စစ်တွေကိုရောက်နေတဲ့ ရသေ့တောင်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးလိုအပ်ချက်ရှိ

စစ်တွေကိုရောက်နေတဲ့ ရသေ့တောင်က စစ်ဘေးရှောင်တွေ စားဝတ်နေရေးလိုအပ်ချက်ရှိ

စစ်တွေ၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာက စစ်ဘေးဒုက္ခသည်တွေဟာ မနေ့ဖေဖော်ဝါရီ၂၀ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ကို အောင်တံခွန် (၂) သဘောၤနဲ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည် ၆၀ ကျော်လောက်ဟာ ရသေ့တောင်မြို့ပေါ်နဲ့ သည်ကန်ခွဆုံကျေးရွာ ဖက်ကအများဆုံးဖြစ်ပြီး တိုက်ပွဲတွေကြောင့် ကျေးရွာတွင်း နေအိမ်တွေမီးရှိူ့ခံရတဲ့အတွက် ထွက်ပြေလာကြကာ ရသေ့တောင်မှာ ရက်ပေါင်း ၂၀ လောက် နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

” ရွာမှာလည်းမနေရဘူး။ ဟိုပြေးဒီပြေးနဲ့ သွားဖို့လာဖို့လည်း အဆင်မပြေဘူး။ ပစ်ဆံလည်းမရှိတော့ဘူး။ တိုက်ပွဲကျလို့ လမ်းမှာကင်းပုန်းလည်း ဝပ်ခဲ့ရပါတယ်။ ထွက်ပြေးတာက ညည့် ၁ နာရီလောက်မှာ အုန်းချောင်းရွာကိုပြေးတယ်။ ပြီးတော့ ကျောက်ပြင်ဆိပ်၊ အဲ့ဒီကတစ်ဆင့် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ကို ပြေးရတယ်။” လို့ နေအိမ်တွေမီးရှိူ့ခံရတဲ့ သမီးလှရွာက ထွက်ပြေးလာသူ ဒေါ်မမယေက ပြောပါတယ်။

ယခုလက်ရှိမှာ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲသံတွေမကြားဘဲ တိတ်ဆိတ်နေပေမယ့် စစ်ဘေးရှောင်တွေဟာ ရသေ့တောင်မြို့ပေါ်မှာ ၇၀၀၀ လောက်ရှိတဲ့အတွက် မိမိတို့နေရပ်ကို ပြန်မသွားရဲတော့ပဲ စားဝတ်နေရေးနဲ့ လုံခြုံမယ့်နေရာ စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

” စစ်သားတွေက ရွာတွေကိုဖြိုတယ်။ အိမ်တွေကိုမီးတိုက်တယ်။ ဒါကြောင့် ရွာကိုမသွားရဲတော့ဘဲ ဒီကိုပြေးလာတာ။ ရွာနဲ့အနီးကလည်း ဇက်တွေ၊နေဗီတွေရှိပါတယ်။ ရွာကိုမသွားရဲတော့ဘူး။ စပါးကျီတွေလည်း အားလုံးဖောက်ပစ်ခဲ့တယ်။ ဆန်တွေလည်း အကုန်ဖျက်ဆီးပစ်ခဲ့တယ်။” လို့ သမီးလှကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည် ဒေါ်မမြဝေက VOMကိုပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ လသားအရွယ်ကလေးတွေနဲ့ သက်ကြီးပိုင်အရွယ်ဘိုးဘွား တွေလည်းပါဝင် ပါတယ်။

မနေ့က ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရတာဖြစ်ပြီး စားဝတ်နေရေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #သမီးလှကျေးရွာစစ်ဘေးရှောင် #စားဝတ်နေရေးလိုအပ်

Zawgyi

စစ္ေတြကိုေရာက္ေနတဲ့ ရေသ့ေတာင္က စစ္ေဘးေ႐ွာင္ေတြ စားဝတ္ေနေရးလိုအပ္ခ်က္႐ွိ

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ သမီးလွေက်းရြာက စစ္ေဘးဒုကၡသည္ေတြဟာ မေန႔ေဖေဖာ္ဝါရီ၂၀ ရက္ေန႔ ညေနပိုင္းက စစ္ေတြၿမိဳ႕ကို ေအာင္တံခြန္ (၂) သေဘာၤနဲ႔ ေရာက္႐ွိလာၾကတာျဖစ္ပါတယ္။

စစ္ေဘးေ႐ွာင္ဒုကၡသည္ ၆၀ ေက်ာ္ေလာက္ဟာ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ သည္ကန္ခြဆံုေက်းရြာ ဖက္ကအမ်ားဆံုးျဖစ္ၿပီး တိုက္ပြဲေတြေၾကာင့္ ေက်းရြာတြင္း ေနအိမ္ေတြမီးရိႉ႕ခံရတဲ့အတြက္ ထြက္ေျပလာၾကကာ ရေသ့ေတာင္မွာ ရက္ေပါင္း ၂၀ ေလာက္ ေနထိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

” ရြာမွာလည္းမေနရဘူး။ ဟိုေျပးဒီေျပးနဲ႔ သြားဖို႔လာဖို႔လည္း အဆင္မေျပဘူး။ ပစ္ဆံလည္းမ႐ွိေတာ့ဘူး။ တိုက္ပြဲက်လို႔ လမ္းမွာကင္းပုန္းလည္း ဝပ္ခဲ႔ရပါတယ္။ ထြက္ေျပးတာက ညည့္ ၁ နာရီေလာက္မွာ အုန္းေခ်ာင္းရြာကိုေျပးတယ္။ ၿပီးေတာ့ ေက်ာက္ျပင္ဆိပ္၊ အဲ့ဒီကတစ္ဆင့္ ရေသ့ေတာင္ၿမိဳ႕ ေတာင္ရင္းတန္းရပ္ကြက္ကို ေျပးရတယ္။” လို႔ ေနအိမ္ေတြမီးရိႉ႕ခံရတဲ့ သမီးလွရြာက ထြက္ေျပးလာသူ ေဒၚမမေယက ေျပာပါတယ္။

ယခုလက္႐ွိမွာ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲသံေတြမၾကားဘဲ တိတ္ဆိတ္ေနေပမယ့္ စစ္ေဘးေ႐ွာင္ေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ၇၀၀၀ ေလာက္႐ွိတဲ့အတြက္ မိမိတို႔ေနရပ္ကို ျပန္မသြားရဲေတာ့ပဲ စားဝတ္ေနေရးနဲ႔ လံုျခံဳမယ့္ေနရာ စစ္ေတြၿမိဳ႕ေပၚကို ထြက္ေျပးလာၾကတာျဖစ္တယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။

” စစ္သားေတြက ရြာေတြကိုၿဖိဳတယ္။ အိမ္ေတြကိုမီးတိုက္တယ္။ ဒါေၾကာင့္ ရြာကိုမသြားရဲေတာ့ဘဲ ဒီကိုေျပးလာတာ။ ရြာနဲ႔အနီးကလည္း ဇက္ေတြ၊ေနဗီေတြ႐ွိပါတယ္။ ရြာကိုမသြားရဲေတာ့ဘူး။ စပါးက်ီေတြလည္း အားလံုးေဖာက္ပစ္ခဲ့တယ္။ ဆန္ေတြလည္း အကုန္ဖ်က္ဆီးပစ္ခဲ႔တယ္။” လို႔ သမီးလွေက်းရြာက စစ္ေဘးေ႐ွာင္ဒုကၡသည္ ေဒၚမျမေဝက VOMကိုေျပာပါတယ္။

အဲ႔ဒီစစ္ေဘးေ႐ွာင္ေတြထဲမွာ လသားအရြယ္ကေလးေတြနဲ႔ သက္ႀကီးပိုင္အရြယ္ဘိုးဘြား ေတြလည္းပါဝင္ ပါတယ္။

မေန႔က ေရာက္႐ွိလာတဲ႔ စစ္ေဘးေ႐ွာင္ေတြကို စစ္ေတြၿမိဳ႕ေပၚ႐ွိ ဘုန္းႀကီးေက်ာင္းေတြမွာ ေနထိုင္ေနရတာျဖစ္ၿပီး စားဝတ္ေနေရးလိုအပ္ခ်က္ေတြလည္း ႐ွိေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #သမီးလွေက်းရြာစစ္ေဘးေရွာင္ #စားဝတ္ေနေရးလုိအပ္

Related posts

Leave a Comment

VOM News

FREE
VIEW