တပ်မတော်နဲ့ KNU တွေ့ဆုံ

တပ်မတော်နဲ့ KNU တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ တပ်မတော်တို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ KNU ဘက်က ဒီနေ့ နံနက်အစောပိုင်းက သတင်းထုတ်ပြန်ပါတယ်။

“နှစ်ဖက်တပ်များ၏ ညှိနှိုင်းအစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် အခြေခံမူအရ၊ ဆက်လက်ဆွေးနွေးရန် လုပ်ငန်းစဉ်အနေဖြင့် သဘောတူညီချက် ရရှိခဲ့ပါသည်”လို့ KNU က ထုတ်ပြန်ချက်ကတစ်ဆင့် ပြောဆိုပါတယ်။

လတ်တလောအခြေအနေများနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာမှာ ဒေသခံပြည်သူလူထုတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကားလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို KNU အနေနဲ့ အလေးထားပြီး တင်းမာမှုတွေ လျော့ပါးသွားစေဖို့ နဲ့ တည်ငြိမ်တဲ့ အနေအထားတစ်ရပ် ဖြစ်ပေါ်လာစေဖို့အတွက် ရှေ့ဆက်နည်းလမ်းရှာကြိုးစားသွားမှာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ရှောင်ရှားနိုင်ဖို့နဲ့ လျော့နည်းသွားစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ့် သဘောထားတွေလည်း ရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒီတွေ့ဆုံမှုမှာ KNU ဘက်က ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ စစ်ဦးစီးပထမတန်းဗိုလ်မှူးချုပ်စောတာမလာ‌သော၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောအယ်ကလူစေး၊ တပ်မဟာမှူး၊ တပ်မဟာ (၁)ဗိုလ်မှူးချုပ်စောပလေ့၊ တပ်မဟာမှူး၊ တပ်မဟာ( ၂ )ဗိုလ်မှူးချုပ်စောအယ်မေစေး၊စစ်ဆင်ရေးမှူးတပ်မဟာ (၄)ဗိုလ်မှူးကြီးစောအယ်မေစေး၊ ဗိုလ်မှူးစောတာမူလာ (Protocol Officer) နဲ့ နည်းပညာအထောက်အကူပြုတွေ၊ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး တပ်မတော်ဘက်မှ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်မျိုးဝင်းနဲ့ ဗိုလ်မှူးကြီးမင်းဟိန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ KNU

#voiceofmyanmar #VOM #KNU #တပ်မတော်နဲ့တွေ့ဆုံ

Zawgyi

တပ္မေတာ္နဲ႔ KNU ေတြ႕ဆုံ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) နဲ႔ တပ္မေတာ္တို႔ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္ရွိ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၊ ေပါင္းေလာင္းရိပ္သာမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ KNU ဘက္က ဒီေန႔ နံနက္အေစာပိုင္းက သတင္းထုတ္ျပန္ပါတယ္။

“ႏွစ္ဖက္တပ္မ်ား၏ ညႇိႏႈိင္းအစည္းအေဝးတြင္ အပစ္အခတ္ရပ္စဲေရး ခိုင္မာေစရန္အတြက္ အေျခခံမူအရ၊ ဆက္လက္ေဆြးေႏြးရန္ လုပ္ငန္းစဥ္အေနျဖင့္ သေဘာတူညီခ်က္ ရရွိခဲ့ပါသည္”လို႔ KNU က ထုတ္ျပန္ခ်က္ကတစ္ဆင့္ ေျပာဆိုပါတယ္။

လတ္တေလာအေျခအေနမ်ားနဲ႔ပတ္သက္ၿပီး ေဆြးေႏြးညႇိႏႈိင္းရာမွာ ေဒသခံျပည္သူလူထုေတြ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ကားလမ္းေဖာက္လုပ္မႈနဲ႔ပတ္သက္ၿပီး ေဒသခံျပည္သူလူထုေတြရဲ႕ စိုးရိမ္ေၾကာင့္ၾကမႈေတြကို KNU အေနနဲ႔ အေလးထားၿပီး တင္းမာမႈေတြ ေလ်ာ့ပါးသြားေစဖို႔ နဲ႔ တည္ၿငိမ္တဲ့ အေနအထားတစ္ရပ္ ျဖစ္ေပၚလာေစဖို႔အတြက္ ေရွ႕ဆက္နည္းလမ္းရွာႀကိဳးစားသြားမွာျဖစ္ၿပီး ထိပ္တိုက္ရင္ဆိုင္ထိေတြ႕မႈေတြ ေရွာင္ရွားႏိုင္ဖို႔နဲ႔ ေလ်ာ့နည္းသြားေစဖို႔ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ့္ သေဘာထားေတြလည္း ရရွိခဲ့တယ္လို႔ KNU က ဆိုပါတယ္။

ဒီေတြ႕ဆုံမႈမွာ KNU ဘက္က ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္း ဦးေဆာင္ၿပီး အေထြေထြအတြင္းေရးမႉးခ်ဳပ္ ပဒိုေစာတာဒိုမႉး၊ ဗဟိုအၿမဲတမ္းေကာ္မတီဝင္ ပဒိုေစာဆဲေဂ၊ စစ္ဦးစီးပထမတန္းဗိုလ္မႉးခ်ဳပ္ေစာတာမလာ‌ေသာ၊ ဗဟိုအၿမဲတမ္းေကာ္မတီဝင္ ပဒိုေစာအယ္ကလူေစး၊ တပ္မဟာမႉး၊ တပ္မဟာ (၁)ဗိုလ္မႉးခ်ဳပ္ေစာပေလ့၊ တပ္မဟာမႉး၊ တပ္မဟာ( ၂ )ဗိုလ္မႉးခ်ဳပ္ေစာအယ္ေမေစး၊စစ္ဆင္ေရးမႉးတပ္မဟာ (၄)ဗိုလ္မႉးႀကီးေစာအယ္ေမေစး၊ ဗိုလ္မႉးေစာတာမူလာ (Protocol Officer) နဲ႔ နည္းပညာအေထာက္အကူျပဳေတြ၊ ႐ုံးအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၾကၿပီး တပ္မေတာ္ဘက္မွ ညႇိႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႕တြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးတင္ေမာင္ဝင္း၊ ဗိုလ္ခ်ဳပ္မ်ိဳးဝင္းနဲ႔ ဗိုလ္မႉးႀကီးမင္းဟိန္းတို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ဓါတ္ပံု KNU

#voiceofmyanmar #VOM #KNU #တပ္မေတာ္နဲ႕ေတြ႕ဆံု

Related posts

Leave a Comment

VOM News

FREE
VIEW