ရန်ကုန်ဝန်ကြီးချုပ် တာဝန်ယူမှုမရှိမချင်း တိုင်းအစိုရရုံးရှေ့မှာ အလုပ်သမားတွေ တောင်းဆိုမယ်

ရန်ကုန်ဝန်ကြီးချုပ် တာဝန်ယူမှုမရှိမချင်း တိုင်းအစိုရရုံးရှေ့မှာ အလုပ်သမားတွေ တောင်းဆိုမယ်

ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၀၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုံ(၃)ရှိ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် တိုင်းအစိုးရရုံးရှေမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းကတည်းက တောင်းဆိုနေကြပြီး ဝန်ကြီးချုပ်တစ်စုံတစ်ရာ တာဝန်ယူမှု မရှိမချင်း တိုင်းအစိုးရရုံးရှေ့မှာ တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“လုပ်ခလစာတိုးမြှင့်ရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့အလုပ်သမားတွေ ဥပဒေပါ အခွင့်အရေးပေါ့၊ ဥပဒေပါ အခွင့်အရေးမှာ အဓိကအကြောင်းအရင်း နှစ်ချက်ရှိတယ်။ အလုပ်သမားတွေကို ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ကို နည်းဥပဒေအရ လုပ်သက်ခွင့်ယူတဲ့အခါမှာ ရမယ့်လစာက ပျှမ်းမျှလစာနဲ့ တွက်ပေးရမယ့်ဟာကို အခြေခံလစာ ၄၈၀၀ ပေးနေတဲ့ဟာမှာ တစ်နိုင်ငံလုံး အဲဒီလို ရနေတာကို တွေ့ရတယ်။ ဒါကြောင့် အဲဒီကိစ္စရပ်တွေကို အစိုးရကနေ ဒီက အလုပ်သမားတွေကို ပျှမ်းမျှလစာနဲ့ တွက်ချက်ပြီးရရှိဖို့ဆိုတာ တစ်ချက်ပါတယ်၊ နောက်ဒုတိယက ဥပဒေပါဆိုတာ ၂၀၁၆ ခုနှစ် လုပ်ခလစာပေးချေရေး ဥပေဒနဲ့မညီဘဲ ဖြတ်တောက်တဲ့ကိစ္စတွေဟာ မြန်မာတစ်နိုင်ငံလုံး စက်မှုဇုန်အလုပ်သမားတွေမှာ ရှိနေတာ တွေ့ရတယ်၊ အဲဒီကိစ္စတွေကို ရပ်တန့်ဖို့နဲ့ အစိုးရက တာဝန်ယူပေးဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်”လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောပါတယ်။

တိုင်ရီစက်ရုံက အလုပ်သမား ၅၀၀ ခန့်နဲ့ လည်ပတ်နေတာဖြစ်ပြီး အလုပ်သမား ၄၂၀ ကျော် ဆန္ဒပြရာမှာ ပါဝင်တယ်လို့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင်တွေထံမှ သိရပါတယ်။

စက်ရုံမှာထိုင်သပိတ်ဆယ်ရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မနေ့က မြို့နယ်ထွေအုပ်က ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့‌ပေမယ့် အကြောင်းပြန်ကြားမှုမရှိတာကြောင့် တိုင်းအစိုးရရုံးကို လာရောက်ကြတာလို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာ တိုင်းအစိုးရဘက်က လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆန္ဒပြအလုပ်သမားတွေကို လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပြီး ဘယ်လိုညှိနှိုင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုတော့ ၂ဖက်လုံးက ထုတ်ပြောတာမရှိသေးပါဘူး။

#voiceofmyanmar #VOM #တိုင်ရီ #အလုပ်သမား

Zawgyi

ရန္ကုန္ဝန္ႀကီးခ်ဳပ္ တာဝန္ယူမႈမရွိမခ်င္း တိုင္းအစိုရ႐ုံးေရွ႕မွာ အလုပ္သမားေတြ ေတာင္းဆိုမယ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၂၀၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ စက္မႈဇုံ(၃)ရွိ တိုင္ရီဖိနပ္စက္႐ုံက အလုပ္သမားေတြဟာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံခြင့္ရဖို႔အတြက္ တိုင္းအစိုးရ႐ုံးေရွမွာ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ ညပိုင္းကတည္းက ေတာင္းဆိုေနၾကၿပီး ဝန္ႀကီးခ်ဳပ္တစ္စုံတစ္ရာ တာဝန္ယူမႈ မရွိမခ်င္း တိုင္းအစိုးရ႐ုံးေရွ႕မွာ ေတာင္းဆိုသြားမယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

“လုပ္ခလစာတိုးျမႇင့္ေရးနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့အလုပ္သမားေတြ ဥပေဒပါ အခြင့္အေရးေပါ့၊ ဥပေဒပါ အခြင့္အေရးမွာ အဓိကအေၾကာင္းအရင္း ႏွစ္ခ်က္ရွိတယ္။ အလုပ္သမားေတြကို ခြင့္ရက္နဲ႔ အလုပ္ပိတ္ရက္ကို နည္းဥပေဒအရ လုပ္သက္ခြင့္ယူတဲ့အခါမွာ ရမယ့္လစာက ပွ်မ္းမွ်လစာနဲ႔ တြက္ေပးရမယ့္ဟာကို အေျခခံလစာ ၄၈၀၀ ေပးေနတဲ့ဟာမွာ တစ္ႏိုင္ငံလုံး အဲဒီလို ရေနတာကို ေတြ႕ရတယ္။ ဒါေၾကာင့္ အဲဒီကိစၥရပ္ေတြကို အစိုးရကေန ဒီက အလုပ္သမားေတြကို ပွ်မ္းမွ်လစာနဲ႔ တြက္ခ်က္ၿပီးရရွိဖို႔ဆိုတာ တစ္ခ်က္ပါတယ္၊ ေနာက္ဒုတိယက ဥပေဒပါဆိုတာ ၂၀၁၆ ခုႏွစ္ လုပ္ခလစာေပးေခ်ေရး ဥေပဒနဲ႔မညီဘဲ ျဖတ္ေတာက္တဲ့ကိစၥေတြဟာ ျမန္မာတစ္ႏိုင္ငံလုံး စက္မႈဇုန္အလုပ္သမားေတြမွာ ရွိေနတာ ေတြ႕ရတယ္၊ အဲဒီကိစၥေတြကို ရပ္တန႔္ဖို႔နဲ႔ အစိုးရက တာဝန္ယူေပးဖို႔အတြက္ ေတာင္းဆိုေနတာျဖစ္တယ္”လို႔ ဆႏၵျပရာမွာ ပါဝင္တဲ့ အလုပ္သမားေခါင္းေဆာင္ မမိုးေဝက ေျပာပါတယ္။

တိုင္ရီစက္႐ုံက အလုပ္သမား ၅၀၀ ခန႔္နဲ႔ လည္ပတ္ေနတာျဖစ္ၿပီး အလုပ္သမား ၄၂၀ ေက်ာ္ ဆႏၵျပရာမွာ ပါဝင္တယ္လို႔ ဆႏၵျပအလုပ္သမား ေခါင္းေဆာင္ေတြထံမွ သိရပါတယ္။

စက္႐ုံမွာထိုင္သပိတ္ဆယ္ရက္ၾကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး မေန႔က ၿမိဳ႕နယ္ေထြအုပ္က ေျဖရွင္းေပးမယ္လို႔ ေျပာဆိုခဲ့‌ေပမယ့္ အေၾကာင္းျပန္ၾကားမႈမရွိတာေၾကာင့္ တိုင္းအစိုးရ႐ုံးကို လာေရာက္ၾကတာလို႔ ဆႏၵထုတ္ေဖာ္သူေတြက ေျပာပါတယ္။

ဒီေန႔ မြန္းလြဲပိုင္းမွာ တိုင္းအစိုးရဘက္က လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ဆႏၵျပအလုပ္သမားေတြကို လာေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သိရၿပီး ဘယ္လိုညႇိႏႈိင္းေဆာင္႐ြက္ခဲ့တယ္ဆိုတာကိုေတာ့ ၂ဖက္လံုးက ထုတ္ေျပာတာမရွိေသးပါဘူး။

#voiceofmyanmar #VOM #တိုင္ရီ #အလုပ္သမား

Related posts

Leave a Comment

VOM News

FREE
VIEW