ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့စီစဉ်နေ

ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့စီစဉ်နေ

ပါရီ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၀
မျိုးဆက် (VOM)

နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုသမားတွေရဲ့ ငွေကြေးခဝါချမှုနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ အားနည်းမှုကြောင့် ပြင်သစ်အခြေစိုက် FATF ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ စဉ်နေပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ Financial Action Task Force (FATF) သည် မြန်မာနိုင်ငံကို မီးခိုးရောင်စာရင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတာဖြစ်ပြီး ဒါဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့မှုလကိစ္စတွေကို တန်ပြန်ရာမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။

မီးခိုးရောင်စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခံလိုက်ရရင် မြန်မာနိုင်ငံအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်ရမှာမဟုတ်ပေမယ့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးမှု၊ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေထိခိုက်သွားနိုင်တယ်လို့ FATF အဖွဲ့က အမည်မဖော်လိုတဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာကျင်းပမယ့် မျက်နှာစုံညီအစည်းအဝေးအတွင်း ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအကြီးအကဲ ဦးကျော်ဝင်းသိန်းက ရိုက်တာကိုပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကိုတော့ ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ ကြေညာသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသရဲ့ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုရဲ့ အချက်အခြာဖြစ်တဲ့ ရွှေတြိဂံဒေသမှာ တည်ရှိနေပြီး တရားမဝင်ကျောက်စိမ်းတူးဖော်မှု၊ လက်နက်ရောင်းဝယ်မှု၊ သစ်ခိုးထုတ်မှုအပြင် အခြားပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ FATF ရဲ့ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #VOM #ငွေကြေးခဝါချမှု

Zawgyi

ေငြေၾကးခ၀ါခ်မႈ ေစာင္႔ၾကည္႔မယ္႔စာရင္းမွာ ျမန္မာနုိင္ငံကို ထည္႔သြင္းဖုိ႔စီစဥ္ေန

ပါရီ၊ ေဖေဖာ္၀ါရီ-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

နိုုင္ငံျဖတ္ေက်ာ္ မူးယစ္ေဆး၀ါးေမွာင္ခိုသမားေတြရဲ႕ ေငြေၾကးခ၀ါခ်မႈနဲ႔ ျမန္မာနိုင္ငံရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေတြ အားနည္းမႈေၾကာင္႔ ျပင္သစ္အေျခစိုက္ FATF ကမၻာ႔ဘ႑ာေရးေစာင္႔ၾကည္႔အဖြဲ႔က ေငြေၾကးခ၀ါခ်မႈ ေစာင္႔ၾကည္႔မယ္႔စာရင္းမွာ ျမန္မာနုိင္ငံကို ထည္႔သြင္းဖို႔ စဥ္ေနပါတယ္။

ဘ႑ာေရးဆိုင္ရာ အေရးယူေဆာင္ရြက္ေရးအဖြဲ႔ Financial Action Task Force (FATF) သည္ ျမန္မာနိုင္ငံကို မီးခိုးေရာင္စာရင္းမွာ ထည္႔သြင္းသြားဖို႔ စီစဥ္ေနတာျဖစ္ျပီး ဒါဟာ ေငြေၾကးခ၀ါခ်မႈနဲ႔ အၾကမ္းဖက္မႈဆိုင္ရာ လုပ္ရပ္ေတြကို ေငြေၾကးေထာက္ပံ႕မႈလကိစၥေတြကို တန္ျပန္ရာမွာ အားနည္းခ်က္ေတြရိွေနတယ္ဆိုတာ ေဖာ္ျပလိုက္တာျဖစ္ပါတယ္။

မီးခိုးေရာင္ေစာင္႔ၾကည္႔စာရင္းမွာ ထည္႔သြင္းခံလိုက္ရရင္ ျမန္မာနုိင္ငံအေနနဲ႔ အေရးယူပိတ္ဆို႔မႈေတြ ရင္ဆိုင္ရမွာမဟုတ္ေပမယ္႔ ဘ႑ာေရးဆိုင္ရာလုပ္ငန္းေတြ ဖြံ႕ျဖိဳးမႈ၊ ရင္းနွီးျမဳပ္နွံမႈနဲ႔ ကုန္သြယ္ေရး က႑ေတြထိခိုက္သြားနိုင္တယ္လို႔ FATF အဖြဲ႔က အမည္မေဖာ္လိုတဲ႔ ထိပ္တန္းတာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ျပီး ေဖေဖာ္၀ါရီ ၂၀ ရက္မွာက်င္းပမယ္႔ မ်က္နွာစံုညီအစည္းအေ၀းအတြင္း ဆံုးျဖတ္သြားမွာျဖစ္တယ္လို႔ ျမန္မာနိုင္ငံ ေငြေၾကးဆိုင္ရာ ေထာက္လွမ္းေရးအၾကီးအကဲ ဦးေက်ာ္၀င္းသိန္းက ရိုက္တာကိုေျပာပါတယ္။

ဒီဆံုးျဖတ္ခ်က္ကိုေတာ႔ ေဖေဖာ္၀ါရီ ၂၁ ရက္မွာေတာ႔ ေၾကညာသြားမွာျဖစ္ပါတယ္။ ျမန္မာနိုင္ငံဟာ အာရွ-ပစိဖိတ္ေဒသရဲ႕ တရားမ၀င္မူးယစ္ေဆး၀ါး ထုတ္လုပ္ေရာင္း၀ယ္မႈရဲ႕ အခ်က္အျခာျဖစ္တဲ႔ ေရႊၾတိဂံေဒသမွာ တည္ရိွေနျပီး တရားမ၀င္ေက်ာက္စိမ္းတူးေဖာ္မႈ၊ လက္နက္ေရာင္း၀ယ္မႈ၊ သစ္ခိုးထုတ္မႈအျပင္ အျခားျပသနာေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ FATF ရဲ႕ ၂၀၁၈ ခုနွစ္ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Ref & Photo : Reuters
#voiceofmyanmar #VOM #ေငြေၾကးခ၀ါခ်မႈ

Related posts

Leave a Comment

VOM News

FREE
VIEW