တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်၁၇ နှစ်ချမှတ်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်၁၇ နှစ်ချမှတ်ခံရ

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံရှိ အယူခံတရားရုံးဟာ တောင်ကိုရီးယားသမ္မတဟောင်း လီမြောက်ဘတ်အပေါ် လာဘ်ပေးလာဘ်ယူမှုနဲ့ အခြားစွဲချက်တွေကြောင့် ထောင်ဒါဏ် ၁၇ နှစ်ချမှတ်လိုက်ပါတယ်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးဟာ ၂၀၁၈ ခုနှစ်အောက်တိုဘာလအတွင်းက လီမြောင်ဘတ်ကို ထောင်ဒါဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လီမြောင်ဘတ်ဟာ တရားရုံးရဲ့ အမိန့်ကို အယူခံဝင်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းမှုနဲ့ အခြားအကြောင်းပြချက်တွေကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။

လီမြောင်ဘတ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ထောင်ကျနေတဲ့ ဆမ်ဆောင်းဥက္ကဌကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးဖို့အတွက် လာဘ်ငွေယူခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

သူ့အပေါ် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒါဏ် ၁၇ နှစ်ကျခံစေဖို့နဲ့ ဒါဏ်ငွေ ဒေါ်လာ ၁၀ ဒသမ ၉သန်းပေးဆောင်ဖို့ တရားရုံးက ဖေဖော်ဝါရီ ၁၉ ရက်မှာ အမိန့်ချခဲ့ပါတယ်။

လီမြောင်ဘတ်ဟာ အောက်လွှတ်တော်က သိရှိထားတာထက် လာဘ်ပေးလာဘ်ယူမှုအကြီး အကျယ် လုပ်ဆောင်ခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လီမြောက်ဘတ်ကတော့ ဘယ်လိုအမှားကိုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး နောင်တရတဲ့ ပုံစံမျိုးမရှိဘူးလို့ တရားရုံးက မှတ်ချက်ပြုထားပါတယ်။

ထောင်ဒါဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဟောင်းလီမြောက်ဘတ်အနေနဲ့ အယူခံဝင်ဖွယ်ရှိကြောင်း ၊ ဒါပေမယ့် အမိန့်ကိုပြန်လည်ရုပ်သိမ်းဖို့ကတော့် များသောအားဖြင့် မဖြစ်နိုင်တော့ဘူးလို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

Ref : NHK
Photo: Yonhap
#voiceofmyanmar #VOM #တောင်ကိုရီးယားသမ္မတဟောင်း

Zawgyi

ေတာင္ကိုရီးယားသမၼတေဟာင္း လီေျမာင္ဘတ္္ လာဘ္ေပးလာဘ္ယူမႈေၾကာင္႔ ေထာင္၁၇ နွစ္ခ်မွတ္ခံရ

ဆိုးလ္၊ ေဖေဖာ္၀ါရီ-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားနိုင္ငံရိွ အယူခံတရားရံုးဟာ ေတာင္ကိုရီးယားသမၼတေဟာင္း လီေျမာက္ဘတ္အေပၚ လာဘ္ေပးလာဘ္ယူမႈနဲ႔ အျခားစြဲခ်က္ေတြေၾကာင္႔ ေထာင္ဒါဏ္ ၁၇ နွစ္ခ်မွတ္လိုက္ပါတယ္။

ဆိုးလ္ဗဟိုခရိုင္တရားရံုးဟာ ၂၀၁၈ ခုနွစ္ေအာက္တိုဘာလအတြင္းက လီေျမာင္ဘတ္ကို ေထာင္ဒါဏ္ ၁၅ နွစ္ခ်မွတ္ခဲ႔ပါတယ္။ ဒါေပမယ္႔ လီေျမာင္ဘတ္ဟာ တရားရံုးရဲ႕ အမိန္႔ကို အယူခံ၀င္ခဲ႔ျပီး က်န္းမာေရးခ်ိဳ႕ယြင္းမႈနဲ႔ အျခားအေၾကာင္းျပခ်က္ေတြေၾကာင္႔ ျပီးခဲ႔တဲ႔ မတ္လမွာ အာမခံနဲ႔ လြတ္ေျမာက္ခဲ႔ပါတယ္။

လီေျမာင္ဘတ္ဟာ ၂၀၀၈ ခုနွစ္ကေန ၂၀၁၃ ခုနွစ္အထိ ေတာင္ကိုရီးယားသမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔သူျဖစ္ပါတယ္။ သူဟာ ေထာင္က်ေနတဲ႔ ဆမ္ေဆာင္းဥကၠဌကို လြတ္ျငိမ္းခ်မ္းသာခြင္႔နဲ႔ လြတ္ေပးဖုိ႔အတြက္ လာဘ္ေငြယူခဲ႔တယ္လို႔လည္း စြပ္စြဲခံထားရပါတယ္။

သူ႔အေပၚ ျပစ္မႈထင္ရွားတာေၾကာင္႔ ေထာင္ဒါဏ္ ၁၇ နွစ္က်ခံေစဖို႔နဲ႔ ဒါဏ္ေငြ ေဒၚလာ ၁၀ ဒသမ ၉သန္းေပးေဆာင္ဖို႔ တရားရံုးက ေဖေဖာ္၀ါရီ ၁၉ ရက္မွာ အမိန္႔ခ်ခဲ႔ပါတယ္။

လီေျမာင္ဘတ္ဟာ ေအာက္လႊတ္ေတာ္က သိရွိထားတာထက္ လာဘ္ေပးလာဘ္ယူမႈအၾကီး အက်ယ္ လုပ္ေဆာင္ခဲ႕ေၾကာင္း တရားရံုးက စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ ဆိုပါတယ္။ လီေျမာက္ဘတ္ကေတာ႔ ဘယ္လိုအမွားကိုမွ က်ဴးလြန္ခဲ႔ျခင္းမရိွေၾကာင္း ျငင္းဆိုခဲ႔ျပီး ေနာင္တရတဲ႔ ပံုစံမ်ိဳးမရိွဘူးလို႔ တရားရံုးက မွတ္ခ်က္ျပဳထားပါတယ္။

ေထာင္ဒါဏ္ခ်မွတ္လိုက္တာနဲ႔ပတ္သက္ျပီး သမၼတေဟာင္းလီေျမာက္ဘတ္အေနနဲ႔ အယူခံ၀င္ဖြယ္ရိွေၾကာင္း ၊ ဒါေပမယ္႔ အမိန္႔ကိုျပန္လည္ရုပ္သိမ္းဖို႔ကေတာ႔္ မ်ားေသာအားျဖင္႔ မျဖစ္နုိင္ေတာ႔ဘူးလို႔ ေတာင္ကိုရီးယားအေျခစိုက္ ယြန္ဟတ္သတင္းဌာနက ေဖာ္ျပထားပါတယ္။

Ref : NHK
Photo: Yonhap
#voiceofmyanmar #VOM #ေတာင္ကိုရီးယားသမၼတေဟာင္း

Related posts

Leave a Comment

VOM News

FREE
VIEW