ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူ

ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၀ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ကို ဖေဖော်ဝါရီ ၂၀ ရက်(ဒီနေ့) နံနက်ပိုင်းက ခေါ်ယူကျင်းပခဲ့ပါတယ်။

ဒီနေ့အရေးပေါ်အစည်းအဝေးမှာ မေးခွန်းတစ်ခု မေးမြန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လစ်လပ်လျက်ရှိတဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တစ်ဦးခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုလာတဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

ဒီနေ့အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လစ်လပ်လျက်ရှိတဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တစ်ဦးအဖြစ် ဒေါ်ချိုမာကို တင်သွင်းခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

အဲဒီနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အရေးပေါ်အစည်းအ‌ေး ဒုတိယနေ့ကို မနက်ဖြန် နေ့လယ် ၁ နာရီမှာ ကျင်းပသွားမယ်လို့ ကြေညာပြီး လွှတ်တော်ကို ရပ်နားခဲ့ပါတယ်။

ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ရငွေ ကျပ် ၆၄၅၆၁၅.၈၀၆ သန်း၊ သုံးငွေ ကျပ် ၇၇၂၀၄၇.၈၆ သန်း၊ လိုငွေ ၁၂၆၄၃၂.၀၆၂ သန်းဖြစ်ပြီးတော့ အဆိုပါ လိုငွေကို ပြည်ထောင်စုမှ ဖြည့်ဆည်းပေးခဲ့တဲ့အတွက် လက်ရှိဘတ်ဂျက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေကို တင်ပြတောင်းခံရာမှာ ဌာန၊ အဖွဲ့အစည်းများမှ ထပ်တိုးရမယ့် ရငွေ ခန့်မှန်းချက်မှာ ၇၅၇၃.၃၄၈ သန်း၊ ကြွေးမြီရငွေ ၉၀၀.၃၇၅ သန်း၊ မြေရောင်းရငွေ ၁၁၉၅၀၀ သန်း၊ စုစုပေါင်းရငွေ ၁၂၇၉၇၃.၇၂၃ သန်း ဖြစ်ပါတယ်လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်းလွှတ်တော်

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အေရးေပၚ အစည္းအေဝး ေခၚယူ

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၂၀ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး(၁/၂၀၂၀) ကို ေဖေဖာ္ဝါရီ ၂၀ ရက္(ဒီေန႔) နံနက္ပိုင္းက ေခၚယူက်င္းပခဲ့ပါတယ္။

ဒီေန႔အေရးေပၚအစည္းအေဝးမွာ ေမးခြန္းတစ္ခု ေမးျမန္းျခင္း၊ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ လစ္လပ္လ်က္ရွိတဲ့ တိုင္းေဒသႀကီးတရားလႊတ္ေတာ္ တရားသူႀကီး တစ္ဦးခန႔္အပ္တာဝန္ေပးရန္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က အဆိုျပဳလာတဲ့ အမည္စာရင္းကို လႊတ္ေတာ္သို႔ တင္ျပျခင္းနဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကိုယ္စား စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၂၀၁၉-၂၀၂၀ ခု၊ ဘ႑ာေရးႏွစ္ ျဖည့္စြက္ခြင့္ျပဳေငြနဲ႔ ျပဳျပင္ၿပီး ခန႔္မွန္းေျခေငြစာရင္း(လ်ာထားခ်က္)ကို လႊတ္ေတာ္ကို တင္သြင္းခဲ့ပါတယ္။

ဒီေန႔အစည္းအေဝးမွာ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ လစ္လပ္လ်က္ရွိတဲ့ တိုင္းေဒသႀကီးတရားလႊတ္ေတာ္ တရားသူႀကီး တစ္ဦးအျဖစ္ ေဒၚခ်ိဳမာကို တင္သြင္းခဲ့ပါတယ္။

အဲဒီေနာက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကိုယ္စား စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၂၀၁၉-၂၀၂၀ ခု၊ ဘ႑ာေရးႏွစ္ ျဖည့္စြက္ခြင့္ျပဳေငြနဲ႔ ျပဳျပင္ၿပီး ခန႔္မွန္းေျခေငြစာရင္း(လ်ာထားခ်က္)ကို လႊတ္ေတာ္ကို တင္သြင္းခဲ့ပါတယ္။

အဲဒီေနာက္ လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက အေရးေပၚအစည္းအ‌ေး ဒုတိယေန႔ကို မနက္ျဖန္ ေန႔လယ္ ၁ နာရီမွာ က်င္းပသြားမယ္လို႔ ေၾကညာၿပီး လႊတ္ေတာ္ကို ရပ္နားခဲ့ပါတယ္။

ဒီေန႔ လႊတ္ေတာ္အစည္းအေဝးမွာ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ စုစုေပါင္း ရေငြ က်ပ္ ၆၄၅၆၁၅.၈၀၆ သန္း၊ သုံးေငြ က်ပ္ ၇၇၂၀၄၇.၈၆ သန္း၊ လိုေငြ ၁၂၆၄၃၂.၀၆၂ သန္းျဖစ္ၿပီးေတာ့ အဆိုပါ လိုေငြကို ျပည္ေထာင္စုမွ ျဖည့္ဆည္းေပးခဲ့တဲ့အတြက္ လက္ရွိဘတ္ဂ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ျဖည့္စြက္ခြင့္ျပဳေငြကို တင္ျပေတာင္းခံရာမွာ ဌာန၊ အဖြဲ႕အစည္းမ်ားမွ ထပ္တိုးရမယ့္ ရေငြ ခန႔္မွန္းခ်က္မွာ ၇၅၇၃.၃၄၈ သန္း၊ ေႂကြးၿမီရေငြ ၉၀၀.၃၇၅ သန္း၊ ေျမေရာင္းရေငြ ၁၁၉၅၀၀ သန္း၊ စုစုေပါင္းရေငြ ၁၂၇၉၇၃.၇၂၃ သန္း ျဖစ္ပါတယ္လို႔ ေျပာပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္တိုင္းလႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW