၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်

ရန်ကုန်တိုင်း လသာမြို့နယ် ၂ ရပ်ကွက် လမ်းမတော်လမ်းက သံဈေးမှာ ဒီမနက်က မီးလောင်လို့ လူ ၈၅ ယောက်ကို မီးသတ်က အရေးပေါ်ကယ်တင်ရပြီး ၁၅ယောက်က မီးခိုးမွှန်လို့ ဆေးရုံကိုပို့ရတဲ့သတင်း။

လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ ဘူးသီးတောင်ခရီးစဉ်မှာ သူတို့စီးနင်းတဲ့ ရဟတ်ယာဉ်ကို အေအေက လက်နက်ငယ်နဲ့ ပစ်တယ်လို့ တပ်မတော်က ပြောပေမယ့် အေအေရဲ့ ပြောခွင့်ရ ခိုင်သုခကတော့ သူတို့အတိကျမသိသေးဘူးလို့ဆိုပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့က စစ်ဘေးရှောင်တွေကို ပြည်သူ့အားကစားကွင်းထဲ မြို့မအားကစားရုံကနေ အမှတ် ၅ ရပ်ကွက် ကွင်းပြင်မှာ ယာယီစခန်းတွေဆောက်ပြီး ရွှေခိုင်းတဲ့သတင်း

ရခိုင်ပြည်နယ်ကလာတဲ့ နိုင်ငံသားအထောက်အထားမပြနိုင်တဲ့ သူ ၅၄ ယောက်နဲ့ သူတို့ကို စောင့်ရှောက်ပေးသူတယောက်ကို လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် ၂၅ မိုင် ၄ဖာလုံအနီး တောတန်းထဲမှာ ဖမ်းမိတဲ့သတင်း

ချင်းအမျိုးသားနေ့ ကို ထန်တလန်မြို့မှာ ကျင်းပတာမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့သတင်းနဲ့ ရန်ကုန်တိုင်း လိုှုင်သာယာစက်မှုဇုံ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ ရန်ကုန်တိုင်းအစိုးရရှေ့မှာ ဆန္ဒပြတောင်းဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ။်

#voiceofmyanmar #VOM #ညနေခင်းသတင်း

Zawgyi






ချင်းအမျိုးသားနေ့ ကို ထန်တလန်မြို့မှာ ကျင်းပတာမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့သတင်းနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ ရန်ကုန်တိုင်းအစိုးရရှေ့မှာ ဆန္ဒပြတောင်းဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ။်


Related posts

Leave a Comment

VOM News

FREE
VIEW