အမ်းက တိုက်ပွဲရှောင်တွေ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့

အမ်းက တိုက်ပွဲရှောင်တွေ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို ပြောင်းရွေ့

အမ်း၊ ဖေဖော်ဝါရီ ၂၀- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်ဒုက္ခသည်တွေကို့ မြို့မအားကစားရုံကနေ အမှတ် (၅) ရပ်ကွက်အနီး ကွင်းပြင်တစ်ခုမှာ အစိုးရကဆောက်ပေးတဲ့ ဒုက္ခသည်စခန်းကို မနေ့ ဖေဖော်ဝါရီလ ၁၉ ရက် မနက်ပိုင်းက စတင်ပြောင်ရွေ့နေကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက အမ်းမြို့ပေါ်မှာ အစိုးရကတရားဝင်ဖွင့်လှစ်ထားတဲ့ စခန်းမရှိတာကြောင့် ဆွေမျိုးတွေအိမ်နဲ့ သီးသန့်အိမ်ငှါးပြီးနေနေရတာကြောင့် အစိုးရက တရားဝင်ဖွင့်လှစ်ပေးတာလို့ သိရပါတယ်။

အမ်းမြို့မ အားကစားရုံကနေ အခုလိုပြောင်းရွေ့တာဟာ လူငယ်အားကစားသမားတွေ လေ့ကျင့်ရေးအတွက်အဆင်ပြေရေးနဲ့ ဒုက္ခသည်တွေအတွက် ယာယီစခန်းတစ်ခု ဆောက်ပေးခြင်းအားဖြင့် လွတ်လပ်စွာနဲ့နေထိုင် နိုင်ရေးဖြစ်တယ်လို့ အမ်းမြို့ ကယ်ဆယ်ရေးလုပ်ပေးသူ တစ်ဦးကပြောပါတယ်။

” အဲ့ဒီ ယာယီစစ်ရှောင်စခန်းက ပဲပဒုံတံတားအနီးမှာ ဆောက်တာ။ အစိုးရက တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်ထားတာပါ။ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ပံပိုးမှုနဲ့ ယာယီနေထိုင်ဖို့တော့ အဆင်ပြေတယ်။ မိုးတွေ လေတွေလာရင်တော့ ဒီအနေအထားနဲ့အဆင် မပြေဘူးပေါ့။” လို့ ကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။

စားဝတ်နေရေးတွေကို အရပ်ဖက်အဖွဲ့တွေ၊ အခြားအလှူရှင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီက အကူအညီတွေကြောင့် အဆင်ပြေမှုရှိတယ်လို့ သူကပြောပါတယ်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက တိုက်ပွဲရှောင်တွေအခုလို နေရာပြောင်းရွေ့တာနဲ့ပတ်သတ်ပြီး” ကျနော်တို့ဆရာပြောတာက မိုးလုံလေလုံဆိုတာက အများသုံးခန်းမမို့လို့ အဆင်မပြေဘူးလေ။ စားဝတ်နေရေးကတော့ အစိုးရအဖွဲ့ရုံးက ထောက်ပံတာနဲ့ အဲ့လိုဘဲ လည်ပတ်နေတယ်။” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အမ်းမြို့နယ် ဒလက်နဲ့ မဲလက်မောင်းကျေးရွာဖက်က ပိုများပြီး ဒါးလက်ဟောင်း၊ ကဇုကိုင်းကျေရွာအုပ်စု အုန်းနီချောင်းကျေးရွာ၊ ဖရုံချောင်းကျေးရွာ၊ ဆင်ဦးတိုက်ကျေးရွာ၊ ကဇုကိုင်းကျေးရွာနဲ့ ဆင်တိုးချေရွာတွေကဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမ်းကစစ်ပွဲရှောင်

Zawgyi

အမ္းက တိုက္ပြဲေ႐ွာင္ေတြ အစိုးရကေဆာက္ေပးတဲ႔ ဒုကၡသည္စခန္းကို ေျပာင္းေရြ႕

အမ္း၊ ေဖေဖာ္ဝါရီ ၂၀- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕မွာ ေရာက္႐ွိေနတဲ႔ တိုက္ပြဲေ႐ွာင္ဒုကၡသည္ေတြကို႔ ၿမိဳ႕မအားကစားရံုကေန အမွတ္ (၅) ရပ္ကြက္အနီး ကြင္းျပင္တစ္ခုမွာ အစိုးရကေဆာက္ေပးတဲ႔ ဒုကၡသည္စခန္းကိုု မေန႔ ေဖေဖာ္ဝါရီလ ၁၉ ရက္ မနက္ပိုင္းက စတင္ေျပာင္ေရြ႔ေနေၾကာင္း သတင္းရ႐ွိပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ အတြင္းက အမ္းၿမိဳ႕ေပၚမွာ အစိုးရကတရားဝင္ဖြင့္လွစ္ထားတဲ႔ စခန္းမ႐ွိတာေၾကာင့္ ေဆြမ်ိဳးေတြအိမ္နဲ႔ သီးသန္႔အိမ္ငွါးၿပီးေနေနရတာေၾကာင့္ အစိုးရက တရားဝင္ဖြင့္လွစ္ေပးတာလို႔ သိရပါတယ္။

အမ္းၿမိဳ႕မ အားကစားရံုကေန အခုလိုေျပာင္းေရြ႔တာဟာ လူငယ္အားကစားသမားေတြ ေလ့က်င့္ေရးအတြက္အဆင္ေျပေရးနဲ႔ ဒုကၡသည္ေတြအတြက္ ယာယီစခန္းတစ္ခု ေဆာက္ေပးျခင္းအားျဖင့္ လြတ္လပ္စြာနဲ႔ေနထိုင္ ႏိုင္ေရးျဖစ္တယ္လို႔ အမ္းၿမိဳ႕ ကယ္ဆယ္ေရးလုပ္ေပးသူ တစ္ဦးကေျပာပါတယ္။

” အဲ့ဒီ ယာယီစစ္ေ႐ွာင္စခန္းက ပဲပဒံုတံတားအနီးမွာ ေဆာက္တာ။ အစိုးရက တရားဝင္ခြင့္ျပဳခ်က္နဲ႔ ေဆာက္ထားတာပါ။ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ပံပိုးမႈနဲ႔ ယာယီေနထိုင္ဖို႔ေတာ့ အဆင္ေျပတယ္။ မိုးေတြ ေလေတြလာရင္ေတာ့ ဒီအေနအထားနဲ႔အဆင္ မေျပဘူးေပါ့။” လို႔ ကယ္ဆယ္ေရးလုပ္ေနသူက ေျပာပါတယ္။

စားဝတ္ေနေရးေတြကို အရပ္ဖက္အဖြဲ႔ေတြ၊ အျခားအလွဴ႐ွင္ေတြနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြဆီက အကူအညီေတြေၾကာင့္ အဆင္ေျပမႈ႐ွိတယ္လို႔ သူကေျပာပါတယ္။

အမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရံုးက ဝန္ထမ္းတစ္ဦးက တိုက္ပြဲေ႐ွာင္ေတြအခုလို ေနရာေျပာင္းေရြ႔တာနဲ႔ပတ္သတ္ၿပီး” က်ေနာ္တို႔ဆရာေျပာတာက မိုးလံုေလလံုဆိုတာက အမ်ားသံုးခန္းမမို႔လို႔ အဆင္မေျပဘူးေလ။ စားဝတ္ေနေရးကေတာ့ အစိုးရအဖြဲ႔ရံုးက ေထာက္ပံတာနဲ႔ အဲ့လိုဘဲ လည္ပတ္ေနတယ္။” လို႔ ေျပာပါတယ္။

အဲ့ဒီ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြဟာ အမ္းၿမိဳ႕နယ္ ဒလက္နဲ႔ မဲလက္ေမာင္းေက်းရြာဖက္က ပိုမ်ားၿပီး ဒါးလက္ေဟာင္း၊ ကဇုကိုင္းေက်ရြာအုပ္စု အုန္းနီေခ်ာင္းေက်းရြာ၊ ဖရံုေခ်ာင္းေက်းရြာ၊ ဆင္ဦးတိုက္ေက်းရြာ၊ ကဇုကိုင္းေက်းရြာနဲ႔ ဆင္တိုးေခ်ရြာေတြကျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #အမ္းကစစ္ပြဲေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW