနပါတယ္။

သေဘာတူညီခ်က္အရ အေမရိကန္စိုက္ပ်ိဳးေရးထုတ္ကုန္ေတြနဲ႔ အျခားကုန္ပစၥည္းေတြကို လာမယ္႔နွစ္နွစ္အတြင္း ေဒၚလာ ၂၀၀ ဘီလီယံဖိုး တရုတ္နိုင္ငံက တိုးျမွင္႔၀ယ္ယူရမွာျဖစ္ပါတယ္။
ဒါ႔အျပင္ ဥာဏမူပိုင္ခြင္႔ဆိုင္ရာေတြကိုလည္း ကိုင္တြယ္ေျဖရွင္းရမွာျဖစ္ပါတယ္။

အေမရိကန္ကေတာ႔ ေဒၚလာ ၁၂၀ ဘီလီယံတန္ဖိုးရိွ တရုတ္ကုန္ပစၥည္းမ်ားအေပၚ ထပ္ေဆာင္းအခြန္ ၁၅ ရာခိုင္နႈန္းေကာက္ခံတာကို ထက္၀က္ေလွ်ာ႔ခ်သြားမွာျဖစ္ပါတယ္။

ဒိီပစၥည္းေတြထဲမွာ အယ္လ္စီဒီတီဗီ၊ နာရီနဲ႔ ပရိေဘာဂေတြပါ၀င္ပါတယ္။ တရုတ္နုိင္ငံကေတာ႔ သစ္သီး၀လံနဲ႔ ေရနံစိမ္းအပါအ၀င္ အေမရိကန္ကုန္ပစၥည္းအမ်ိဳးအစားေပါင္း ၁၇၀၀ အေပၚထပ္ေဆာင္းအခြန္ ၁၀ ရာခိုင္နႈန္းေကာက္ခံတာကို ထက္၀က္ေလွ်ာ႔ခ်သြားမွာျဖစ္ပါတယ္။

ဒါေပမယ္႔လည္း လက္ရိွရရိွထားတဲ႔ ပထမအဆင္႔ကုန္သြယ္ေရးသေဘာတူညီခ်က္ဟာ ကမၻာ႔စီးပြားေရးအင္အားၾကီးနွစ္နိုင္ငံအၾကား နွစ္နွစ္ၾကာျဖစ္ပြားေနတဲ႔ ကုန္သြယ္ေရးစစ္ပြဲကို တစ္စိတ္တစ္ပိုင္းသာေျဖရွင္းနုိင္မွာျဖစ္တယ္လို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။

Ref : NHK Photo: Getty Images
#VOM #voiceofmyanmar #ဝါရွင္တန္ #အခြန္ေလွ်ာ့ေကာက္ခံမွဳ #အေမရိကန္ #တရုတ္

Related posts

Leave a Comment

VOM News

FREE
VIEW