ရန်ကုန်လေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့

ရန်ကုန်လေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

၂၀၁၉ခုနှစ် အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီဇာအမျိုးမျိုးနဲ့ တရုတ်နိုင်ငံသား အများဆုံးဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး လှိုင်သာယာမဲဆန္ဒနယ်အမှတ်(၁) မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာနေထိုင်လျက်ရှိသော နိုင်ငံခြားသား ဦးရေမည်မျှရှိပြီး မည်သည့်နိုင်ငံမှ အများဆုံးဖြစ်သည်ကို သိရှိလိုပါကြောင်း၊ လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလရှည်ကြာစွာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာစွာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများ အရေအတွက်နှင့် မြေပြင်ပကတိရှိ အရေအတွက်အနီးစပ်ဆုံး စာရင်းကောက်ယူမှုများကို မည်ကဲ့သို့ဆောင်ရွက်နေ/ ဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုပါကြောင်း” မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

“ ၂၀၁၉ ခုနှစ်အတွင်း ဗီဇာ(၁၄)မျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသား စုစုပေါင်း (၁၃၂၃၉၉၄)ဦးရှိခဲ့ပြီး၊ ဝင်ရောက်မှုအများဆုံးမှာ ကမ္ဘာလှည့်ဗီဇာနဲ့ (၆၂၄၀၀၇)ဦး၊ လုပ်ငန်းဗီဇာနဲ့ (၁၉၅၁၄၁) ဦး၊ လူမှုရေးဗီဇာနဲ့ (၂၅၇၇၉)ဦးတို့ ဖြစ်ပါတယ်။ ဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနက် အများဆုံးဝင်ရောက်တဲ့ နိုင်ငံခြားသားမှာ တရုတ်လူမျိုးများဖြစ်ပြီး စုစုပေါင်း(၃၄၄၂၇၀)ဦး ရှိပါတယ်လို့ ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုထားတဲ့ဗီဇာ(၁၄) မျိုးအနက် သံတမန်/သံအဖွဲ့ဝင်ဗီဇာ၊ ကမ္ဘာလှည့် ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ စာနယ်ဇင်း/မီဒီယာဗီဇာ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ၊ အလုပ်သမားဗီဇာစတဲ့ ဗီဇာအမျိုးအစား(၆)မျိုးအား နေခွင့်သက်တမ်းတိုးမြှင့်ပေးခြင်းမရှိဘဲ လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ ပညာရေးဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာ၊ သံတမန်ရဲ့ ဧည့်သည်များဗီဇာ၊ သံတမန်မဟုတ်တဲ့ သံရုံးဝန်ထမ်းများနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ပြည်ဝင်ဗီဇာစတဲ့ ဗီဇာအမျိုးအစား(၈)မျိုးကို နေခွင့်သက်တမ်းတိုးတစ်ကြိမ်နဲ့ အကြိမ်ကြိမ်နေထိုင်ခွင့် ခွင့်ပြုထားရှိပြီး အများဆုံးနေထိုင်ခွင့်သက်တမ်းမှာ(၁)နှစ်အထိဖြစ်ပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။

သံတမန်/သံအဖွဲ့ဝင်တွေရဲ့ ဗီဇာကိုမူ တာဝန်ပြီးဆုံးတဲ့ ကာလအထိ နေထိုင်ခွင့် ခွင့်ပြုထားပြီး ပြည်ဝင်ဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံအတွင်း ရက်ပေါင်း(၉၀)ကျော်နေထိုင်မယ်ဆိုပါက နိုင်ငံခြားသားတွေက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေအရ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကို လျှောက်ထား ကိုင်ဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားသားတွေ မြန်မာနိုင်ငံအတွင်း ကာလကြာရှည်စွာ နေထိုင်အလုပ်လုပ် ကိုင်နိုင်ဖို့အတွက် နိုင်ငံခြားသားများအမြဲနေထိုင်ခွင့်(PR)ဆိုင်ရာနည်းဥပဒေကို (၁၈-၁၁-၂၀၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၄) ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM # ရန်ကုန်လေဆိပ် #ဗီဇာ

Zawgyi

ရန္ကုန္ေလဆိပ္မွ ဗီဇာအမ်ိဳးမ်ိဳးနဲ႔ တ႐ုတ္ႏိုင္ငံသား အမ်ားဆုံးဝင္ေရာက္ခဲ့

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

၂၀၁၉ခုႏွစ္ အတြင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ဗီဇာအမ်ိဳးမ်ိဳးနဲ႔ တ႐ုတ္ႏိုင္ငံသား အမ်ားဆုံးဝင္ေရာက္ခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ မနက္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို ေခၚယူက်င္းပခဲ့ၿပီး လႈိင္သာယာမဲဆႏၵနယ္အမွတ္(၁) မွ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကာလရွည္ၾကာေနထိုင္လ်က္ရွိေသာ ႏိုင္ငံျခားသား ဦးေရမည္မွ်ရွိၿပီး မည္သည့္ႏိုင္ငံမွ အမ်ားဆုံးျဖစ္သည္ကို သိရွိလိုပါေၾကာင္း၊ လႈိင္သာယာၿမိဳ႕နယ္ အပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကလရွည္ၾကာစြာ ေနထိုင္လ်က္ရွိေသာ ႏိုင္ငံျခားသားမ်ားႏွင့္ စပ္လ်ဥ္း၍ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စနစ္တက်စိစစ္ေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ/မရွိႏွင့္ လႈိင္သာယာၿမိဳ႕နယ္ အပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကာလရွည္ၾကာစြာ ေနထိုင္လ်က္ရွိေသာ ႏိုင္ငံျခားသားမ်ား အေရအတြက္ႏွင့္ ေျမျပင္ပကတိရွိ အေရအတြက္အနီးစပ္ဆုံး စာရင္းေကာက္ယူမႈမ်ားကို မည္ကဲ့သို႔ေဆာင္႐ြက္ေန/ ေဆာင္႐ြက္ရန္ရွိသည္ကို သိရွိလိုပါေၾကာင္း” ေမးျမန္းရာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

“ ၂၀၁၉ ခုႏွစ္အတြင္း ဗီဇာ(၁၄)မ်ိဳးနဲ႔ ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသား စုစုေပါင္း (၁၃၂၃၉၉၄)ဦးရွိခဲ့ၿပီး၊ ဝင္ေရာက္မႈအမ်ားဆုံးမွာ ကမာၻလွည့္ဗီဇာနဲ႔ (၆၂၄၀၀၇)ဦး၊ လုပ္ငန္းဗီဇာနဲ႔ (၁၉၅၁၄၁) ဦး၊ လူမႈေရးဗီဇာနဲ႔ (၂၅၇၇၉)ဦးတို႔ ျဖစ္ပါတယ္။ ဗီဇာအမ်ိဳးမ်ိဳးနဲ႔ ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြအနက္ အမ်ားဆုံးဝင္ေရာက္တဲ့ ႏိုင္ငံျခားသားမွာ တ႐ုတ္လူမ်ိဳးမ်ားျဖစ္ၿပီး စုစုေပါင္း(၃၄၄၂၇၀)ဦး ရွိပါတယ္လို႔ ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ျပဳထားတဲ့ဗီဇာ(၁၄) မ်ိဳးအနက္ သံတမန္/သံအဖြဲ႕ဝင္ဗီဇာ၊ ကမာၻလွည့္ ဗီဇာ၊ ျဖတ္သန္းဗီဇာ၊ စာနယ္ဇင္း/မီဒီယာဗီဇာ၊ အလုပ္႐ုံ/ေဆြးေႏြးပြဲ/အစည္းအေဝး/သုေတသနဗီဇာ၊ အလုပ္သမားဗီဇာစတဲ့ ဗီဇာအမ်ိဳးအစား(၆)မ်ိဳးအား ေနခြင့္သက္တမ္းတိုးျမႇင့္ေပးျခင္းမရွိဘဲ လုပ္ငန္းဗီဇာ၊ လူမႈေရးဗီဇာ၊ သာသနာေရးဗီဇာ၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဗီဇာ၊ ပညာေရးဗီဇာ၊ ယာဥ္အမႈထမ္းဗီဇာ၊ သံတမန္ရဲ႕ ဧည့္သည္မ်ားဗီဇာ၊ သံတမန္မဟုတ္တဲ့ သံ႐ုံးဝန္ထမ္းမ်ားနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြအတြက္ ျပည္ဝင္ဗီဇာစတဲ့ ဗီဇာအမ်ိဳးအစား(၈)မ်ိဳးကို ေနခြင့္သက္တမ္းတိုးတစ္ႀကိမ္နဲ႔ အႀကိမ္ႀကိမ္ေနထိုင္ခြင့္ ခြင့္ျပဳထားရွိၿပီး အမ်ားဆုံးေနထိုင္ခြင့္သက္တမ္းမွာ(၁)ႏွစ္အထိျဖစ္ပါတယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

သံတမန္/သံအဖြဲ႕ဝင္ေတြရဲ႕ ဗီဇာကိုမူ တာဝန္ၿပီးဆုံးတဲ့ ကာလအထိ ေနထိုင္ခြင့္ ခြင့္ျပဳထားၿပီး ျပည္ဝင္ဗီဇာအမ်ိဳးမ်ိဳးနဲ႔ ဝင္ေရာက္လာၿပီး ျမန္မာႏိုင္ငံအတြင္း ရက္ေပါင္း(၉၀)ေက်ာ္ေနထိုင္မယ္ဆိုပါက ႏိုင္ငံျခားသားေတြက ႏိုင္ငံျခားသားမ်ား မွတ္ပုံတင္ေရးအက္ဥပေဒအရ ႏိုင္ငံျခားသားမွတ္ပုံတင္လက္မွတ္ကို ေလွ်ာက္ထား ကိုင္ေဆာင္ရမွာျဖစ္ၿပီး ႏိုင္ငံျခားသားေတြ ျမန္မာႏိုင္ငံအတြင္း ကာလၾကာရွည္စြာ ေနထိုင္အလုပ္လုပ္ ကိုင္ႏိုင္ဖို႔အတြက္ ႏိုင္ငံျခားသားမ်ားအၿမဲေနထိုင္ခြင့္(PR)ဆိုင္ရာနည္းဥပေဒကို (၁၈-၁၁-၂၀၁၄) ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္(၁/၂၀၁၄) ျပ႒ာန္းထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM # ရန္ကုန္ေလဆိပ္ #ဗီဇာ

Related posts

Leave a Comment

VOM News

FREE
VIEW