နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားတဲ့ ၅၄ ယောက်ကို လှည်းကူးမြို့နယ်မှာ ဖမ်းဆီးရမိထား

နိုင်ငံသားအထောက်အထားမဲ့ ခရီးသွားတဲ့ ၅၄ ယောက်ကို လှည်းကူးမြို့နယ်မှာ ဖမ်းဆီးရမိထား

လှည်းကူး ဖေဖော်ဝါရီ၂၀-၂၀၂၀
ဝေဇင်ကြည်(VOM)

လှည်းကူးမြို့နယ်၊ စာဘူးကောင်းကျေးရွာအုပ်စု၊ ရန်ကုန်-နေပြည်တော်အမြန်လမ်း မကြီးမိုင်တိုင်အမှတ်(၂၅)မိုင်(၄) ဖာလုံအနီးတောထဲမှာ မနေ့ဖေဖော် ဝါရီ ၁၉ရက်နေ့ညနေက ရခိုင်ပြည်နယ်ကခိုးဝင်လာတဲ့ နိုင်ငံသားအထောက်ထားမပြနိုင်သူ (၅၄)ဦးကို ဖမ်းမိထားပြီးလဝကအက်ဥပဒေနဲ့အရေးယူဖို့ဆောင်ရွက်နေတယ်လို့
လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့နဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ဖို့အတွက် ရောက်ရှိနေတဲ့ ဦးအဒူရူးကူရဲ့သားအသက်(၃၂)နှစ်ရှိ
အဒူရော်ရှိတ်(ခ)ကျော်နိုင်အပါ ကျား (၂၄)ဦး၊ မ(၃၀)ဦး (ကလေး-၃ဦး) အပါအဝင် (၅၄)ဦးကို ဖမ်းမိထားတာဖြစ်ပါတယ်။
ဖမ်းမိထားသူတွေကို အခကြေးငွေယူဆောင်ပြီး စောင့်ရှောက်ပေးသူ ဦးသိန်းတန်ကို ဖမ်းဆီးရမိပြီး တခြား အခကြေးငွေယူသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

လှည်းကူးမြို့နယ်မြို့မရဲစခန်းမှူးဒုရဲမှူးမောင်မောင်ဦးက

‟ရခိုင်ဘက်က လာကြတယ်ပြောတယ် တစ်ယောက်နဲ့ တစ်ယောက် လာတဲ့နေရာချင်းမတူကြဘူး တစ်ချို့က အမ်းတောင်ကြားလမ်းကလာတယ်ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်ပြောမရသေးပါဘူး မလေးရှားသွားဖို့လို့ ပြောတယ် စစ်ဆေးနေတုန်းပဲ အသေးစိပ်တော့ ပြောမရသေးပါဘူး။စစ်ဆေးနေတုံးပဲ။ခေါ်ဆောင်ပေးတဲ့ပွဲစားအဆင့်ဆင့်ကိုဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်ကြိုးစားနေပါတယ်။ လဝကအက်ဥပဒေနဲ့အရေးယူသွားမှာပါလို့” ပြောပါတယ်။

ခုဖမ်းမိတဲ့အဖွဲ့ ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မင်္ဂလာဈေးအနီးနေတဲ့ စိုးမြင့်ဆိုသူက အခကြေးငွေယူ
ဆောင်ပြီး စုဆောင်းခေါ်ဆောင်လာကာ ဘင်္ဂါလီ(၁)ဦးကို (၁)သိန်းကျပ်နှုန်းနဲ့စောင့်ကြပ်ခိုင်းတဲ့အတွက် ကိုသိန်းတန် တို့အဖွဲ့က လက်ခံဆောင်ရွက်စုဆောင်းပေးခဲ့တာလို့ သိရပါတယ်။

လတ်တလောတွင် ဖမ်းဆီးခံရသူတွေကို လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာက စီစစ် စစ်ဆေးလျှက်ရှိပါတယ်။

#voiceofmyanmar #VOM #အထောက်ထားမဲ့နိုင်ငံသားများဖမ်းမိ

Zawgyi

နိုုင္ငံသားအေထာက္အထားမဲ႕ ခရီးသြားတဲ႕ ၅၄ ေယာက္ကိုု လွည္းကူးၿမိဳ႕နယ္မွာ ဖမ္းဆီးရမိထား

လွည္းကူး ေဖေဖာ္ဝါရီ၂၀-၂၀၂၀
ေဝဇင္ၾကည္(VOM)

လွည္းကူးၿမိဳ႕နယ္၊ စာဘူးေကာင္းေက်း႐ြာအုပ္စု၊ ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း မႀကီးမိုင္တိုင္အမွတ္(၂၅)မိုင္(၄) ဖာလုံအနီးေတာထဲမွာ မေန႔ေဖေဖာ္ ဝါရီ ၁၉ရက္ေန႔ညေနက ရခိုင္ျပည္နယ္ကခိုးဝင္လာတဲ့ နိုုင္ငံသားအေထာက္ထားမျပနိုုင္သူ (၅၄)ဦးကို ဖမ္းမိထားၿပီးလဝကအက္ဥပေဒနဲ႔အေရးယူဖို႔ေဆာင္႐ြက္ေနတယ္လို႔
လွည္းကူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

ရခိုင္ျပည္နယ္ကေန ရန္ကုန္ၿမိဳ႕နဲ႔ ျပည္ပႏိုင္ငံေတြကိုသြားေရာက္ အလုပ္လုပ္ဖို႔အတြက္ ေရာက္ရွိေနတဲ့ ဦးအဒူ႐ူးကူရဲ႕သားအသက္(၃၂)ႏွစ္ရွိ အဒူေရာ္ရွိတ္(ခ)ေက်ာ္ႏိုင္အပါ က်ား (၂၄)ဦး၊ မ(၃၀)ဦး (ကေလး-၃ဦး) အပါအဝင္ (၅၄)ဦးကို ဖမ္းမိထားတာျဖစ္ပါတယ္။

ဖမ္းမိထားသူေတြကိုု အခေၾကးေငြယူေဆာင္ျပီး ေစာင့္ေရွာက္ေပးသူ ဦးသိန္းတန္ကို ဖမ္းဆီးရမိၿပီး တျခား အခေၾကးေငြယူသူေတြကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတယ္လိုု႕ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

လွည္းကူးၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးေမာင္ေမာင္ဦးက

‟ရခိုင္ဘက္က လာၾကတယ္ေျပာတယ္ တစ္ေယာက္နဲ႔ တစ္ေယာက္ လာတဲ့ေနရာခ်င္းမတူၾကဘူး တစ္ခ်ိဳ႕က အမ္းေတာင္ၾကားလမ္းကလာတယ္ေျပာတယ္ စစ္ေဆးေနတုန္းပဲ အေသးစိပ္ေျပာမရေသးပါဘူး မေလးရွားသြားဖို႔လို႔ ေျပာတယ္ စစ္ေဆးေနတုန္းပဲ အေသးစိပ္ေတာ့ ေျပာမရေသးပါဘူး။စစ္ေဆးေနတုံးပဲ။ေခၚေဆာင္ေပးတဲ့ပြဲစားအဆင့္ဆင့္ကိုေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ႀကိဳးစားေနပါတယ္။ လဝကအက္ဥပေဒနဲ႔အေရးယူသြားမွာပါလို႔” ေျပာပါတယ္။

ခုုဖမ္းမိတဲ႕အဖြဲ႕ ကို ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္၊ မဂၤလာေဈးအနီးေနတဲ႕ စိုးျမင့္ဆိုသူက အခေၾကးေငြယူ
ေဆာင္ၿပီး စုေဆာင္းေခၚေဆာင္လာကာ ဘဂၤါလီ(၁)ဦးကို (၁)သိန္းက်ပ္ႏႈန္းနဲ႔ေစာင့္ၾကပ္ခိုင္းတဲ့အတြက္ ကိုသိန္းတန္ တို႔အဖြဲ႕က လက္ခံေဆာင္႐ြက္စုေဆာင္းေပးခဲ့တာလို႔ သိရပါတယ္။

လတ္တေလာတြင္ ဖမ္းဆီးခံရသူေတြကို လွည္းကူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းမွာ ထိန္းသိမ္းထားၿပီး သက္ဆိုင္ရာက စီစစ္ စစ္ေဆးလွ်က္ရွိပါတယ္။

#voiceofmyanmar #VOM #အေထာက္ထားမဲ႕နုုိင္ငံသားမ်ားဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW