ရန်ကုန်ဝန်ကြီးချုပ် တာဝန်ယူမှုမရှိမချင်း တိုင်းအစိုရရုံးရှေ့မှာ အလုပ်သမားတွေ တောင်းဆိုမယ်

ရန်ကုန်ဝန်ကြီးချုပ် တာဝန်ယူမှုမရှိမချင်း တိုင်းအစိုရရုံးရှေ့မှာ အလုပ်သမားတွေ တောင်းဆိုမယ် ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၀၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုံ(၃)ရှိ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် တိုင်းအစိုးရရုံးရှေမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းကတည်းက တောင်းဆိုနေကြပြီး ဝန်ကြီးချုပ်တစ်စုံတစ်ရာ တာဝန်ယူမှု မရှိမချင်း တိုင်းအစိုးရရုံးရှေ့မှာ တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ “လုပ်ခလစာတိုးမြှင့်ရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့အလုပ်သမားတွေ ဥပဒေပါ အခွင့်အရေးပေါ့၊ ဥပဒေပါ အခွင့်အရေးမှာ အဓိကအကြောင်းအရင်း နှစ်ချက်ရှိတယ်။ အလုပ်သမားတွေကို ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ကို နည်းဥပဒေအရ လုပ်သက်ခွင့်ယူတဲ့အခါမှာ ရမယ့်လစာက ပျှမ်းမျှလစာနဲ့ တွက်ပေးရမယ့်ဟာကို အခြေခံလစာ ၄၈၀၀ ပေးနေတဲ့ဟာမှာ တစ်နိုင်ငံလုံး အဲဒီလို ရနေတာကို တွေ့ရတယ်။ ဒါကြောင့် အဲဒီကိစ္စရပ်တွေကို အစိုးရကနေ ဒီက အလုပ်သမားတွေကို ပျှမ်းမျှလစာနဲ့…

Read More

VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ်

VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ် ပထမဆုံး သတင်းကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇လမ်း၊ ဘင်္ဂလီစု ကောင်းထက်ဆေးခန်းအပေါ်ထက်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး(၂)ဦးနဲ့ ကလေးငယ်တစ်ဦး မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒုတိယသတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းလောက်က မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ဒီကနေ့မနက်ပိုင်းက ရခိုင်လူငယ်တစ်ဦးကို ပေါင်းတုတ်ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ တတိယမြောက်သတင်းကတော့ လယ်သိမ်းယာသိမ်းမှုတွေ အင်းကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပဲခူးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁၈ရက် မနက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အမှတ်(၂) တရားရုံးမှာရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ ဦးကျော်မျိုးမင်းက သူဟာ…

Read More

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ် ရန်ကုန်တိုင်း လသာမြို့နယ် ၂ ရပ်ကွက် လမ်းမတော်လမ်းက သံဈေးမှာ ဒီမနက်က မီးလောင်လို့ လူ ၈၅ ယောက်ကို မီးသတ်က အရေးပေါ်ကယ်တင်ရပြီး ၁၅ယောက်က မီးခိုးမွှန်လို့ ဆေးရုံကိုပို့ရတဲ့သတင်း။ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ ဘူးသီးတောင်ခရီးစဉ်မှာ သူတို့စီးနင်းတဲ့ ရဟတ်ယာဉ်ကို အေအေက လက်နက်ငယ်နဲ့ ပစ်တယ်လို့ တပ်မတော်က ပြောပေမယ့် အေအေရဲ့ ပြောခွင့်ရ ခိုင်သုခကတော့ သူတို့အတိကျမသိသေးဘူးလို့ဆိုပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့က စစ်ဘေးရှောင်တွေကို ပြည်သူ့အားကစားကွင်းထဲ မြို့မအားကစားရုံကနေ အမှတ် ၅ ရပ်ကွက် ကွင်းပြင်မှာ ယာယီစခန်းတွေဆောက်ပြီး ရွှေခိုင်းတဲ့သတင်း ရခိုင်ပြည်နယ်ကလာတဲ့ နိုင်ငံသားအထောက်အထားမပြနိုင်တဲ့ သူ ၅၄ ယောက်နဲ့ သူတို့ကို စောင့်ရှောက်ပေးသူတယောက်ကို လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် ၂၅…

Read More

တပ်မတော်နဲ့ KNU တွေ့ဆုံ

တပ်မတော်နဲ့ KNU တွေ့ဆုံ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ တပ်မတော်တို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ KNU ဘက်က ဒီနေ့ နံနက်အစောပိုင်းက သတင်းထုတ်ပြန်ပါတယ်။ “နှစ်ဖက်တပ်များ၏ ညှိနှိုင်းအစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် အခြေခံမူအရ၊ ဆက်လက်ဆွေးနွေးရန် လုပ်ငန်းစဉ်အနေဖြင့် သဘောတူညီချက် ရရှိခဲ့ပါသည်”လို့ KNU က ထုတ်ပြန်ချက်ကတစ်ဆင့် ပြောဆိုပါတယ်။ လတ်တလောအခြေအနေများနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာမှာ ဒေသခံပြည်သူလူထုတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကားလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို KNU အနေနဲ့ အလေးထားပြီး တင်းမာမှုတွေ လျော့ပါးသွားစေဖို့ နဲ့ တည်ငြိမ်တဲ့ အနေအထားတစ်ရပ် ဖြစ်ပေါ်လာစေဖို့အတွက် ရှေ့ဆက်နည်းလမ်းရှာကြိုးစားသွားမှာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ရှောင်ရှားနိုင်ဖို့နဲ့ လျော့နည်းသွားစေဖို့…

Read More

ရန်ကုန်လေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့

ရန်ကုန်လေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ၂၀၁၉ခုနှစ် အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး လှိုင်သာယာမဲဆန္ဒနယ်အမှတ်(၁) မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာနေထိုင်လျက်ရှိသော နိုင်ငံခြားသား ဦးရေမည်မျှရှိပြီး မည်သည့်နိုင်ငံမှ အများဆုံးဖြစ်သည်ကို သိရှိလိုပါကြောင်း၊ လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလရှည်ကြာစွာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာစွာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများ အရေအတွက်နှင့် မြေပြင်ပကတိရှိ အရေအတွက်အနီးစပ်ဆုံး…

Read More

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူ ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၀ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ကို ဖေဖော်ဝါရီ ၂၀ ရက်(ဒီနေ့) နံနက်ပိုင်းက ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီနေ့အရေးပေါ်အစည်းအဝေးမှာ မေးခွန်းတစ်ခု မေးမြန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လစ်လပ်လျက်ရှိတဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တစ်ဦးခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုလာတဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ဒီနေ့အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လစ်လပ်လျက်ရှိတဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တစ်ဦးအဖြစ် ဒေါ်ချိုမာကို တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက…

Read More

အမ်းက တိုက်ပွဲရှောင်တွေ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့

အမ်းက တိုက်ပွဲရှောင်တွေ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့ အမ်း၊ ဖေဖော်ဝါရီ ၂၀- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်ဒုက္ခသည်တွေကို့ မြို့မအားကစားရုံကနေ အမှတ် (၅) ရပ်ကွက်အနီး ကွင်းပြင်တစ်ခုမှာ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို မနေ့ ဖေဖော်ဝါရီလ ၁၉ ရက် မနက်ပိုင်းက စတင်ပြောင်ရွေ့နေကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက အမ်းမြို့ပေါ်မှာ အစိုးရကတရားဝင်ဖွင့်လှစ်ထားတဲ့ စခန်းမရှိတာကြောင့် ဆွေမျိုးတွေအိမ်နဲ့ သီးသန့်အိမ်ငှါးပြီးနေနေရတာကြောင့် အစိုးရက တရားဝင်ဖွင့်လှစ်ပေးတာလို့ သိရပါတယ်။ အမ်းမြို့မ အားကစားရုံကနေ အခုလိုပြောင်းရွေ့တာဟာ လူငယ်အားကစားသမားတွေ လေ့ကျင့်ရေးအတွက်အဆင်ပြေရေးနဲ့ ဒုက္ခသည်တွေအတွက် ယာယီစခန်းတစ်ခု ဆောက်ပေးခြင်းအားဖြင့် လွတ်လပ်စွာနဲ့နေထိုင် နိုင်ရေးဖြစ်တယ်လို့ အမ်းမြို့ ကယ်ဆယ်ရေးလုပ်ပေးသူ တစ်ဦးကပြောပါတယ်။ ” အဲ့ဒီ ယာယီစစ်ရှောင်စခန်းက ပဲပဒုံတံတားအနီးမှာ ဆောက်တာ။ အစိုးရက တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်ထားတာပါ။…

Read More

ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့စီစဉ်နေ

ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့စီစဉ်နေ ပါရီ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၀ မျိုးဆက် (VOM) နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုသမားတွေရဲ့ ငွေကြေးခဝါချမှုနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ အားနည်းမှုကြောင့် ပြင်သစ်အခြေစိုက် FATF ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့က ငွေကြေးခဝါချမှု စောင့်ကြည့်မယ့်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့ စဉ်နေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ Financial Action Task Force (FATF) သည် မြန်မာနိုင်ငံကို မီးခိုးရောင်စာရင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတာဖြစ်ပြီး ဒါဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့မှုလကိစ္စတွေကို တန်ပြန်ရာမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။ မီးခိုးရောင်စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခံလိုက်ရရင် မြန်မာနိုင်ငံအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်ရမှာမဟုတ်ပေမယ့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေ ဖွံ့ဖြိုးမှု၊ ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေထိခိုက်သွားနိုင်တယ်လို့ FATF အဖွဲ့က အမည်မဖော်လိုတဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀…

Read More

နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားတဲ့ ၅၄ ယောက်ကို လှည်းကူးမြို့နယ်မှာ ဖမ်းဆီးရမိထား

နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားတဲ့ ၅၄ ယောက်ကို လှည်းကူးမြို့နယ်မှာ ဖမ်းဆီးရမိထား လှည်းကူး ဖေဖော်ဝါရီ၂၀-၂၀၂၀ ဝေဇင်ကြည်(VOM) လှည်းကူးမြို့နယ်၊ စာဘူးကောင်းကျေးရွာအုပ်စု၊ ရန်ကုန်-နေပြည်တော်အမြန်လမ်း မကြီးမိုင်တိုင်အမှတ်(၂၅)မိုင်(၄) ဖာလုံအနီးတောထဲမှာ မနေ့ဖေဖော် ဝါရီ ၁၉ရက်နေ့ညနေက ရခိုင်ပြည်နယ်ကခိုးဝင်လာတဲ့ နိုင်ငံသားအထောက်ထားမပြနိုင်သူ (၅၄)ဦးကို ဖမ်းမိထားပြီးလဝကအက်ဥပဒေနဲ့အရေးယူဖို့ဆောင်ရွက်နေတယ်လို့ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့နဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ဖို့အတွက် ရောက်ရှိနေတဲ့ ဦးအဒူရူးကူရဲ့သားအသက်(၃၂)နှစ်ရှိ အဒူရော်ရှိတ်(ခ)ကျော်နိုင်အပါ ကျား (၂၄)ဦး၊ မ(၃၀)ဦး (ကလေး-၃ဦး) အပါအဝင် (၅၄)ဦးကို ဖမ်းမိထားတာဖြစ်ပါတယ်။ ဖမ်းမိထားသူတွေကို အခကြေးငွေယူဆောင်ပြီး စောင့်ရှောက်ပေးသူ ဦးသိန်းတန်ကို ဖမ်းဆီးရမိပြီး တခြား အခကြေးငွေယူသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။ လှည်းကူးမြို့နယ်မြို့မရဲစခန်းမှူးဒုရဲမှူးမောင်မောင်ဦးက ‟ရခိုင်ဘက်က လာကြတယ်ပြောတယ် တစ်ယောက်နဲ့ တစ်ယောက် လာတဲ့နေရာချင်းမတူကြဘူး တစ်ချို့က အမ်းတောင်ကြားလမ်းကလာတယ်ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်ပြောမရသေးပါဘူး မလေးရှားသွားဖို့လို့ ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်တော့…

Read More

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်၁၇ နှစ်ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်၁၇ နှစ်ချမှတ်ခံရ ဆိုးလ်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံရှိ အယူခံတရားရုံးဟာ တောင်ကိုရီးယားသမ္မတဟောင်း လီမြောက်ဘတ်အပေါ် လာဘ်ပေးလာဘ်ယူမှုနဲ့ အခြားစွဲချက်တွေကြောင့် ထောင်ဒါဏ် ၁၇ နှစ်ချမှတ်လိုက်ပါတယ်။ ဆိုးလ်ဗဟိုခရိုင်တရားရုံးဟာ ၂၀၁၈ ခုနှစ်အောက်တိုဘာလအတွင်းက လီမြောင်ဘတ်ကို ထောင်ဒါဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လီမြောင်ဘတ်ဟာ တရားရုံးရဲ့ အမိန့်ကို အယူခံဝင်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းမှုနဲ့ အခြားအကြောင်းပြချက်တွေကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။ လီမြောင်ဘတ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ထောင်ကျနေတဲ့ ဆမ်ဆောင်းဥက္ကဌကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးဖို့အတွက် လာဘ်ငွေယူခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ သူ့အပေါ် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒါဏ် ၁၇ နှစ်ကျခံစေဖို့နဲ့ ဒါဏ်ငွေ ဒေါ်လာ ၁၀ ဒသမ ၉သန်းပေးဆောင်ဖို့…

Read More
VOM News

FREE
VIEW