စစ်အသုံးစရိတ်လျှော့ချပေးရေးဖို့ ရွှေဘိုတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆို

စစ်အသုံးစရိတ်လျှော့ချပေးရေးဖို့ ရွှေဘိုတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆို

မန္တလေး၊ ဖေဖော်ဝါရီ ၁၄-၂၀၂၀
လင်းခိုင်(VOM)

စစ်အသုံးစရိတ်လျှော့ချရေးနဲ့ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်မှာ ဗကသကျောင်းသားတွေစုပြီး တက္ကသိုလ်တွင်းလှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

“ စစ်အသုံးစရိတ်လျှော့ချရေးရယ်၊ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးရယ်၊ မြန်မာပြည်ငြိမ်းချမ်းရေးရယ်အတွက် လုပ်တာပါ၊ ကျွန်တော်တို့ကကျောင်းသားဖြစ်နေတဲ့အတွက် ကျောင်းသားအသိနဲ့လုပ်ရမှာပဲဗျ၊ အစိုးရကတော့ တာဝန်သိလို့ဖြစ်စေ ၊ တာဝန်မသိလို့ဖြစ်စေ မလုပ်တာကတော့ သူတော့အပိုင်းပေါ့၊ ကျွန်တော်တို့ ကြားထဲကပြည်သူကတော့ တောင်းဆိုရမယ်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုတာကတော့ ကျောင်းသားတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အခွင့်အရးကို တောင်းဆိုတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က မှားမယ်လို့မထင်ဘူး”လို့ ရွှေဘိုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုဇော်မြင့်နိုင်ဦးကပြောပါတယ်။

အခုလိုစစ်အသုံးစရိတ်လျှော့ချရေး တောင်းဆိုဆန္ဒပြတာကို ဗကသများအဖွဲ့ချုပ် ကျောင်းသားထုအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ရောသမမွှေပညာရေး အလိုမရှိ ၊ အမြောက်ကျည်ဆံတွေ ဖြုန်းနေမယ့်အစား ပညာရေး အသုံးစရိတ်တိုးမြှင့်ပေး ၊ ဒီမိုကရေစီပညာရေး တိုက်ပွဲဝင်ကြ စတဲ့တောင်းဆိုချက်တွေကြွေးကြော်ကာ ကျောင်းသား\သူ(၇၀)ခန့်နဲ့ ရွှေဘိုတက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကာ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmuyanmar #ရွှေဘို #ကျောင်းသားသမဂ္ဂ #စစ်အသုံးစရိတ်လျှော့ချရေး #ဆန္ဒပြ

Zawgyi

စစ္အသံုးစရိတ္ေလွ်ာ့ခ်ေပးေရးဖို႔ ေရႊဘုိတကၠသိုလ္မွာ ဆႏၵျပေတာင္းဆို

မႏၱေလး၊ ေဖေဖာ္ဝါရီ ၁၄-၂၀၂၀
လင္းခိုင္(VOM)

စစ္အသံုးစရိတ္ေလွ်ာ့ခ်ေရးနဲ႔ ပညာေရးအသံုးစရိတ္တိုးျမွင့္ေပးဖို႔အတြက္ ဒီကေန႔မနက္ပိုင္းက စစ္ကိုင္းတိုင္း၊ ေရႊဘုိတကၠသိုလ္မွာ ဗကသေက်ာင္းသားေတြစုၿပီး တကၠသိုလ္တြင္းလွည့္လည္ကာ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

“ စစ္အသံုးစရိတ္ေလွ်ာ့ခ်ေရးရယ္၊ ပညာေရးအသံုးစရိတ္တိုးျမွင့္ေရးရယ္၊ ျမန္မာျပည္ၿငိမ္းခ်မ္းေရးရယ္အတြက္ လုပ္တာပါ၊ ကၽြန္ေတာ္တို႔ကေက်ာင္းသားျဖစ္ေနတဲ့အတြက္ ေက်ာင္းသားအသိနဲ႔လုပ္ရမွာပဲဗ်၊ အစိုးရကေတာ့ တာဝန္သိလုိ႔ျဖစ္ေစ ၊ တာဝန္မသိလို႔ျဖစ္ေစ မလုပ္တာကေတာ့ သူေတာ့အပိုင္းေပါ့၊ ကၽြန္ေတာ္တို႔ ၾကားထဲကျပည္သူကေတာ့ ေတာင္းဆိုရမယ္။ ပညာေရးအသံုးစရိတ္တိုးျမွင့္ေပးဖို႔ ေတာင္းဆိုတာကေတာ့ ေက်ာင္းသားေတြနဲ႔ တိုက္ရိုက္ဆက္စပ္ေနတဲ့အခြင့္အရးကို ေတာင္းဆိုတာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တုိ႔အေနနဲ႔က မွားမယ္လို႔မထင္ဘူး”လုိ႔ ေရႊဘုိတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႔ခ်ဳပ္) ဥကၠ႒ ကိုေဇာ္ျမင့္ႏိုင္ဦးကေျပာပါတယ္။

အခုလုိစစ္အသံုးစရိတ္ေလွ်ာ့ခ်ေရး ေတာင္းဆိုဆႏၵျပတာကို ဗကသမ်ားအဖြဲ႔ခ်ဳပ္ ေက်ာင္းသားထုအစည္းအေဝး ဆံုးျဖတ္ခ်က္အရ ျပဳလုပ္တာျဖစ္တယ္လုိ႔လည္း သိရပါတယ္။

ဆႏၵျပေတာင္းဆိုရာမွာ ေရာသမေမႊပညာေရး အလိုမရိွ ၊ အေျမာက္က်ည္ဆံေတြ ျဖဳန္းေနမယ့္အစား ပညာေရး အသံုးစရိတ္တိုးျမွင့္ေပး ၊ ဒီမိုကေရစီပညာေရး တိုက္ပြဲဝင္ၾက စတဲ့ေတာင္းဆိုခ်က္ေတြေၾကြးေၾကာ္ကာ ေက်ာင္းသား\သူ(၇၀)ခန္႔နဲ႔ ေရႊဘုိတကၠသုိလ္ဝင္းအတြင္း လွည့္လည္ကာ ဆႏၵျပခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmuyanmar #ေရႊဘို #ေက်ာင္းသားသမဂၢ #စစ္အသံုးစရိတ္ေလွ်ာ့ခ်ေရး #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW